American Academy of Pediatrics ရဲ့သုတေသီတွေက ကလေးငယ် တွေကို ဓာတ်မတည့်နိုင်ခြေများတဲ့အ စားအသောက်တွေနဲ့စောစီးစွာထိတွေ့ ပေးတာက ဓာတ်မတည့်တဲ့အခြေအနေ တွေမခံစားရအောင်ကာကွယ်ပေးနိုင် တယ်လို့ ဆိုလိုက်ပါတယ်။ ကလေးမွေး ပြီးတဲ့နောက် အနည်းဆုံးသုံးလကနေ လေးလအထိ မိခင်နို့တိုက်ကျွေးတာက အရေပြားဓာတ်မတည့်တာကိုကာကွယ် နိုင်ပြီး သုံးလကနေလေးလအထိတိုက် မယ်ဆိုရင်တော့ ပန်းနာရင်ကျပ်ရောဂါမ ဖြစ်အောင်ကာကွယ်ပေးတယ်လို့ ပါရှိပါ တယ်။ နို့မှုန့်သုံးတဲ့မိဘတွေအတွက်က တော့ ဘယ်လောက်ဈေးကြီးတဲ့နို့မှုန့်ဖြစ် ဖြစ် ဓာတ်မတည့်တဲ့အခြေအနေတွေကို ကာကွယ်မပေးနိုင်ပါဘူး။ အစောပိုင်းမှာ ကလေးတွေရဲ့ကိုယ်ခံအားစနစ်က သုံး နှစ်မတိုင်မီအရွယ်မှာ ဓာတ်မတည့်တဲ့အ စားအသောက်တွေကိုခံနိုင်ရည်မရှိဘူးလို့ယူဆခဲ့ကြပေမယ့် အခုအခါမှာတော့ ငယ်ရွယ်စဉ်မှာ ကလေးရဲ့ကိုယ်ခံအားစ နစ်ကို ဖိအားပေးထားဖို့လိုတယ်လို့ဆို လာပါတယ်။
(AP,21.3.19) အေးယုနိုင်