ကလေးများအတွက် H1N1 တုပ်ကွေးရောဂါကာကွယ်ရန် အာဟာရပိုင်းဆိုင်ရာလိုအပ်ချက်နှင့် နေထိုင်စားသောက်မှု ပုံစံများ

မိုးရာသီရောက်သည်နှင့် တုပ်ကွေး ရောဂါတွေက ဖြစ်လာကြစမြဲပါ။ ရာသီ တုပ်ကွေးရောဂါကတော့ ပျောက်ကင်း တာမြန်ပေမယ့် H1N1 ဗိုင်းရပ်ကြောင့် ဖြစ်ပွားတဲ့တုပ်ကွေးကတော့ အသက်ဆုံး ပါးသည်အထိ ပြင်းထန်တတ်ကြပါသည်။
ကိုယ်ခံအားစနစ် (Immune System) နည်းပါးနေသည့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ ကင်ဆာရောဂါ ကုထုံးများကိုခံယူနေသူများ၊ Organ Transplant လုပ်ထားသူများ ၊ သွေးအား နည်းရောဂါခံစားနေသူများ စသည်ဖြင့် ထိုသူများအားလုံးသည် ကိုယ်ခံအားစနစ် မြင့်တက်လာအောင် စားသောက်နေထိုင် ရန် အရေးကြီးပါသည်။
ပရိုတင်းဟုခေါ်သည့် အသားဓာတ် များ၊ ဗီတာမင် စီ ပေါကြွယ်ဝသည့် အသီးအနှံများ၊ ဇင့်ဓာတ်များသည့် အ စားအစာများကို ဦးစားပေး၍ စားသောက် ပေးမည်ဆိုလျှင် ကိုယ်ခံစွမ်းအားမြင့် တက်ပြီး တုပ်ကွေးရောဂါအမျိုးမျိုးကို ကာကွယ်နိုင်မည်မှာ သေချာပါသည်။

ပရိုတင်းဟုခေါ်သည့် အသားဓာတ် များ ရရှိနိုင်ရန် ပဲဟင်းချို အမျိုးမျိုး သောက်ခြင်း၊ ကြက်စွပ်ပြုတ်၊ ငါးစွပ် ပြုတ်၊ ပုစွန်ပြုတ် သောက်ခြင်း စသည်တို့ သည် ကိုယ်ခံစွမ်းအားကို မြင့်တက်စေနိုင် ပါသည်။
ဗီတာမင် စီ ပေါကြွယ်ဝသည့် အ စားအစာတွေကတော့ အရည်ရွှမ်းတဲ့ အသီးတွေဖြစ်တဲ့ လိမ္မော်သီး၊ သံပရာသီး၊ ရှောက်သီး၊ မာလကာသီး၊ ဆန်းကစ်သီး၊ ဂရိတ်ဖရုသီး စသည်တို့ဖြစ်ပါသည်။ ဗီ တာမင် စီဟာ သွေးဖြူဥတွေထုတ်လုပ် ပေးတဲ့နေရာမှာ တိုးပွားစေတဲ့အတွက် ရောဂါပိုးတွေ ဝင်ရောက်လာလျှင် တိုက် ထုတ်ပေးရန် ကူညီပေးပါသည်။ နောက် တစ်မျိုးကတော့ ငရုတ်သီးပွ (အနီ ) တွေပါ။ ၎င်းမှာ ဘီတာကယ်ရိုတင်းပါတဲ့ အတွက် ကိုယ်ခံစွမ်းအားကို မြင့်တက် စေနိုင်ပါသည်။
အခြားအစာ စားသုံးသင့်သော အစားအစာများမှာ ပန်းပွင့်စိမ်း၊ ကြက် သွန်ဖြူ၊ ချင်းနဲ့ နနွင်းတို့ဖြစ်ပါသည်။ ထို့အပြင် ရေနွေးကြမ်းသောက်တာ ၊ ဒိန် ချဉ်သောက်တာတွေကလည်း ကိုယ်ခံ စွမ်းအားကို မြင့်တက်စေပါသည်။ အစား အစာများကို ပူပူနွေးနွေး ချက်ပြုတ်စား သောက်မည်ဆိုလျှင် အာဟာရဓာတ်များ ပိုမိုရရှိပြီး ကျန်းမာရေးနှင့်ပိုပြီး ညီညွတ် ပါသည်။ Food Safety ပိုဖြစ်ပါသည်။

ထို့အပြင် ဇင့်ဓါတ်ပေါကြွယ်ဝသည့် အစားအစာများကိုလည်း စားသောက် ပေးရန် လိုအပ်ပါသည်။ ဇင့်ဓာတ်သည် ကိုယ်ခံစွမ်းအားကို မြင့်တက်စေသည့် အပြင် အာဟာရဓာတ်များ စုပ်ယူမှုကို လည်း အားပေးပါသည်။ အနီရောင် အသားအမျိုးမျိုး၊ အဖြူရောင်အသား အမျိုးမျိုး၊ ဒိန်ချဉ် ၊ ဖရုံစေ့၊ သီဟိုဠ်စေ့ ကဲ့သို့သော အစေ့အဆန်များ၊ ကြက်ဥ ၊ မှိုနှင့် ဟင်းနုနယ်ကဲ့သို့သော အစားအစာ များတွင် ဇင့်ဓာတ်များ ပေါကြွယ်ဝသည် ကို တွေ့ရပါသည်။ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများတွင် အထူးသဖြင့် ပို၍ လိုအပ်ပါသည်။
အချုပ်အားဖြင့်ဆိုရလျှင် ကိုယ်ခံ စွမ်းအားမြင့်မားစေမည့် အစားအစာများ ကို မှန်ကန်စွာ စားသောက်ခြင်းဖြင့် လည်းကောင်း၊ ဗီတာမင် စီနှင့် ဇင့်ဓာတ် ပါဝင်သည့် အားဖြည့်စာများ (Supplements) နှင့် ဖြည့်ဆည်းခြင်း ဖြင့်လည်း ကောင်း တုပ်ကွေးရောဂါ အမျိုးမျိုးကို ကာကွယ်နိုင်ပါသည်။ ထို့အပြင် တစ်ကိုယ် ရေသန့်ရှင်းရေးကို အလေးပေးခြင်း၊ လက်ကို ဆပ်ပြာဖြင့် မကြာခဏ ဆေး ပေးခြင်းတို့ဖြင့် ရောဂါပိုးကူးစက်ခြင်း ကို ကာကွယ်ပေးနိုင်ပါသည်။ ကလေး ငယ်များကိုလည်း လူများသည့်နေရာများ (Crowed areas ) ကို ခေါ်ဆောင်သွား ခြင်းကို ရှောင်ကြဉ်သင့်ပါသည်။
လူသားအားလုံး တုပ်ကွေးရောဂါ အမျိုးမျိုး အထူးသဖြင့် H1N1 ဗိုင်းရပ် ရောဂါဖြစ်ပွားခြင်းမှ ကင်းဝေးပါစေလို့ ဆုတောင်းပေးရင်း . . .

ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်
အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး

Post Author: Good Health Journal