တစ်ဆင့်ခံဆေးလိပ်ငွေ့ဆိုတာဟာ မီးညှိထားတဲ့ဆေးလိပ်ကထွက်လာတဲ့ အငွေ့ရယ်၊ ဆေးလိပ်သောက်နေတဲ့ သူ က ပြန်ရှူထုတ်လိုက်တဲ့အငွေ့ရယ် ပါ ဝင်ပါတယ်။ တစ်ဆင့်ခံဆေးလိပ်ငွေ့မှာ လည်း ဓာတုပစ္စည်းပေါင်း ၇၀၀၀ ကျော် ပါဝင်ပြီး အန္တရာယ်ဖြစ်စေတဲ့ အဆိပ် အမျိုးအစားပေါင်း ၂၅၀ နဲ့ ကင်ဆာဖြစ် စေတဲ့ ဓာတုအမျိုးပေါင်း ၇၀ လောက် ပါဝင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်ဆေးလိပ်သောက်ရင်
ကိုယ်ဝန်ဆောင်မိခင်တွေ ဆေးလိပ် သောက်ရင် ပေါင်မပြည့်တဲ့ ကလေးမွေး တာ၊ ကလေးပျက်ကျတာ၊ သားအိမ်အ ပြင်ဘက်သန္ဓေတည်တာ၊ လမစေ့ခင် ရေမွှာပေါက်တာ၊ ကလေးမှာ မွေးရာပါ နှုတ်ခမ်းကွဲဖြစ်တာ၊ သန္ဓေသားဆီကို အောက်ဆီဂျင်ရောက်ရှိမှုနည်းတာတွေ ဖြစ်စေပါတယ်။ ဆေးလိပ်သောက်တဲ့ မိ ခင်က မွေးလာတဲ့ ကလေးမှာလည်း သင် ကြားရေးမှာ အခက်အခဲ ကြုံတွေ့နိုင်ပြီး သွက်ချာပါဒရောဂါ (Cerebral Palsy) ဖြစ်နိုင်ခြေကို မြင့်မားစေပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တွေ အီးစီးကရက် သောက်လို့ရလား
အီးစီးကရက် (E-cigarettes/ Ele-ctronic cigarettes) တွေဟာလည်း ဆေး လိပ်သောက်တာလိုပဲ ကျန်းမာရေးကို ထိ ခိုက်စေတဲ့ အန္တရာယ်ရှိ ဓာတုပစ္စည်းတွေရဲ့ ဒဏ်ကို မိခင်ရော သန္ဓေသားပါ ခံရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဆေးလိပ်အစားထိုး သောက်ရင် ကျန်းမာရေးမထိခိုက်ဘူးလို့ မထင်ပါနဲ့။ ဆေးလိပ်စွဲနေရင် ဆေးလိပ် ဖြတ်ဖို့ ကျန်းမာရေးဌာနမှာ အကူအညီ ရယူဖို့ တိုက်တွန်းချင်ပါတယ်။
တစ်ဆင့်ခံဆေးလိပ်ငွေ့က ကလေးမှာ ဘယ် လိုကျန်းမာရေးဆိုးကျိုးတွေပေးလဲ
ကလေးတွေဟာ လူကြီးတွေထက် တစ်ဆင့်ခံဆေးလိပ်ငွေ့ရဲ့ဆိုးကျိုး ခံစား ရနိုင်ခြေ မြင့်မားပါတယ်။ ကလေးတွေ ဟာ လူကြီးတွေထက် အသက်ရှူနှုန်းပို မြန်တဲ့အတွက် အဆုတ်ထဲကို တစ်ဆင့် ခံဆေးလိပ်ငွေ့တွေ အများအပြား ပို ရောက်သွားစေပါတယ်။ သတ်လတ်ပိုင်း အရွယ်တွေမှာ တစ်မိနစ်ကို ၁၄ – ၁၈ ကြိမ် အသက်ရှူသွင်း၊ ရှူထုတ် လုပ်ကြ ပြီး မွေးကင်းစကလေးတွေမှာ တစ်မိနစ် ကို အကြိမ် ၆၀ လောက်ထိ အသက်ရှူ လေ့ရှိပါတယ်။
– မွေးကင်းစ လသားအရွယ်လေးမှာ ဆေးလိပ်ငွေ့ရှူရှိုက်ရရင် ကလေးရုတ် တရက်သေဆုံးနိုင်ခြေ (Sudden Infant Death Syndrome)မင့်မားပါတယ်။
– တစ်ဆင့်ခံဆေးလိပ်ငွေ့ဟာ အဆုတ် ရဲ့ဖွံ့ဖြိုးမှုကို ပုံမှန်ထက် ပိုနှေးကွေးစေ ပါ တယ်။
– ပန်းနာရင်ကြပ်ရောဂါဖြစ်စေပြီး နဂို ပန်းနာရင်ကြပ်ရောဂါရှိသူကလေးတွေ မှာလည်း ရောဂါပိုဆိုးလာစေပါတယ်။
– အသက်ရှူလမ်းကြောင်းဆိုင်ရာ ရော ဂါတွေဖြစ်တဲ့ အဆုတ်ရောင်တာ၊ လေပြွန် ရောင်ရမ်းတာတွေ ဖြစ်လာနိုင်ပါတယ်။
– နားအတွင်း Eustachianကို ထိခိုက်စေပြီး အကြားအာရုံ ဆုံးရှုံးတဲ့အ ထိ ဖြစ်စေနိုင်ပါတယ်။
– တစ်ဆင့်ခံဆေးလိပ်ငွေ့ဟာ Leuke-mia (သွေးဖြူဆဲလ်ကင်ဆာ)၊ Lym-phoma (ပြန်ရည်ဂလင်းကင်ဆာ)၊ ဦး နှောက်အကျိတ်ဖြစ်ပေါ်တာတွေနဲ့လည်း ဆက်စပ်နေတယ်လို့ သုတေသီတွေက သုံးသပ်ထားပါတယ်။
Third-Hand Smoke Awareness
ဒါဟာ ဘာလဲဆိုရင် ဆေးလိပ်ရဲ့ အစအနတွေ (ဥပမာ-ဆေးလိပ်ပြာ) ဟာ ကြမ်းပြင်တွေ၊ ပရိဘောဂ မျက်နှာ ပြင်တွေပေါ် ကပ်တင်နေတာကို ခေါ်ပါ တယ်။ ဒါဟာ လူကြီးတွေအတွက် သိပ် ပြီး အန္တရာယ်မဖြစ်စေဘူးဆိုပေမယ့် လေးဖက်ထောက်အရွယ်ကလေးတွေနဲ့၊ လမ်းလျှောက်တတ်ခါစ ကလေးတွေအ တွက်တော့ သူတို့လက်နဲ့ လျှောက်ပွတ် မိတာ၊ လက်ကိုပါးစပ်ထဲ ထည့်တာတွေ လုပ်နိုင်တဲ့အတွက် အန္တရာယ်ရှိပါတယ်။
ဘာတွေလုပ်ဆောင်ကြမလဲ
– သင့်နေအိမ်အတွင်းမှာ ဘယ်သူ့ကိုမှ ဆေးလိပ်သောက်ခွင့် မပေးပါနဲ့။ ပြတင်း ပေါက်တွေဖွင့်ထားတာ၊ လေသန့်စက် တွေ တပ်ထားတာက တစ်ဆင့်ခံ ဆေး လိပ်ငွေ့ရဲ့ အန္တရာယ်ကို မတားဆီးနိုင်ပါ ဘူး။
– ကားထဲမှာလည်း ဆေးလိပ်မသောက်ပါ နဲ့။ Third-Hand Smoke မှာ ပြောထား သလိုမျိုး ဆေးလိပ်ရဲ့အစအနတွေ ကား ထဲမှာကျတာဖြစ်ရင် ကားလိုက်စီးမယ့် ကလေးတွေအတွက် အန္တရာယ်ဖြစ်စေ ပါတယ်။
ထူးဒါလီကိုကို (MPharm)