ကလေးငယ်များ ဝင်ရောက်ဆော့ကစားသည့်ဘောလုံးကန်တွင် အသက်အန္တရာယ်ပေးနိုင်သည့်ရောဂါပိုးများ ပြည့်နှက်နေ

ကလေးတွေ ဝင်ရောက်ဆော့ကစားလေ့ရှိတဲ့ဘောလုံး ကန်တွေဟာ ရက်သတ္တပတ်ပေါင်းများစွာကြာအောင် မသန့်ရှင်း ဘဲထားကြတဲ့အတွက် ကလေးတွေကို အသက်အန္တရာယ်ပေး နိုင်တဲ့ရောဂါပိုးတွေနဲ့ပြည့်နှက်နေတတ်တယ်လို့ သုတေသန သစ်တစ်ရပ်မှာဖော်ပြထားခဲ့ပါတယ်။ ပုံမှန်သန့်ရှင်းရေးမလုပ်တဲ့ ဒီဘောလုံးကန်တွေမှာ သွေးအဆိပ်တက်တာ၊ ဦးနှောက်အမြှေး ရောင်ရောဂါနဲ့အဆုတ်ရောင်ရောဂါတွေဖြစ်စေတဲ့ ရောဂါပိုးတွေ အပါအဝင် အသက်အန္တရာယ်ခြိမ်းခြောက်နိုင်တဲ့ဘက်တီးရီးယားကိုးမျိုးတိတိကို သုတေသီတွေရဲ့လေ့လာမှုမှာတွေ့ရှိခဲ့ရပါတယ်။ အမြင်အားဖြင့်ဆိုရင် ကစားကွင်းတွေမှာ ကလေးတွေ အန်ဖတ် တွေ၊ မစင်တွေ၊ ဆီးထွက်ကျထားတာတွေ၊ ဖိတ်ကျထားတဲ့အ စားအသောက်တွေကို တွေ့ရတာပုံမှန်ပါပဲ။ ဒါပေမဲ့ အပေါ်ယံသာ သန့်ရှင်းရေးလုပ်ပြီး ရက်သတ္တပတ်ပေါင်းများစွာကြာမှသာ ဘော လုံးကန်တစ်ခုလုံးကို သေချာသန့်ရှင်းရေးလုပ်ကြတာကြောင့် ဘက်တီး ရီးယားတွေက ကြီးထွားလာပြီး ပြန့်ပွားကူးစက်တဲ့အဆင့်အထိ ရောက်သွားတတ်ပါတယ်။ ခန္ဓာကိုယ်မှာထိခိုက်ဒဏ်ရာရှိထား တဲ့ကလေးဟာ ရောဂါပိုးကူးစက်ခံရနိုင်ခြေပိုများတယ်လို့ ပညာ ရှင်တွေက သတိပေးခဲ့ကြပါတယ်။

(AP,28.3.19) အေးယုနိုင်

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *