ကိုယ်ဝန်ဆောင်တွေ မင်းကွတ်သီး စားသင့်ပါသလား

ကိုယ်ဝန်ဆောင်ကာလမှာ မင်းကွတ်သီးကို အန္တရာယ်ကင်းစွာ စားသုံးနိုင်ပါတယ်။ မင်းကွတ်သီးမှာ ပါဝင်တဲ့ သတ္တုဓာတ်၊ ဗီတာမင်နဲ့ ဖောလိတ်တွေက သန္ဓေသား ကြီးထွားမှုဖြစ်စဉ်ကို အားပေးကူညီပြီး သန္ဓေသားမှာ မွေးရာပါ ချို့ယွင်းချက်တွေ မဖြစ်အောင် ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်အတွက် အောက်ပါအကျိုးကျေးဇူးတွေ လည်း ရှိပါတယ်။

♦ သန္ဓေသားတွင် မွေးရာပါ ချို့ ယွင်းချက်ဖြစ်နိုင်ခြေ လျော့နည်း ခြင်း
မင်းကွတ်သီးမှာ ဖောလိတ်တွေ များစွာ ပါဝင်ပါတယ်။ ခွက်တစ်ခွက်စာ မင်းကွတ်သီးမှာ ဖောလိတ် ၆၁ မိုက်ခရို ဂရမ်အထိ ပါဝင်နိုင်ပါတယ်။ ဖောလိတ် ဟာ ကလေးမှာ မွေးရာပါ ချို့ယွင်းချက် မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

♦ သန္ဓေသားကြီးထွားမှုကို ကူညီ နိုင်ခြင်း
မင်းကွတ်သီးမှာ များစွာပါဝင်တဲ့ မဂ္ဂနိစ်တွေဟာ သန္ဓေသားရဲ့ အရိုးနဲ့ အရိုးနု ကြီးထွားမှုဖြစ်စဉ်အတွက် အလွန် အသုံးဝင်ပါတယ်။ ဒါ့အပြင် သန္ဓေသား ဖွံ့ဖြိုးမှုအတွက်လည်း ကူညီပေးနိုင်ပါတယ်။ ဖန်ခွက်တစ်ခွက်စာ မင်းကွတ်သီး ဖျော်ရည်မှာ မဂ္ဂနိစ် ၀.၂ မီလီဂရမ်အထိ ပါဝင်ပါတယ်။ မင်းကွတ်သီးရဲ့ ဓာတ်တိုး ဆန့်ကျင်နိုင်တဲ့ ဂုဏ်သတ္တိက သန္ဓေသားမှာ ဆဲလ်ပျက်စီးမှုမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

♦ ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင် ခြင်း
မင်းကွတ်သီးမှာ ပါဝင်တဲ့ များစွာ သော ဗီတာမင် စီ တွေက သန္ဓေသား ကျန်းမာရေးအတွက် အလွန်အရေးပါ ပါတယ်။ ခွက်တစ်ခွက်စာ မင်းကွတ်သီး မှာ ဗီတာမင် စီ ၅.၇ မီလီဂရမ်အထိ ပါဝင်နိုင်ပါတယ်။ ဗီတာမင် စီ ဟာ ခုခံ အားစနစ်ကို မြှင့်တင်ပေးနိုင်ရုံသာမက ကိုယ်ဝန်ဆောင်ကာလအတွင်း သန္ဓေသားအတွင်း ရောဂါပိုးဝင်ရောက်နိုင်ခြေ ကိုပါ လျှော့ချပေးနိုင်ပါတယ်။
ဒါ့အပြင် ဗီတာမင် စီ ဟာ ခန္ဓာကိုယ်အတွင်း ကော်လာဂျင်ထုတ်လုပ်မှု ကို ကောင်းမွန်စေနိုင်တဲ့အတွက် အသားအရေ တင်းရင်းချောမွေ့စေနိုင်ပါတယ်။ ကလေးငယ်အမြန်ကြီးထွားတဲ့အခါမှာ လည်း အသားအရေကွဲအက်တာမဖြစ် အောင် ကာကွယ်ပေးနိုင်ပါတယ်။

♦ ကင်ဆာရောဂါကို ကာကွယ်နိုင် ခြင်း
မင်းကွတ်သီးအခွံမှာ ပါဝင်တဲ့ ဇမ်သွန်းတွေက ကင်ဆာကို ထိထိရောက် ရောက်တွန်းလှန်နိုင်ပါတယ်။ ဇမ်သွန်းဟာ ကိုယ်ဝန်ဆောင်ကာလမှာ ကင်ဆာဆဲလ်တွေရဲ့ ကြီးထွားမှုကို တားမြစ်ပေး နိုင်ပါတယ်။

♦ ဆီးချိုရောဂါကို ထိန်းချုပ်နိုင် ခြင်း
မင်းကွတ်သီးဖျော်ရည်ဟာ ကိုယ်ဝန်ဆောင်ဆီးချိုဝေဒနာရှင်တွေအတွက် သဘာဝကုထုံတစ်မျိုးဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ မင်းကွတ်သီးစား သုံးတာက သွေးတွင်းသကြားဓာတ်ကို ထိထိရောက်ရောက်ထိန်းချုပ်ပေးနိုင်ပြီး ကိုယ်ဝန်ဆောင်စဉ်ဖြစ်တဲ့ ဆီးချိုရောဂါ ရဲ့ ဆိုးကျိုးကနေ ကာကွယ်ပေးနိုင်ပါ တယ်။

♦ ၀မ်းချုပ်မှုကို ကာကွယ်နိုင်ခြင်း
ခွက်တစ်ခွက်စာ မင်းကွတ်သီးမှာ အမျှင်ဓာတ် ၃.၅ ဂရမ်ပါဝင်တဲ့အတွက် ၀မ်းပျော့စေတဲ့ ဂုဏ်သတ္တိရှိပါတယ်။ ဒါ့အပြင် မင်းကွတ်သီးမှာ ပါဝင်တဲ့ အမျှင်ဓာတ်တွေက ကိုယ်ဝန်ဆိပ်တက်ရောဂါ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။

 

♥ ဒေါက်တာခင်မိုးမိုး

Good Health Journal

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *