ကလေးငယ်တစ်ဦးရဲ့ ဦးနှောက်ဖွံ့ဖြိုးချိန်ကိုလျစ်လျူမရှုပါနဲ့

ဆယ်စုနှစ်တစ်စုစာမကတဲ့ သုတေ သနလေ့လာချက်တွေအရ လူတစ်ဦးရဲ့ မွေးခါစ အစောပိုင်းကာလတွေဟာ ဦး နှောက်ဖွံ့ဖြိုးမှုအတွက် အရေးကြီးဆုံးဖြစ် တယ်ဆိုတာကို သိရှိပြီး ဖြစ်ပါတယ်။ ဘာ တွေအရေးကြီးတာလဲ၊ ဘာကြောင့်အရေး ကြီးတာလဲဆိုတာကို ဒီဆောင်းပါးမှာ အ နှစ်ချုပ်ပြီး ရေးပေးချင်ပါတယ်။
စကြ၀ဠာကြီးတစ်ခုလုံးမှာ ကြယ်အ ရေအတွက်က တစ်ရာဘီလျံ ရှိပါတယ်။ လူသားတွေရဲ့ ဦးနှောက်ထဲက နျူရွမ် (Neuron/ Neurone) လို့ခေါ်တဲ့ အာရုံကြောကလာပ်စည်းက နာ့ဗ်ဆဲလ် တွေရဲ့ အရေအတွက်ဟာဆိုရင်လည်း တစ်ရာဘီလျံ ရှိပါတယ်။ ဒီတော့ လူ သားတစ်ဦးရဲ့ ဦးနှောက်ဟာ စကြာဝဠာ ကြီးလောက် နက်နဲကျယ်ပြန့်တယ်လို့ ဆို နိုင်ပါတယ်။
ကလေးရဲ့ ဦးနှောက်ဟာ မွေးစမှာ လူကြီးတစ်ယောက်ဦးနှောက်ရဲ့ လေးပုံ တစ်ပုံခန့်သာသာရှိပေမယ့် ပထမ တစ်နှစ်အတွင်းမှာပဲ နှစ်ဆထိ ကြီးထွား ဖွံ့ဖြိုးလာပါတယ်။ မွေးစကနေ ငါးနှစ်ထိ အရွယ်ဟာဆိုရင် ဦးနှောက်ဖွံ့ဖြိုးမှု အမြင့်မားဆုံးအချိန် ဖြစ်ပါတယ်။ ဘာ ကြောင့်လဲဆိုတော့ ကလေးတစ်ဦး သုံး နှစ်သားအရွယ်ရောက်ရင် ဦးနှောက်ဖွံ့ ဖြိုးမှုက ၈၀ ရာခိုင်နှုန်းထိပြီးမြောက်နေပြီ ဖြစ်ပြီး အသက်ငါးနှစ်သားမှာတော့ ၉၀ ရာခိုင်နှုန်းထိ ဖွံ့ဖြိုးနေပြီ ဖြစ်ပါတယ်။
မွေးစကတည်းက ဦးနှောက်မှာ ပါလာတဲ့ နျူရွန်နာ့ဗ်ဆဲလ်အရေအတွက် ဟာ တစ်သက်တာလုံးအတွက် ပုံသေပဲ ဖြစ်သွားပါတယ်။ ထပ်ပြီး မပွားနိုင်တော့ ပါဘူး။ နာ့ဗ်ဆဲလ်တစ်ခုနဲ့ တစ်ခုကြားမှာ Synapses တွေနဲ့ ဆက်သွယ်ပေးထား ပြီး ဦးနှောက် အလုပ်လုပ်ဖို့ အဓိကကျ လာပါတယ်။
ငယ်ရွယ်စဉ်မှာ သင်ယူနိုင်စွမ်း အ မြင့်မားဆုံးနဲ့ အရေးအကြီးဆုံးဖြစ်ရတဲ့ အကြောင်းရင်းက ဦးနှောက်ရဲ့ နျူရွန် နာ့ဗ် ဆဲလ်တွေကြား ဆက်သွယ်ပေးတဲ့ Synapses တွေနဲ့ ထပ်ခါထပ်ခါ ဆက် သွယ်ပေးမှုဟာ တစ်စက္ကန့်အတွင်းမှာ အနည်းဆုံး တစ်မီလျံ ဖြစ်ပေါ်ပါတယ်။ တစ်ခုခုသင်ယူလိုက်တာနဲ့ ဆက်သွယ်မှု တစ်ခုဖြစ်ပေါ်လာပြီး အသစ်သစ်တွေ ထပ်သင်ယူလေ ဆက်သွယ်မှုအသစ် သစ်တွေ ဦးနှောက်ထဲမှာ ဖြစ်ပေါ်လေပဲ ဖြစ်ပါတယ်။ ဒါဟာ အပေါ်က ပြောခဲ့ သလို မွေးစကနေ ငါးနှစ်အတွင်းမှာ ဦးနှောက်စွမ်းရည်ဖွံ့ဖြိုးမှု အမြင့်မားဆုံး အချိန် ဖြစ်လို့ပါပဲ။
ဦးနှောက်မှာရှိတဲ့ အစိတ်အပိုင်း တွေမှာလည်း လုပ်နိုင်တဲ့ စွမ်းရည် တစ် မျိုးစီ ရှိကြပါတယ်။ ညာဘက်ဦးနှောက်က ဘယ်ဖက်အခြမ်းခန္ဓာကိုယ်ကို ထိန်းချုပ် ရတာဖြစ်ပြီး ဘယ်ဘက်ဦးနှောက်က ညာဘက်အခြမ်းခန္ဓာကိုယ်ကို ထိန်းချုပ် တာဖြစ်ပါတယ်။ ညာဘက်ဦးနှောက်က အလှအပနဲ့ တီထွင်ဖန်တီးနိုင်စွမ်းအတွက် အဓိကကျပြီး စိတ်ကူးယဉ်တာ၊ ခန့်မှန်း တာ၊ ဂီတနဲ့ ရုပ်လုံးကြွပုံဖော်တာတွေလုပ် ပေးနိုင်ပါတယ်။ ဘယ်ဘက်ဦးနှောက်က ပညာသင်ယူနိုင်စွမ်းနဲ့ အကျိုးအကြောင်း ဆက်စပ် ဆင်ခြင်နိုင်စွမ်းအတွက် အဓိက ကျပြီး ဘာသာစကား၊ သိပ္ပံ၊ ကဏန်း သချာF၊ စာရေးနိုင်စွမ်းတွေ လုပ်နိုင်ပါတယ်။
ကြီးပြင်းလာတဲ့အခါ အောင်မြင်တဲ့ လူသားတစ်ဦးဖြစ်ဖို့ဆိုတာ ငယ်စဉ် အချိန်ကတည်းက သတ်မှတ်လိုက်နိုင်ပါ တယ်။ ဦးနှောက်ဖွံ့ဖြိုးဆဲအချိန်က ဘ၀ အတွက် ရခဲတဲ့ အခွင့်အရေးကောင်း တစ်ခုဖြစ်ပြီး ပိုင်ပိုင်နိုင်နိုင် အသုံးချတတ် ဖို့ လိုပါတယ်။လူတော်တစ်ယောက် အတွက် နေထိုင်နည်းစွမ်းရည်တွေဖြစ်တဲ့ ကိုယ့်ကိုယ် ကိုယ်စိတ်ဓာတ်မကျအောင် နေတာ (Motivation)၊ ကိုယ့်တာဝန် ကိုယ်ယူစိတ်ရှိတာ (Selfregulation)၊ ပြဿနာတွေ ဖြေရှင်းနိုင်စွမ်းရှိတာ (Problemsolving)၊ စကားအပြော အဆို စွမ်းရည်ရှိတာ (Communication Skill) စတာတွေကို ငယ်စဉ်ကတည်းက လေ့ကျင့်ပေးလိုက်တာဟာ ရှေ့လျှောက် သူကြုံတွေ့ရမယ့် ဘ၀မှာ ကောင်းကောင်း မွန်မွန် ဖြတ်သန်းသွားနိုင်မှာဖြစ်ပါတယ်။
ဒီလိုအသိစိတ်ကောင်းတွေ ရရှိဖို့ကို အသက်အရွယ်ကြီးလာမှ သင်မယ်ဆိုရင် ခက်ခဲသွားနိုင်လို့ပါ။
ကလေးတစ်ယောက်ရဲ့ ငယ်စဉ်ဘ ၀မှာ ကျင်လည် ဖြတ်သန်းခဲ့ရတဲ့ ပတ် ဝန်းကျင်ဟာဆိုရင်လည်း ဦးနှောက်ဖွံ့ ဖြိုးမှုပေါ် အများကြီးသက်ရောက်မှု ပေး နိုင်ပါတယ်။ မွေးစမှာ လူတိုင်းဟာ dependent လေးတွေ ဖြစ်ပါတယ်။ ဆိုလို တာကတော့ ဂရုစိုက်ပေးမယ့် caregiv-ers တွေအပေါ် အားထားမှီခိုမှ ဖြစ်မှာမို့ လို့ပါ။ ကိုယ့်ဘာသာကိုယ် အစာလည်း ထမစားနိုင်၊ သွားချင်တဲ့ နေရာလည်း ကိုယ်တိုင် မသွားနိုင်၊ ဘာဆိုဘာမှ ကိုယ် တိုင် မလုပ်နိုင်သေးလို့ပါ။
ကလေးနဲ့ အနီးကပ် ပြုစုစောင့် ရှောက်သူ caregivers တွေဟာ ကလေး ငယ်ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အဓိက အရေးကြီးတဲ့ ကဏ္ဍကနေ ပါဝင်နေပါ တယ်။ နွေးနွေးထွေးထွေးနဲ့ ယုယကြင်နာ ပေးတာ၊ ကလေးငိုတဲ့အခါ caregivers က လိုအပ်တာကို ဖြည့်ဆည်းပေးလိုက် တာမျိုး၊ ကလေးအပေါ်မှာ အာရုံစိုက်ပေး တာမျိုး စတဲ့ “Serve and Return” ဖြစ်စဉ်လုပ်ပေးတာဟာ ကလေးရဲ့ ဦးနှောက်တွင်း ကွန်ရက်ဖွံ့ဖြိုးမှု (Wir-ing of the Brain) အတွက် အဓိကကျ ပါတယ်။ ဒါကြောင့် ကလေးနဲ့ စကားပြော ပေးဖို့၊ စာဖတ်ပြပေးဖို့၊ အတူကစားပေးဖို့၊ အန္တရာယ်ကင်းပြီး နွေးထွေးတဲ့ ပတ်ဝန်း ကျင်တည်ဆောက်ပေးဖို့ဆိုတာတွေဟာ အရေးကြီးပါတယ်။
ငယ်စဉ်ဘ၀ဦးနှောက် ဖွံ့ဖြိုးစဉ်မှာ ကောင်းကောင်းမွန်မွန်ကြီးပြင်းလာရတဲ့ ကလေးအတွက် ရှေ့လျှောက်အနာဂတ် ဟာ အောင်မြင်နိုင်သလို ငယ်စဉ်ဘ၀မှာ လိုအပ်တဲ့ ယုယမှု၊ ကျွေးမွေးပြုစုမှု၊ သင် ယူမှုတွေ မရတဲ့ ကလေးငယ်၊ ငယ်စဉ် ဘ၀မှာ စစ်မြေပြင်မှာ ကြီးပြင်းခဲ့ရတာ၊ အကြမ်းဖက်မှုတွေ ကြုံတွေ့ခဲ့ရတာ စတဲ့ ခက်ခဲတဲ့ဘ၀တွေ ဖြတ်သန်းခဲ့ရတဲ့ က လေးအတွက် ဆိုရင်တော့ ကြီးပြင်းလာ တဲ့အခါမှာ ဘ၀ကို မြင်တဲ့ ရှုထောင့်က ပြောင်းသွားနိုင်ပြီး အဆိုးဘက်ကို ပို ရောက်စေနိုင်ပါတယ်။
ကလေးတိုင်းဟာ မရေမတွက်နိုင် တဲ့ စွမ်းရည်တွေနဲ့ မွေးဖွားလာတာချည်း ဖြစ်ပါတယ်။ ဒါကို မမေ့ပါနဲ့။ ကလေးငယ် တိုင်းဟာ Potential ရှိပြီးသားလို့လည်း ပြောနိုင်တာကြောင့် နှိုးဆွရင် နှိုးဆွပေး သလောက် စွမ်းရည်တွေ တက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဦးနှောက် ဖွံ့ဖြိုး မှုအကောင်းဆုံးအချိန်မှာ အကောင်းဆုံး အတွေ့အကြုံတွေသင်ယူနိုင်အောင် ကူ ညီပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *