ကလေးအတွက် ပါရာစီတမော

ပါရာစီတမော လို့ခေါ်တဲ့ဆေးကို လူအများ သိဖူး၊ ကြားဖူးပြီးသားဖြစ်မှာပါ။ ခေါင်းမူးတယ်၊ ခေါင်းကိုက်တယ်၊ သွား နာတယ်၊ ကိုယ်ပူတယ်၊ ဖျားချင်သလိုဖြစ် တယ်ဆိုရင် အရင်ဆုံး လက်လှမ်းယူမိတဲ့ ဆေးဖြစ်ပါတယ်။ ကလေးတွေမှာ ပါရာ စီတမောတိုက်လို့ရလားဆိုရင် ရပါတယ်။ ဒါပေမဲ့ မတိုက်ခင်မှာ သိထားရမယ့် အချက်တွေလည်း ရှိပါတယ်။

 

ကလေးက ပါရာစီတမောသောက်ဖို့ လိုအပ်လား

– အဖျားရှိရုံနဲ့ ပါရာစီတမောတိုက်ဖို့  မလိုအပ်ပါဘူး။ ဆေးက ရောဂါရဲ့ အရင်း အမြစ်ကို ပျောက်အောင်မလုပ်နိုင်ပါဘူး၊ နာကျင်ကိုက်ခဲတဲ့ဝေဒနာကိုပဲ သက်သာ အောင် လုပ်ပေးနိုင်တာပါ။ ကလေးက ကာကွယ်ဆေးတွေလည်း ပုံမှန်ထိုးထား မယ်ဆိုရင် ကိုယ်ခံအားစနစ်ကောင်းပြီး သားမို့ အလိုလို ပျောက်ကင်းနိုင်ပါတယ်။  နေမကောင်းစဉ် ကိုယ်ခံအားပိုကောင်း အောင် အစားအစာသေချာကျွေးပြီး  ပြု စုပေးပါ။ ကလေးက အဖျားကြောင့် နေ မထိထိုင်မသာ၊ ခံရခက်နေမှသာ ပါရာစီ တမောဆေးကို တိုက်ရပါမယ်။

– ပါရာစီတမောဆေး မတိုက်ခင်မှာ ဆေးရဲ့ ပမာဏ (Dosage-ပြင်းအား) က ကလေးအတွက် မှန်ကန်ဖို့လိုပါတယ်။ ဆေးပမာဏက ကလေးရဲ့ ကိုယ်အလေး ချိန်ပေါ်မူတည်ပြီးတွက်ရတာပါ၊ အသက် ကိုကြည့်ပြီး ဆေးပမာဏ ပုံသေပေးလို့ မရပါဘူး။ လူကြီးသောက်တဲ့ဆေးတွေကို  ကလေးသောက်ဖို့ ဖဲ့ပြီးတိုက်တာတွေ  မလုပ်ပါနဲ့။ ဒါကြောင့် ဆေးပညာကျွမ်း ကျင်သူနဲ့ တိုင်ပင်ပြီးမှ တိုက်ပါ။

– ကလေးကို ပါရာစီတမော ဆေးတစ် ကြိမ်တိုက်ပြီးရင် လေးနာရီ စောင့်ကြည့် ပါ၊ သက်သာရင် ထပ်မတိုက်ပါနဲ့၊ လိုအပ်  မှ ထပ်တိုက်ပါ။ အနည်းဆုံးလေးနာရီခြား ပြီးမှ နောက်တစ်ကြိမ် ဆေးတိုက်ပါ။ ပါရာစီတမောဆေးကို တစ်နေ့ လေးကြိမ် ထက် ပိုမတိုက်ရပါဘူး။

– ကလေးအသက် သုံးလအောက်မှာ တော့ ပါရာစီတမော မတိုက်ဖို့ ပြောထား ပါတယ်။ လသားအရွယ် ကလေးငယ်တွေ ဖျားနာရင် ကိုယ့်သဘောနဲ့ကိုယ် ဆေး မတိုက်ပါနဲ့၊ ဆေးရုံ၊ ဆေးခန်းမှာ သွားပြ ဖို့ လိုပါတယ်။

– ပါရာစီတမောဆေးကို ကာကွယ် ဆေးတွေ (ပိုလီယိုကာကွယ်ဆေး၊ မေး ခိုင်ကာကွယ်ဆေး၊ ဆုံဆို့နာကာကွယ် ဆေး၊ အစရှိသဖြင့်) မထိုးခင် တိုက်တာ မလုပ်ပါနဲ့။ ကာကွယ်ဆေးထိုးပြီး ကလေးဖျားရင် တိုက်သင့်၊ မတိုက်သင့် ကို ဆရာဝန်နဲ့အရင်တိုင်ပင်ပါ။ ပါရာ စီတမောက ကာကွယ်ဆေးတွေရဲ့ အာနိ သင်ကို လျော့ကျစေနိုင်ပါတယ်။

သတိပြုပါ

– ပါရာစီတမော ဆေးပမာဏ အရမ်း များရင် ကလေးရဲ့ အသည်းကို ထိခိုက် စေပါတယ်။ ပမာဏ အရမ်းများများ သောက်မိပြီဆိုရင် ခေါင်းမူးတာ၊ အော့ အန်တာ၊ ဝမ်းလျှောတာ၊ အသားအရေ တွေ၊ မျက်လုံးတွေ ဝါလာတာ၊ အစာစား ချင်စိတ်မရှိတာ၊ အလွန်အမင်းမိန်းမော ပြီး အိပ်ချင်တာတွေ ဖြစ်လာစေပါတယ်။

– ဆေးပုလင်းတွေကို ကလေးတွေ လက်လှမ်းမမီတဲ့နေရာ၊ မမြင်နိုင်တဲ့နေ ရာမှာ သိမ်းဆည်းပါ။ ပါရာစီတမောဆေး ပုလင်းကို ရေခဲသေတ္တာထဲထည့်သိမ်းစရာ မလိုပါဘူး။ သော့ခတ်ထားလို့ရမယ့် ပုံးထဲ၊ ဘီရိုထဲမှာ သိမ်းမယ်ဆိုရင် ပို ကောင်းပါမယ်။

 

ကိုယ်ဝန်ဆောင်မိခင်တွေ ပါရာစီတမော သောက် လို့ရလား

– ပါရာစီတမောကို ပုံမှန်ဆေးပမာဏ သောက်တာက ကလေးပျက်ကြတာ၊ ကလေးကို ထိခိုက်တာမျိုး မဖြစ်စေတတ် ပါဘူး။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်မိခင်က  မကြာခဏ ပါရာစီတမောဆေး သောက် နေရတယ်ဆိုရင် ကလေးက ငယ်ဘ၀မှာ ပန်းနာရင်ကျပ်ရောဂါ ဖြစ်တတ်ပါတယ်။

– ကိုယ်ဝန်ဆောင်မိခင်က ပါရာစီ တမောဆေးကို အလွန်အကျွံသောက် မယ်ဆိုရင်တော့ ကိုယ်ဝန်ပျက်ကျတာ၊ ဗိုက်ထဲက ကလေးလေးသေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။

ထူးဒါလီကိုကို (MPharm) 

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *