ကလေးမြန်မြန်ရလိုသူတို့ ဘာတွေရှောင်ကြမလဲ

တချို့အမျိုးသမီးတွေက သားသမီး ရလွယ်ပေမယ့် တချို့မှာတော့ သားသမီး လိုချင်ပေမယ့် မရနိုင်တဲ့ အခြေအနေမျိုး တွေ ရှိနေတတ်ပါတယ်။ အိမ်ထောင်တစ် ခု ထူထောင်ပြီးရင် မိသားစုဆိုတဲ့ ခေါင်း စဉ်တပ်ဖို့ သားသမီးဆိုတဲ့ ရတနာလေး တွေရှိဖို့ လိုပါတယ်။ အိမ်ရဲ့ဆည်းလည်း၊ အိမ်ထောင်တစ်ခုရဲ့ သံယောဇဉ်နှောင် ကြိုး၊ ဘိုးဘွားတို့ရဲ့ အသက်ရှည်ဆေး လေးတွေကို ရရှိဖို့ ခက်ခဲနေတယ်၊ လိုက် နာသင့်တဲ့အချက်တွေကိုလည်း လိုက်နာ နေတယ်ဆိုပေမယ့်လည်း ရှောင်သင့်တဲ့ အချက်တွေကို ရှောင်နိုင်ဖို့လည်း လိုပါ တယ်။ အမျိုးသမီးတွေ သားဥကြွေတဲ့ဖြစ် စဉ် ပုံမှန်ဖြစ်ပြီး မျိုးအောင်နိုင်စွမ်း ကောင်း မွန်စေဖို့အတွက်ဆိုရင် အောက်ပါအချက် တွေကို ရှောင်ကြဉ်ဖို့ လိုပါတယ်။

(၁) မျိုးအောင်မှုကို အဟန့်အတားဖြစ်စေ သောအစားအစာများ စားသုံးခြင်း
ဟားဗတ်ဆေးကျောင်းရဲ့ အစားအ စာနဲ့ မျိုးပွားနိုင်မှုကို လေ့လာမှုအရ အ သက်အရွယ်၊ မျိုးရိုးဗီဇတွေက ထိန်းချုပ် နိုင်မှု မရှိတာကို တွေ့ရပါတယ်။ အဲဒီလိုပဲ အစားအစာ စားသောက်တာနဲ့ အစားအ သောက်ရှောင်တာတွေက မျိုးပွားနိုင်မှုနဲ့ ဆက်စပ်မှုမရှိဘူးလည်း လေ့လာမှုကနေ သိရှိရပါတယ်။ ဒါပေမဲ့ အစားအစာတွေ က အမျိုးသမီးတွေရဲ့ သားဥကြွေတဲ့ဖြစ် စဉ်ကိုတော့ ထူးခြားစွာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

(၂) ပြဒါးဓာတ်ပါဝင်မှုများသော ငါးစား သုံးခြင်း
သားသမီးရယူဖို့ အစီအစဉ်ချပြီး ကြိုးစားနေတဲ့အချိန်မှာ ပြဒါးဓာတ်ပါဝင်မှု များတဲ့ ငါးစားသုံးမှုကို လျှော့ချရပါမယ်။ အမေရိကန် FDဗ က ပြဒါးပါဝင်မှု နည်း တဲ့ငါးတွေကိုလည်း တစ်ပတ်မှာ ၁၂ အောင်စထက် ပိုမစားသင့်ဘူးလို့ အကြံ ပြုထားပါတယ်။

(၃) မကောင်းသော ကစီဓာတ်များ စားသုံး ခြင်း
ခန္ဓာကိုယ်အတွက် မကောင်းတဲ့ ကစီဓာတ်နဲ့ အဆင့်ဆင့်ပြောင်းလဲထုတ် လုပ်ထားတဲ့ ကစီဓာတ်တွေကို ခန္ဓာကိုယ် တွင်းမှာ လျင်လျင်မြန်မြန် အစာချက်ပြီး သွေးတွင်းသကြားဓာတ်ကို တက်လာစေ ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ပုံမှန် ဖြစ်အောင်ထိန်းဖို့ ပန်ကရိယက အင်ဆူ လင်ဟော်မုန်းတွေ သွေးတွင်းကို ထုတ်ပေးရပါတယ်။ ကောင်းတဲ့ကစီ ဓာတ်တွေကို အမျှင်ဓာတ်များစွာရရှိနိုင်တဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုးနဲ့ ကောက်နှံတစ်ခုလုံးပါဝင်စာတွေကနေ ရရှိနိုင်ပါတယ်။ ကောင်းတဲ့ကစီဓာတ်တွေ က အစာချေဖျက်မှု နှေးကွေးပြီး သွေး တွင်းသကြားဓာတ်နဲ့ သွေးတွင်းအင်ဆူ လင်ဟော်မုန်းပမာဏကို တည်ငြိမ်စေပါ တယ်။ လေ့လာမှုတွေအရ သွေးတွင်းအင် ဆူလင် ဟော်မုန်းပမာဏများပါက သားဥကြွေတာကို အဟန့်အတား ဖြစ်စေပါတယ်။

(၄) ပြည့်ဝဆီများ စားသုံးခြင်း
အပူချိန်ပြင်းပြင်းပေးပြီး ထပ်ခါထပ် ခါ ကြော်ထားတဲ့ ပုံပြောင်းအဆီတွေ စား သုံးတာကို လုံးဝရှောင်ပါ။ ဆီကြော်စာ တွေ၊ တိရစ္ဆာန်မှရတဲ့ အဆီတွေနဲ့ တချို့ မာဂျရင်းတွေက စားသုံးဖို့ မသင့်တဲ့အဆီ တွေပါ။
အင်ဆူလင်ဟော်မုန်းရဲ့တာဝန်က သွေးထဲက ဂလူးကို့စ်တွေကို ဆဲလ်တွေ ထဲကို ရောက်သွားစေဖို့ပါ။ ပုံပြောင်းအဆီ တွေကို အစားများရင် အင်ဆူလင်ရဲ့ လုပ် ငန်းဆောင်တာက ခက်ခဲသွားတာ ကြောင့် သွေးတွင်းမှာ ဂလူးကို့စ်တွေ များလာပါတယ်။ ဂလူးကို့စ်တွေ များ နေတာကြောင့် ပန်ကရိယက အင်ဆူ လင်ဟော်မုန်းတွေ ပိုထုတ်ရပါတယ်။ ပိုထုတ်တာကြောင့် သွေးထဲမှာ အင်ဆူလင် ဟော်မုန်းတွေ များနေတဲ့အခါ ခန္ဓာကိုယ် ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုတွေကို အနှောင့် အယှက်ဖြစ်စေပြီးသားဥကြွေတဲ့ဖြစ်စဉ် ကိုလည်း အဟန့်အတား ဖြစ်စေပါတယ်။

(၅) ပရိုတင်းများ စားသုံးမှုနည်းခြင်း
ပရိုတင်းဓာတ်ရရှိအောင် အသား တွေစားသုံးတာထက် အပင်ထွက် အစား အစာတွေကနေ ရရှိအောင် စားသုံးပါ။ အပင်ထွက် ပရိုတင်းကို ပဲအမျိုးမျိုး၊ အစေ့အဆန်နဲ့ တိုဟူးတွေကနေရရှိနိုင် ပြီး ကျန်းမာရေးနဲ့ ညီညွတ်စေပါတယ်။ ကယ်လိုရီရရှိမှု နည်းတာကြောင့် ကိုယ် အလေးချိန်ကိုလည်း ပုံမှန် ထိန်းထားနိုင် ပါတယ်။

(၆) အဆီထုတ်မထားသော နို့သောက်ခြင်း
အဆီထုတ်မထားတဲ့ နွားနို့နဲ့ ဒိန်ချဉ် တွေကို တစ်နေ့နှစ်ခွက်သောက်သုံးနေ တာထက် အဆီထုတ်ထားတဲ့ နို့နဲ့ဒိန်ချဉ် တွေ စားသုံးပါက သားသမီးရရှိဖို့ အ ထောက်အကူဖြစ်စေပါတယ်။ ဟားဗတ် ပြည်သူ့ကျန်းမာရေးတက္ကသိုလ်မှ သုတေ သီက အဆီထုတ်မထားတဲ့ နွားနို့နဲ့ ဒိန် ချဉ်တွေ သောက်တာကြောင့် သားသမီးရ ရှိနိုင်ခြေကို လျော့နည်းစေတယ်လို့ ပြော ပါတယ်။
(၇) ဗီတာမင်နှင့် သတ္တုဓာတ်မျိုးစုံပါသော ဖြည့်စွက်ဆေးများ မသောက်သုံးခြင်း
ဖောလစ်အက်စစ် ၄၀၀ မိုက်ခရိုဂ ရမ် နဲ့ သံဓာတ် ၄၀-၈၀ မီလီဂရမ်ပါဝင် တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်မျိုးစုံပါ အား ဆေးကို တစ်နေ့တစ်လုံးသောက်ပေးပါ။ ဟားဗတ်တက္ကသိုလ်ရဲ့ ရှစ်နှစ်ကြာ လေ့ လာမှုအရ နေ့စဉ်ဖောလစ်အက်စစ် ၄၀၀ မီလီဂရမ် သောက်သုံးသူအမျိုးသမီးတွေ က မသောက်သုံးသူတွေထက် မျိုးအောင် နိုင်စွမ်း ၄၀ ရာခိုင်နှုန်း ပိုမိုကောင်းမွန်စေ တယ်လို့ တွေ့ရှိခဲ့ပါတယ်။

(၈) ကော်ဖီ၊ လက်ဖက်ရည် များစွာ သောက်သုံးခြင်း
ကော်ဖီ၊ လက်ဖက်ရည်နဲ့ အရက်ကို သင့်တင့်ရုံသာ သောက်သုံးသင့်ပြီး စွမ်း အားဖြည့်အချိုရည်တွေကို လုံးဝရှောင် ကြဉ်သင့်ပါတယ်။ ဟားဗတ်တက္ကသိုလ်ရဲ့ လေ့လာမှုအရ တစ်နေ့ကို အရက် တစ် ခွက်-နှစ်ခွက် ဒါမှမဟုတ် ကော်ဖီနဲ့လက် ဖက်ရည်များစွာ သောက်သုံးပါက သားဥ ကြွေတဲ့ဖြစ်စဉ်ကို ထိခိုက်စေတယ်လို့ သိရပါတယ်။

(၉) ဆော်ဒါအချိုရည်များ သောက်သုံးခြင်း
ဆော်ဒါအချိုရည်တွေ သောက်သုံး တာက သားသမီးရရှိဖို့ အခွင့်အလမ်းကို နည်းစေပါတယ်။ အချိုရည်တွေသောက် တာက သွေးတွင်းသကြားဓာတ်ကို မြင့် မားစေတာကြောင့်ပါ။

(၁၀) အရက်သောက်သုံးခြင်း
အရက်သောက်သုံးတာက သားသ မီးရရှိမှုကို ခက်ခဲစေတဲ့အပြင် သားပျက် သားလျှောဖြစ်နိုင်ခြေကိုလည်း များစေပါ တယ်။ ရုံးပိတ်ရက် တစ်ပတ်နှစ်ရက် လောက် ညစာနဲ့အတူ အရက်တစ်ခွက်၊ နှစ်ခွက်လောက်သောက်တာတောင် သားသမီးရရှိနိုင်ခြေကို ထိခိုက်စေပါ တယ်။

(၁၁) ကိုယ်အလေးချိန် များလွန်းခြင်း
ကိုယ်အလေးချိန်က မျိုးအောင်နိုင် စွမ်း ကောင်းမွန်တဲ့ အတိုင်းအတာအ တွင်းသာ ရှိသင့်ပါတယ်။ ကိုယ်အလေး ချိန်နဲ့ အရပ်ကို အချိုးချတွက်တဲ့ BMI က ၁၈.၅နဲ့ ၂၄ အတွင်းရှိရပါမယ်။ BMI ၁၈.၅ အောက်နည်းပြီး အရမ်းပိန်လွန်း တာ ဒါမှမဟုတ် BMI ၂၅ ထက်ကျော် လွန်ပြီး ၀လွန်းတာတွေက သားဥကြွေတဲ့ ဖြစ်စဉ်ကို ထိခိုက်စေတာကြောင့် မျိုးပွား နိုင်ခြေကို လျော့နည်းစေပါတယ်။ ကိုယ် အလေးချိန်နည်းလွန်းသူ ဒါမှမဟုတ် များလွန်းသူတွေ ကိုယ်ဝန်ဆောင်ခဲ့ရင် လည်း ကျန်းမာပြီး ဖွံ့ဖြိုးတဲ့ သန္ဓေသား ရရှိနိုင်ခြေ နည်းပါတယ်။

(၁၂) လေ့ကျင့်ခန်း မလုပ်ဆောင်ခြင်း
တစ်နေ့ကို မိနစ် ၃၀ လောက် ပုံမှန် လေ့ကျင့်ခန်းပြုလုပ်ပြီး ကိုယ်အလေးချိန် ထိန်းသိမ်းပေးပါ။ လေ့ကျင့်ခန်းလုပ်တာ ကြောင့် ကိုယ်အလေးချိန် ထိန်းနိုင်ပြီး မျိုးပွားအင်္ဂါတွေဆီ သွေးရောက်ရှိမှု ကောင်းမွန်စေပါတယ်။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *