ကလေးငယ်ရဲ့ ဦးနှောက်စွမ်းရည်မြင့်မားစေဖို့ ဒီအချက်တွေကိုလုပ်ဆောင်ပါ

(၁) ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ
ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်တာက ဦးနှောက်ပျက်စီးယိုယွင်းစေမှုကနေ ကာကွယ်နိုင်ပါ တယ်။ ကြွက်သားတွေလှုပ်ရှားရတဲ့ အားကစားပြုလုပ် တာက ကလေးငယ်ရဲ့ စာဖတ်စွမ်းရည်နဲ့ အတွက် အချက်သင်္ချာပိုင်းမှာ ပိုပြီးစွမ်းဆောင်ရည်မြင့်စေတာ ကို သုတေသီတွေ လေ့လာတွေ့ရှိခဲ့ပါတယ်။

(၂) Arts & Craft အတွက် အချိန်ပေးပါ
အနုပညာနဲ့ လက်မှုပညာက ကလေးတွေရဲ့ တီထွင်နိုင်မှုစွမ်းရည်ကို တိုးစေပါတယ်။ သုတေ သီတွေရဲ့ လေ့လာတွေ့ရှိချက်အရ ငယ်စဉ်ကarts နဲ့ Craft မှာ ပိုပြီးတော့ အထိအတွေ့ ရခဲ့တဲ့ကလေး တွေဟာ သာမန်ထက်ပိုပြီး လုပ်ငန်းရှင်သော်လည်း ကောင်း စီးပွားရေးလုပ်ငန်းတစ်ခုခုကိုပိုမြန်မြန် စတင်နိုင်လေ့ ရှိတယ်လို့ ဆိုပါတယ်။

(၃) တရားထိုင်တတ်အောင်သင်ပေးပါ
တရားထိုင်တာက အတိတ်မေ့ရောဂါနဲ့ မှတ် ဉာဏ်ပိုင်းဆိုင်ရာ ဆုံးရှုံးမှုတွေမဖြစ်အောင် ကာကွယ် နိုင်ပြီး ဦးနှောက်ရဲ့ Cognitive Function ကောင်း မွန်စေတာကို သုတေသနအတော်များများမှာ ဖော်ပြ ထားပြီး ဖြစ်ပါတယ်။ ကလေးအသက် ငါးနှစ်ပြည့်ပြီ ဆိုရင် တရားထိုင်တာကို သင်ပေးနိုင်ပါပြီ။

(၄) ဦးနှောက်လေ့ကျင့်သော ကစားနည်းများ ကစားပါ
ဦးနှောက်အလုပ်လုပ်ရတဲ့ ကစားနည်းတွေ ဥပမာ – စကားလုံးဆက်တာ၊ စစ်တုရင်ကစားတာတွေ ကလည်း ဦးနှောက်စွမ်းရည်ကို မြင့်တက်စေနိုင်ပါ တယ်။ အချိန်အကြာကြီး ဗီဒီယိုဂိမ်းတွေ ဆော့တာ ကိုတော့ မလုပ်စေပါနဲ့။

(၅) သူငယ်ချင်းမိတ်ဆွေတွေထားရှိပါ
လေ့လာထားတဲ့ သုတေသနတွေအရ တစ် ယောက်တည်းနေတာ၊ ပေါင်းသင်းဆက်ဆံရေးမရှိ တာက စိတ်ပိုင်းဆိုင်ရာနဲ့ဦးနှောက်ဖွံ့ဖြိုးမှုကို ကျစေ ပါတယ်။ ကလေးတွေကို သူငယ်ချင်းတွေနဲ့ ပေါင်း သင်းဆက်ဆံတတ်အောင် လေ့ကျင့်ပေးပါ။

(၆) အိပ်ချိန်အပြည့်အဝအိပ်စက်ခိုင်းပါ
ဦးနှောက်က သင်ယူမှုနဲ့ မှတ်ဉာဏ်ပိုင်းမှာ ကောင်းမွန်ဖို့ အိပ်ချိန်အပြည့် လိုအပ်ပါတယ်။ High sleep quality ရဖို့ စိတ်ရောလူပါ အနားရ အောင် အိပ်စက်ပါ။ ငယ်စဉ်ကတည်းက အိပ်ချိန်မှန် အောင်၊ စောစောအိပ်ရာဝင်တဲ့အကျင့်ကို လေ့ကျင့် ပေးပါ။
ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal