ကလေးကိုကစားခွင့်မပေးခြင်းသည် ကလေး၏ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်

အခုခေတ်မိဘအများစုက ထိခိုက်ဒဏ်ရာရမှာစိုးတာ ကြောင့် ကလေးတွေကို ဆော့ကစားခွင့်ပိတ်ပင်လေ့ရှိကြပါ တယ်။ တကယ်တော့ ဒါဟာကလေးရဲ့ဖွံ့ဖြိုးမှုကို ထိခိုက်စေ နိုင်တယ်လို့ သုတေသနသစ်တစ်ရပ်မှာ ဖော်ပြပါရှိပါတယ်။ သု တေသီတွေရဲ့စောင့်ကြည့်လေ့လာမှုအရ ဒီနေ့ခေတ်ရဲ့မိဘ ၈၇ ရာခိုင်နှုန်းလောက်က ကလေးတွေနဲ့အတူဆော့ကစားဖို့ အ ချိန်မပေးနိုင်ကြတော့ပါဘူး။ မိဘသုံးပုံတစ်ပုံလောက်က အလုပ် က ပြန်လာတဲ့အချိန်မှာ မောပန်းလွန်းလို့လို့ဆိုကြပြီးတော့ ၃၁ ရာခိုင်နှုန်းလောက်ကတော့ ဒီအတိုင်းပဲ ကလေးနဲ့ဆော့မပေး နိုင်လို့လို့ ဆိုခဲ့ကြပါတယ်။ မိဘငါးဦးမှာ နှစ်ဦးလောက်ကလည်း ခေတ်သစ်ဘ၀နေထိုင်မှုပုံစံကြောင့် ကလေးတွေကို အချိန်မ ပေးနိုင်ကြပါဘူး။ ကလေးတွေနဲ့အချိန်ပေးပြီး ဆော့ကစားပေး တာက ကလေးရဲ့စီမံခန့်ခွဲနိုင်စွမ်း၊ အများနဲ့လိုက်လျောညီစွာ နေထိုင်နိုင်စွမ်း၊ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်စွမ်းအစရှိတဲ့ စွမ်းရည်တွေကို မြင့်မားစေနိုင်တယ်လို့ သုတေသီတွေက ဆိုခဲ့ ကြပါတယ်။

(AP,6.6.19) အေးယုနိုင်

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *