ကလေးငယ်နှင့်မုသားချိုချို

ကလေးတွေ မုသားစကားဆိုတာနဲ့ ပတ်သက်ပြီး ဘယ်လိုမုသားစကားမျိုး ပြောတာလဲ၊ ဘယ်လိုအခြေအနေမှာ ပြော တာလဲ၊ မုသားစကားရဲ့ ပြင်းထန်မှု အဆင့် စတာတွေကို အကဲခတ်ပြီးမှ ကလေးရဲ့ အပြုအမူပိုင်းဆိုင်ရာမှာ လေ့ကျင့်သင် ကြားမှုတွေလိုနေလားဆိုတာ ဆုံးဖြတ်ရပါ တယ်။ ဒီအတွက် Gကငိနူငညန မရှိပါဘူး။ မုသားစကားကိုအဆင့် သတ်မှတ်မယ်ဆိုရင်တော့သုံးဆင့်ရှိပါတယ်။

အဆင့် (၁) မုသား
ကလေးက သူအာရုံစူးစိုက်ခံချင်လို့၊ သူ့ကို အထင်ကြီးအောင်လို့ လိမ်ပြောတာ မျိုးဆိုရင် လျစ်လျူရှုနိုင်ပါတယ်။ ကလေး က အရမ်းကြီး မဖြစ်နိုင်တာကို အဟုတ် လုပ်ပြောတာကို မိဘက အားပေးအား မြှောက်လုပ်တာမျိုးတော့ မလုပ်မိပါစေနဲ့၊ အထူးသဖြင့် ကလေးဟာ ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှုမရှိလို့ မုသားစကားပြော တာကို အားပေးသလိုဖြစ်ပြီး နောက်ပိုင်း မှာလည်း ကလေးက မုသားစကားပြောပြီး သူများအထင်ကြီးအောင် လုပ်ရမယ် ဆို တဲ့ အကျင့် စွဲသွားစေပါလိမ့်မယ်။

အဆင့် (၂) မုသား
ပုံပြင်တစ်ပုဒ်လို၊ ဇာတ်လမ်းတစ်ပုဒ် လို စီကာပတ်ကုံးပြောပြပြီး မုသားစကား ပြောတာပါ။ ဒီလိုမျိုးကလေးက ပြောလာ ရင် သားပြောတာ နားထောင်ရတာ ပုံပြင် လိုမျိုးပဲနော်၊ တကယ်ဖြစ်ခဲ့တာကို ဖေဖေ့ ကို နောက်တစ်ကြိမ် ထပ်ပြောပြပါလားဆို ပြီးပြောပါ။ ဒါဟာ ကလေးကို အမှန်အတိုင်း ပြောဖို့အချိန်ပေးလိုက်တာပါပဲ။ ကလေး အတော်များများက နောက်တစ်ကြိမ်ပြန် ပြောတဲ့အခါ လိမ်မပြောတတ်ပါဘူး။

အဆင့် (၃) မုသား
ကလေးကနည်းနည်းကြီးလာပြီဆို တဲ့အခါ သူဘယ်သွားခဲ့တယ်ဆိုတာ မှန် မှန်မပြောဘူး၊ ကျောင်းစာနဲ့ပတ်သက်ပြီး မုသားတွေပြောတာ စတာတွေကပြင်းထန် တဲ့အကျိုးဆက်တွေ ရှိလာနိုင်တာမို့ ပြု ပြင်ပေးဖို့ လိုပါတယ်။ ဒီလိုဖြစ်လာရင် ကလေးကို သူမုသား စကားပြောတာရဲ့ အကျိုးအပြစ်ကိုလည်း သိစေဖို့၊ အပြုအမူပိုင်းဆိုင်ရာပြန်လည်ပြုပြင်ဖို့လိုပါတယ်။ ပြင်းထန်တဲ့အပြစ် ဒဏ်မျိုးပေးဖို့မလိုပါ ဘူး။ ဥပမာ – သူရဲ့ဖုန်းကို တစ်နာရီ လောက်ယူသိမ်းတာ ဒါမှမဟုတ် အိမ်အ လုပ်တစ်ခုခု လုပ်ခိုင်းတာမျိုးလုပ်ခိုင်းပါ။

ထူးဒါလီကိုကို(MPharm)

Post Author: Good Health Journal