ကလေးအားလုံးကို တုပ်ကွေးကာကွယ်ဆေး အမြန်ဆုံးထိုးပေးသင့်ဟု ဆို

အသက်ခြောက်လနဲ့အထက် ကလေးအားလုံးကို တုပ် ကွေးကာကွယ်ဆေး ထိုးပေးထားသင့်တယ်လို့ အမေရိကန် က လေးအထူးကုဆရာဝန်များအဖွဲ့က ပြောလိုက်ပါတယ်။ ဒါဆိုရင် ကလေးတွေဟာ အပြင်းဖျားနိုင်ခြေနဲ့တုပ်ကွေးနဲ့ ဆက်စပ်တဲ့ အဖျားကြောင့် သေဆုံးနိုင်ခြေ သိသိသာသာနည်းသွားပါမယ်တဲ့။ “တုပ်ကွေးပိုးကတော့ ကူးစက်လွယ်ပေမယ့် ဘယ်တော့ကူးမယ် ဆိုတာ ကြိုမပြောနိုင်ဘူးလေ။ ကျန်းမာတဲ့ကလေးဆိုရင်တောင် အဲဒီရဲ့ထပ်တိုးရောဂါသစ်ဒဏ်ကို ခံနိုင်ဖို့မလွယ်ဘူး။ ဒါကြောင့် ကလေးကိုသာ ကာကွယ်ဆေးထိုးပေးထားလိုက်ရင် တုပ်ကွေး ကြောင့် ဆေးရုံတက်ရတဲ့အဖြစ်မျိုးလည်း မရှိနိုင်တော့ဘူးပေါ့”လို့ ဒေါက်တာဖလော်မြူနို့ဇ်က ပြောပါတယ်။ ၂၀၁၇-၂၀၁၈ မှာဖြစ်တဲ့ တုပ်ကွေးရာသီက အဆိုးရွားဆုံးစံချိန်တွေထဲမှာ ပါ တယ်လို့ အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေးစင်တာ က ဆိုပါတယ်။ သြဂုတ်လ ၁၈ ရက်အထိ ရထားတဲ့အခြေအနေအ ရဆိုရင် အမေရိကန်မှာ ကလေးထောင်ပေါင်းများစွာဟာ ဆေး ရုံတက်လိုက်ရပြီး ကလေး ၁၇၉ ယောက်ကတော့ တုပ်ကွေးနဲ့ ဆက်စပ်တဲ့အကြောင်းတရားတွေကြောင့် သေဆုံးသွားပါပြီ။ သေဆုံးတဲ့ကလေးတွေထဲမှာ ၈၀ ရာခိုင်နှုန်းလောက်ဟာ ကာ ကွယ်ဆေးထိုးမထားသူတွေဖြစ်ပါသတဲ့။

◘(UPI, 6.9.18) ချယ်ရီ

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *