ကလေးမှာဖြစ်တဲ့ ဆီးချို သွေးချို

ဒီနေ့ခေတ်မှာ ဆီးချိုဖြစ်တဲ့ က လေးငယ်တွေ များပြားလာတာကို တွေ့ ရပါတယ်။ မျိုးရိုးကြောင့်ဖြစ်တာအပြင် လူနေမှုပုံစံကြောင့် ဖြစ်တာတွေလည်း ရှိ ပါတယ်။ ဆီးချိုဖြစ်ပြီဆိုရင် ဆီးချိုနဲ့ ဆက်စပ်နေတဲ့ နောက်ဆက်တွဲ ကျန်းမာ ရေးပြဿနာတွေဖြစ်တဲ့ နှလုံးရောဂါ၊ နှလုံးသွေးကြောကျဉ်းတာ၊ သွေးဖိအား တက်တာ၊ အာရုံကြောပျက်စီးတာ၊ အ မြင်အာရုံ ထိခိုက်တာ၊ ကျောက်ကပ်ပျက် စီးတာ၊ အရိုးထိခိုက်တာ၊ အရေပြား ပြဿနာဖြစ်တာတွေ ဖြစ်လာစေပါတယ်။

ကလေးတွေမှာလည်း လူကြီးတွေ လိုမျိုးပဲ ဆီးချိုသွေးချို အမျိုးအစား (၁) ရော အမျိုးအစား (၂) ရော ဖြစ်နိုင်ပါ တယ်။ အစာစားလိုက်တဲ့အခါ သွေးထဲမှာ ဂလူးကို့စ် (သကြားဓာတ်) တွေအဖြစ် ရောက်လာပါတယ်၊ ဒီအခါ ဂလူးကို့စ် တွေကို သွေးထဲကနေ ခန္ဓာကိုယ်ထဲက လိုအပ်တဲ့ ဆဲလ်တွေဆီ ပို့ဆောင်ပေးတဲ့ အလုပ်ကို အင်ဆူလင်က လုပ်ပေးရပါ တယ်။ အင်ဆူလင်မရှိတဲ့အခါ သွေးထဲမှာ သကြားဓာတ်တွေ မြင့်သထက်မြင့်လာ ပြီး ဆီးချိုရောဂါဆိုတာ ဖြစ်လာပါတယ်။
ယေဘုယျအားဖြင့် ဆီးချိုအမျိုး အစား (၁) ကို Autoimmune disorder လို့ သတ်မှတ်ပြီး ပုံမှန်မဟုတ်တဲ့ ကိုယ်ခံအားစနစ်ကြောင့် ကိုယ့် immune က ကိုယ့်ခန္ဓာတွင်းမှာရှိတဲ့ ဘီတာဆဲလ် တွေကို ဖျက်ဆီးပစ်လိုက်တာမျိုးပါ။ ဒီအခါ အင်ဆူလင်ထုတ်ဖို့ ဘီတာဆဲလ် တွေလုံးဝမရှိတဲ့အခါ အမျိုးအစား (၁) ဆီးချိုဖြစ်ပါတယ်။ ဆီးချို အမျိုးအစား (၁) က မျိုးရိုးဗီဇနဲ့ ပတ်ဝန်းကျင်ပေါ်မှာ လည်း မူတည်ပါတယ်။

မျိုးရိုးဗီဇကြောင့်ဖြစ်တဲ့ ဆီးချို အ မျိုးအစား (၁) က မွေးပြီး လပိုင်းအနည်း ငယ် ဒါမှမဟုတ် နှစ်အနည်းငယ် အ တွင်းမှာ ရောဂါရှိတာကို စစ်ဆေးသိရှိ နိုင်ပါတယ်။ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှု ကြောင့် ဆီးချိုအမျိုးအစား (၁) ဖြစ်စေ တဲ့ အကြောင်းရင်းတွေကတော့ á ကလေးမမွေးဖွားခင် လွှမ်းမိုးနိုင်တဲ့ အချက်တွေ (Prenatal influences) ထဲမှာ မိသားစုဝင်တစ်ဦးဦးမှာ ဆီးချိုအ မျိုးအစား (၁) ရှိနေတာ၊ မွေးကတည်း က ပေါင်ချိန်များတဲ့ကလေးဖြစ်တာ၊ အ မေက အသက်ကြီးမှ ကလေးမွေးတာ၊ မွေးချင်းအစဉ်နံပါတ်များတာ (Higher Birth Order) တွေပါဝင်ပါတယ်။ ဗီတာ မင်ဒီချို့တဲ့တာ၊ ဗိုင်းရပ်စ်ပိုး၊ Non Hispanic လူမျိုးဖြစ်တာ၊ ကလေးအရမ်း ငယ်စဉ်မှာ အမေနို့မတိုက်ဘဲ နွားနို့တိုက် တာတွေကလည်း ဆီးချိုအမျိုးအစား (၁) ဖြစ်စေမှုနဲ့ ဆက်စပ်နေတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။

ဆီးချိုအမျိုးအစား (၂) ကတော့ ခန္ဓာကိုယ်က အင်ဆူလင်ကောင်းကောင်း မထုတ်နိုင်တာ ဒါမှမဟုတ် ခန္ဓာကိုယ်က အင်ဆူလင်ကို အသုံးမပြုနိုင်တာကြောင့် ဖြစ်ပါတယ်။ ကိုယ်အလေးချိန်များနေတဲ့ ကလေးတွေနဲ့ အဝလွန်တဲ့ကလေးတွေ မှာ ဆီးချိုအမျိုးအစား (၂) ဖြစ်နိုင်ခြေများ ပါတယ်။ နောက်ထပ်ဖြစ်နိုင်ခြေတွေက တော့ မိဘ၊ မွေးချင်းတွေမှာ ဆီးချိုအမျိုး အစား (၂) ရှိနေတာ၊ လူနေမှုဘ၀နေ ထိုင်ပုံတွေနဲ့ အဓိက ဆက်စပ်နေပါတယ်။ အင်ဆူလင်ကို ခန္ဓာကိုယ်က တုံ့ပြန်နိုင် စွမ်းကျတာကြောင့်သော်လည်းကောင်း ပန်ကရိယက အင်ဆူလင်ကို လုံလောက် အောင် ထုတ်နိုင်စွမ်းမရှိတာကြောင့် သော် လည်းကောင်း ဆီးချိုးအမျိုးအစား (၂) ကို ဖြစ်စေပါတယ်။

ဆီးချိုအမျိုးအစား (၁) ပဲဖြစ်ဖြစ်၊ အမျိုးအစား (၂) ပဲဖြစ်ဖြစ် အဓိက က တော့ သွေးတွင်းသကြားဓာတ်ကို ပုံမှန် စံချိန်အတွင်း ထိန်းညှိရမှာဖြစ်ပါတယ်။ ဒီအတွက် ဆေးကိုပဲ အားကိုးလို့ မရပါ ဘူး။
ကလေးရဲ့ နေထိုင်မှုပုံစံဟာ Active lifestyle လို့ ခေါ်တဲ့ လှုပ်လှုပ်ရှားရှားရှိ ရပါမယ်။ Sedentary lifestyle လို့ ခေါ် တဲ့ အထိုင်၊ အလှဲများတာတွေကို ရှောင် ပါ။ အစားအစာရွေးချယ်မှုအပိုင်းမှာ လည်း ကျန်းမာရေးနဲ့ ညီညွတ်တာကို ရွေးချယ်စားဖို့၊ အလွန်အကျွံမစားမိစေဖို့ ဂရုစိုက်ရပါမယ်။

ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *