ကလေးတစ်ယောက်အတွက် သင့်တော်တဲ့ ကျောပိုးအိတ်အလေးချိန်က ဘယ်လောက်လဲ

  • ကျောပိုးအိတ်အလေးကြီးတွေ သယ်ရတာဟာ ခန္ဓာကိုယ်အချိုးအစားကို ထိခိုက်တာ (postural disorder/unn-atural posture alignment)၊ နှလုံးခုန် နှုန်းမူမမှန်တာ၊ နှလုံးက အောက်ဆီဂျင်ရရှိ မှုလျော့နည်းတာတွေ ဖြစ်စေနိုင်ပါတယ်။ အားစိုက်ပြီး သယ်ပိုးရတာဖြစ်လို့ ကျော ရိုးမကြီး အသွင်ပြောင်းလဲမှု (Spinal deformities) အထိပါ ဖြစ်လာနိုင်ပါ တယ်။
  •   ကျောပိုးအိတ်ပုံစံ မှန်ကန်ဖို့နဲ့ လွယ် တဲ့ပုံစံစနစ်ကျဖို့ လိုပါတယ်။ ပခုံးနှစ်ဖက် စလုံးပေါ်မှာ တင်လွယ်ရတဲ့ကြိုးပါတဲ့ ကျောပိုးအိတ်မျိုးဖြစ်ပြီး တောင့်တောင့် တင်းတင်းရှိဖို့ လိုပါတယ်။ ကျောပိုးအိတ် ကို တစ်ဖက်တည်း လွယ်တာမျိုး မလုပ် ပါနဲ့။
  •  ကလေးတစ်ယောက်ဟာ သူရဲ့ ကိုယ်အလေးချိန် ၁၀ ရာခိုင်နှုန်းထက်ပို တဲ့ အိတ်တွေကို မသယ်ပိုးသင့်ပါဘူး။ ဥပမာ- ၅၀ ကီလိုဂရမ် ကိုယ်အလေးချိန် ရှိတဲ့ကလေးဟာ သူရဲ့ ကျောပိုးအိတ်အ လေးချိန် ၅ ကီလိုဂရမ်ထက် မပိုရပါဘူး။

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *