စိုးရိမ်ထိတ်လန့်ကြောက်ရွံ့တာ၊ စိတ်ပူပန်တာတွေဟာ လူကြီးတွေမှာပဲ ဖြစ်တာမဟုတ်ပါဘူး။ ကလေးအသက် အရွယ်တိုင်းမှာ သူ့အရွယ်အလိုက် စိုးရိမ် စရာကိစ္စတွေဆိုတာရှိနေပါတယ်။ သင့် ကလေးမှာ စိတ်လှုပ်ရှားမှုရှိနေတာကို သိနိုင်တဲ့အချက်တွေက –
– မိဘတွေနဲ့ခေတ္တခဏခွဲခွာရတာကို အ လွန်အမင်းကြောက်ရွံ့တာ (Separation anxiety)
– Phobias လို့ခေါ်တဲ့ အကြောင်းအရာ၊ အခြေအနေတစ်ခုကို ကြောက်တာ (ဥပမာ – တိရစ္ဆာန်တစ်ခုခုကိုကြောက် တာ၊ ဆရာဝန်ဆီသွားရမှာ ကြောက် တာ)
– မဖြစ်လာသေးတဲ့ အနာဂတ်ကို ကြို တွေးပြီးကြောက်တာ၊ မကောင်းတာ တစ်ခုခုဖြစ်လာမှာကို ကြိုတွေးပြီး ကြောက်တာ
– Social anxiety လို့ခေါ်တဲ့ သူစိမ်း တွေရှိတဲ့နေရာသွားရမှာ ကြောက်တာ (ဥပမာ – ကျောင်းသွားရမှာကြောက် တာ၊ လူအများရှိတဲ့နေရာ သွားရမှာ ကြောက်တာ)
– Panic Disorder လို့ ခေါ်တဲ့ ရုတ်တ ရက် မျှော်လင့်မထားတဲ့အချိန်မှာ အ ပြင်းအထန် စိုးရိမ်ထိတ်လန့်မှုပြတာ (နှလုံးခုန်အရမ်းမြန်တာ၊ အသက်ရှူရ ခက်တာ၊ ခေါင်းမူးတာ၊ တုန်နေတာ၊ ချွေးပြန်တာ)
စိုးရိမ်ထိတ်လန့်မှုက ကလေးတွေရဲ့ စိတ်ခံစားမှုကို မကောင်းစေပါဘူး။ ဒါကို ကလေးက ကောင်းကောင်း မကိုင်တွယ် တတ်တဲ့အခါ ဒေါသထွက်တာ၊ ညဘက် ကောင်းကောင်းအိပ်မပျော်တာ၊ နုံးချည့် တာ၊ ဗိုက်အောင့်တာ၊ ခေါင်းကိုက်တာ တွေဖြစ်လာစေပါတယ်။
ဒီအတွက် ကလေးမှာ စိတ်လှုပ်ရှား မှုဖြစ်တာသတိထားမိရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ Healthy Lifestyle ဖြစ် အောင် ဖန်တီးပေးဖို့ လိုပါတယ်။ အာ ဟာရပြည့်ဝအောင် ကျန်းမာရေးနဲ့ညီ ညွတ်တဲ့ အစားအစာတွေ စုံလင်အောင် ကျွေးပါ။ ကိုယ်လက်လှုပ်ရှားရှိအောင် က စားပါ၊ တီဗီထိုင်ကြည့်နေတာ၊ ဂိမ်းထိုင် ဆော့နေတာမဖြစ်အောင် ထိန်းပါ။ က လေးကို အိပ်ချိန်ပုံမှန်ဖြစ်အောင်၊ အိပ် ချိန်ပြည့်အိပ်အောင် လေ့ကျင့်ပေးပါ။ စိတ်ကို ထိန်းတတ်အောင် တရားထိုင် တာပါ လေ့ကျင့်သင်ကြားပေးပါ။
ထူးဒါလီကိုကို (MPharm)