ကလေးငယ်အတွက် အန္တရာယ်ဖြစ်စေနိုင်သည့် ကိုင်တွယ်နည်းအမှားများ

လေ့လာမှုအများအပြားအရ မိခင် တွေက ကလေးငယ်တွေနဲ့ အသားချင်း ထိတွေ့တာက စိတ်ဖိစီးမှုနည်းတယ်လို့ သိရပါတယ်။ ကလေးကို ချီပိုးရာမှာလည်း နည်းလမ်းပေါင်းစုံ ရှိပါတယ်။ ဒီအထဲမှာ မှ ကိုင်တွယ်ချီပိုးနည်း မှားခဲ့ရင် ကလေး ရဲ့ ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင် တာမို့ ဖော်ပြပေးလိုက်ပါတယ်။

ချိုင်းအောက်မှချီပိုးခြင်း

ကလေးငယ်တစ်ယောက်ကို ချီ တော့မယ်ဆိုရင် သူ့ခေါင်းကို ထိန်းကိုင် ပြီး ချီဖို့က အလွန်အရေးကြီးပါတယ်။ မွေးကင်းစကလေးငယ်တွေရဲ့ လည်ပင်း ကြွက်သားတွေက ကောင်းစွာ မဖွံ့ဖြိုး သေးပါဘူး။ ဒါကြောင့် သင်ဟာ ကလေး ရဲ့ လည်ပင်းကို မထိန်းဘဲ ချီလိုက်မယ် ဆိုရင် ကလေးက ရုတ်တရက် ဦးခေါင်း လှည့်လိုက်တဲ့အခါမှာ ထိခိုက်ဒဏ်ရာ ရတာနဲ့ အသက်ရှူရခက်ခဲတဲ့ပြဿနာ တွေ ဖြစ်လာနိုင်ပါတယ်။ ကလေးငယ် တွေဟာ အသက်လေးလကနေ ခြောက် လအတွင်းမှာသာ သူ့ဘာသာသူ ခေါင်း ထောင်နိုင်မှာ ဖြစ်ပါတယ်။

ကလေးချီသည့်အိတ်တွင် ထည့်ပုံမှားယွင်း ခြင်း

ကလေးငယ်ကို ကလေးချီတဲ့ ကျော ပိုးအိတ်ထဲထည့်ပြီး ချီပိုးလို့ရပါတယ်။ ဒါပေမဲ့ သတိထားရမှာက သူရဲ့ခြေ ထောက်တွေဟာ မိခင်က ကလေးကို ချီထားတဲ့ပုံစံအတိုင်း အထောက်အပံ့ရ နေရမှာဖြစ်ပါတယ်။ ခြေထောက်က တွဲလောင်းကျနေမယ်ဆိုရင် ကလေးရဲ့ ခါးရိုးထိခိုက်ဒဏ်ရာရတာ၊ တင်ပဆုံ အဆစ်လွဲတာတွေ ဖြစ်နိုင်ပါတယ်။

ပခုံးပေါ်တွင် ကလေးခေါင်းတင်ထားခြင်း


သင့်အနေနဲ့ ကလေးကို ရင်ဘတ် ချင်းကပ်လျက်ချီထားမယ်ဆိုရင် ကလေး ရဲ့ မျက်နှာအနေအထားကလည်း အရေး ကြီးပါတယ်။ သူရဲ့ မျက်နှာက မိခင်ရဲ့ ပခုံးအထက်နေရာမှာပဲ ရှိရပါမယ်။ သူ့မျက်နှာက ပခုံးနေရာမှာရှိနေမယ်ဆို ရင် အသက်ရှူရခက်ခဲတာတွေ ဖြစ်လာ နိုင်တဲ့အပြင် သင်ရဲ့ အဝတ်အစားတွေက ကလေးရဲ့ ပါးစပ်ထဲကို ဝင်သွားနိုင်ပါတယ်။

တစ်ဖက်တည်းချီခြင်း

ကလေးကို ချီတဲ့အခါမှာ ဟိုဘက် ဒီဘက်ပြောင်းချီပေးဖို့ အရေးကြီးပါ တယ်။ ဘာကြောင့်လဲဆိုတော့ ကလေး ငယ်ရဲ့ လည်ပင်းကြွက်သားတွေက အလွန်အားနည်းသေးတဲ့အတွက် လည် ပင်းကြွက်သားတွေ နှစ်ဖက်မျှပြီး ဖွံ့ဖြိုးဖို့ လိုအပ်တာကြောင့်ပါ။ အကယ်၍များ လည်ပင်းကြွက်သားတစ်ဖက်က အား ပျော့နေမယ်ဆိုရင် ကလေးခေါင်းလှည့် တဲ့နေရာမှာ ပြဿနာဖြစ်လာနိုင်ပါတယ်။

ခါးမထိန်းဘဲ ချီပိုးခြင်း

ကလေးငယ်ကို ချီတဲ့အခါမှာ ခေါင်း နဲ့ တင်ပါးကိုပဲ ထိန်းပေးရမှာမဟုတ်ပါ ဘူး။ ဒီလိုလုပ်ခဲ့ရင် ကလေးပြုတ်ကျနိုင် ခြေများပါတယ်။ ဒါ့အပြင် ကလေးရဲ့ ခါး ရိုးက ဖိအားသက်ရောက်မှုများပြီး ဒဏ် ဖြစ်နိုင်ပါတယ်။ သင်ရဲ့ လက်တစ်ဖက်နဲ့ ခါးရိုးတစ်လျှောက်ကို ထိန်းပေးပြီး နောက်လက်တစ်ဖက်က ဇက်နေရာကို ထိန်းကာ ချီပါ။

ကလေးကို ကျောပေးချီခြင်း

ကလေးကို ကျောပေးပြီး ချီထားတာ ကလည်း မကောင်းပါဘူး။ သင့်အနေနဲ့ ကလေးကို ထိန်းထားနိုင်ဖို့ ခက်ခဲပါ တယ်။ ဒါ့အပြင် သူရဲ့ နောက်ကျောရိုးနဲ့ ခြေထောက်တွေပေါ်မှာ ဒဏ်ပိနိုင်ပါ တယ်။ ကလေးချီကျောပိုးအိတ်ထဲထည့် ပြီးချီပိုးပုံမှားယွင်းတဲ့ပုံစံအတိုင်း ကလေး မှာ ထိခိုက်နိုင်ပါတယ်။

ကလေးငယ်ကို လက်ကောက်ဝတ်မှ ဆွဲခေါ် ခြင်း

ကလေးငယ်တွေကို ဆွဲခေါ်တဲ့နေ ရာမှာ သူတို့ရဲ့လက်ကောက်ဝတ်ကနေ ဘယ်တော့မှ ဆွဲမခေါ်ပါနဲ့။ ကလေးငယ် တွေရဲ့တံတောင်ဆစ်နေရာမှာ အဆစ် လွဲသွားနိုင်တာကြောင့်ပါ။ ဒီပြဿနာက ငါးနှစ်သားအရွယ်အထိ အဖြစ်များပါ တယ်။ ကလေးအသက် ငါးနှစ်ရောက် လာတဲ့အခါမှာ သူတို့အရိုးက သန်မာသွား ပြီဖြစ်တာကြောင့် ဒီလိုဆွဲခေါ်ရင်တောင် ကလေးမှာ ပြဿနာဖြစ်နိုင်ခြေနည်းသွား ပါပြီ။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal