ကလေးတစ်ယောက်ဘယ်လိုဖွံ့ဖြိုးကြီးထွားလာတာလဲ

မွေးကင်းစကလေးတိုင်းအတွက် အရေးကြီးဆုံးက အာဟာရပါ။ မွေးကင်း စမှာ အာဟာရပြည့်ဝမှသာ သန်စွမ်း ကျန်းမာတဲ့ ကလေးတွေ ဖြစ်လာမှာပါ။
မွေးကင်းစ ၂၈ ရက်ကနေ တစ်နှစ် အထိကို ကလေးငယ်လို့ ခေါ်ပါတယ်။ ဒီအရွယ်မှာ အာဟာရဓာတ် ပြည့်ပြည့်၀၀ ရရှိဖို့ အရေးကြီးပါတယ်။ တစ်နှစ် ကနေ ၁၂ နှစ်အထိကို ကလေးကြီးလို့ ခေါ်ပါ တယ်။ ဒီအရွယ်မှာ အာဟာရဓာတ်တွေ က အရေးကြီးသလို ကြီးထွားဟော်မုန်း (Growth Hormone) တွေကလည်း အရေးကြီးလာပါတယ်။ အပျိုဖော်၊ လူပျို ဖော်ဝင်ချိန်ကိုတော့ ၁၂-၁၈ နှစ်အတွင်း ကို ခေါ်ပါတယ်။ ဒီအရွယ်မှာတော့ အာ ဟာရဓာတ်တွေ၊ ကြီးထွားဟော်မုန်းတွေ က အရေးကြီးသလို အပျိုဖော်၊ လူပျို ဖော်ဝင်တဲ့ ဟော်မုန်းတွေကလည်းအရေး ကြီးလာပါတယ်။

ရှင်သန်ကြီးထွားခြင်း
ကလေးတစ်ယောက် ရှင်သန်ကြီး ထွားတယ်ဆိုတာ ကလေးရဲ့ ခန္ဓာကိုယ် မှာဆဲလ်တွေရဲ့ အရွယ်အစားကြီးထွား လာတယ်၊ ဆဲလ်အရေအတွက်တွေ ပွားများလာတယ်၊ အဲဒီလို များလာတာနဲ့ အမျှ ကိုယ်တွင်းအင်္ဂါတွေလည်း ကြီး လာတာကို ဖွံ့ဖြိုးကြီးထွားလာတယ်လို့ ခေါ်ပါတယ်။ ဦးနှောက်နဲ့ အာရုံကြော အဖွဲ့အစည်းက ရင့်ကျက်ဖွံ့ဖြိုးလာတယ်၊ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ ဖွံ့ဖြိုးကြီးထွားလာတာကို ရင့်ကျက်ဖွံ့ဖြိုး လာတယ်လို့ ခေါ်ပါတယ်။

ကိုယ်ကာယကြီးထွားမှုအပိုင်း
ခန္ဓာကိုယ်ထဲမှာ ကိုယ်တွင်းအင်္ဂါ တွေဖြစ်တဲ့ အသည်း၊ နှလုံး၊ ဦးနှောက် တွေ ဖွံ့ဖြိုးကြီးထွားလာတဲ့အပြင် လုပ် ဆောင်မှုတွေလည်း ပြောင်းလဲလာပါ တယ်။

စိတ်ပိုင်းဆိုင်ရာ
ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အသိဉာဏ် တွေ၊ အပြုအမူပိုင်းဆိုင်ရာတွေ၊ တီထွင် ဖန်တီးမှုပိုင်းဆိုင်ရာတွေ ပြောင်းလဲလာ တာကို ခေါ်ပါတယ်။

စိတ်ခံစားမှု
အပြုအမူတွေကိုလည်း စိတ်ခံစားမှု နဲ့ ပြုလုပ်လာတာကို တွေ့ရပါတယ်။ လူကြီးတွေက ချော့မြှူတဲ့အခါ တခစ်ခစ် ရယ်မောတာ၊ ဆာလောင်တဲ့အခါ၊ အိပ် ချင်တဲ့အခါနဲ့ သူမကြိုက်တဲ့ ပုံစံမျိုးနဲ့ ချီတာ၊ တစ်ယောက်တည်း ထားခဲ့တာ တွေမှာ ငိုပြီး မနှစ်သက်ကြောင်းပြတာမျိုး တွေ ပြုလုပ်တတ်လာပါတယ်။

ကြီးထွားမှု
မွေးကင်းစကနေ တစ်နှစ်အတွင်း မှာ ကြီးထွားမှုနှုန်း မြန်ဆန်ပါတယ်။ အဲဒီ လိုမြန်ရတဲ့ အဓိကအကြောင်းက အာ ဟာရပါ။ တစ်နှစ်ကနေ ၁၂ နှစ်အတွင်းမှာ တော့ ကြီးထွားမှုဟော်မုန်းက အရေးကြီး ပြီး အသက် ၁၂ နှစ် အထက်မှာတော့ ကျား၊ မကို ခွဲခြားတဲ့ Sနထ ဟော်မုန်းတွေ ကအရေးကြီးလာပါတယ်။
ကြီးထွားတဲ့အပိုင်းမှာ လေးပိုင်းရှိပါ တယ်။ ယေဘုယျကြီးထွားဖွံ့ဖြိုးမှု၊ ဦး နှောက်ဖွံ့ဖြိုးမှု၊ လိင်ပိုင်းဆိုင်ရာ ကြီးထွား ဖွံ့ဖြိုးမှုနဲ့ ပြန်ရည်ကြောပိုင်းဆိုင်ရာ ကြီး ထွားဖွံ့ဖြိုးမှုဆိုပြီး ရှိပါတယ်။

ယေဘုယျကြီးထွားဖွံ့ဖြိုးမှု
ယေဘုယျကြီးထွားဖွံ့ဖြိုးမှုဆိုတာ ခန္ဓာကိုယ် တစ်ကိုယ်လုံးမှာ အကုန်လုံးက ပုံမှန်ကြီးထွားဖွံ့ဖြိုးကြပါတယ်။
အဲဒီမှာ ခေါင်းနဲ့ လည်ပင်းကတော့ အနည်းငယ် ထူးခြားပါတယ်။ ကလေးရဲ့ ခေါင်းနဲ့ခြေထောက်ကအရွယ်နဲ့ လိုက်ပြီး ပြောင်းလဲပါတယ်။ မွေးကင်းစအရွယ်မှာ ခေါင်းကနေ ခြေထောက်ကို တိုင်းကြည့် ရင် ခေါင်းအရွယ်အစားက လေးပုံတစ်ပုံ လောက်ရှိပါတယ်။ အရွယ်ရောက်လာ တဲ့အချိန်မှာတော့ ခေါင်းအရွယ်အစားက အရပ်အမြင့်ရဲ့ ခုနစ်ပုံတစ်ပုံသာရှိပါတော့ တယ်။ တချို့ကလေးတွေမှာ ငယ်ငယ်က ခေါင်းကြီးတယ်၊ အရွယ်ရောက်လာတော့ ပုံမှန်ဖြစ်သွားတယ်ဆိုပေမယ့် တချို့ ကလေးတွေမှာ အရွယ်ရောက်လာပေ မယ့် ခေါင်းက ဆက်ကြီးနေတာမျိုး ဖြစ် တတ်ပါတယ်။ အဲဒါက ခေါင်းကြီးရောဂါ ပါ။ အဲ့ဒီလိုဖြစ်ခဲ့ရင် ကျန်းမာရေးဝန်ထမ်း တွေကို စောစောစီးစီး ပြသနိုင်မယ်ဆိုရင် ကလေးအတွက် အကျိုးရှိပါတယ်။

ခြေထောက်အရှည်ကလည်း မွေး ကင်းစမှာ ကလေးအရပ်ရဲ့ ရှစ်ပုံသုံးပုံရှိရ ပါမယ်။ အရွယ်ရောက်တဲ့အချိန်မှာတော့ အရပ်အမြင့်ရဲ့ နှစ်ပုံတစ်ပုံခန့်ရှိရပါမယ်။ ဦးနှောက်ဖွံ့ဖြိုးမှုက မွေးကင်းစအရွယ်မှာ ခန္ဓာကိုယ်ရဲ့ ၂၅ ရာခိုင်နှုန်း ဖွံ့ဖြိုးလာပြီး ၅ နှစ်အရွယ်မှာ ခန္ဓာကိုယ်ရဲ့ ၉၀ ရာခိုင် နှုန်း ဖွံ့ဖြိုးပြီး ၁၀ နှစ် အရွယ်မှာ ခန္ဓာ ကိုယ်ရဲ့ ၉၅ ရာခိုင်နှုန်း ဖွံ့ဖြိုးပါတယ်။
သားနံရည်ကျိတ်တွေက ၁၀ နှစ် ကနေ ၁၂ နှစ်အတွင်းမှာ ဖွံ့ဖြိုးမှု အများ ဆုံးဖြစ်ပြီး နောက်ပိုင်းမှာ ပုံမှန်ပြန်ဖြစ် သွားပါတယ်။ ပုံမှန်မဟုတ်ဘဲ ဆက်ပြီး ကြီးထွားနေမယ်ဆိုရင်တော့ အစားအ သောက်ကြောင့်လား၊ ရောဂါတစ်ခုခု ကြောင့်လားဆိုတာ ဆရာဝန်နဲ့ပြသပြီး စစ်ဆေးဖို့ လိုပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal