ကလေးနို့တိုက်မိခင်များ သိထားသင့်သည့် Tips

မိမိကလေးကို မိခင်နို့တိုက်ကျွေးတာက ကလေးအတွက် အာဟာရပြည့်ဝစွာရတဲ့အပြင် မိခင်နဲ့ ကလေး ရင်းနှီးစွာဆက်နွှယ်မှုပိုမိုသန်မာစေနိုင်ပါတယ်။ မိခင်နို့တိုက်ဖို့ဆိုတာက သားဦးမိခင်တွေမှာ အတွေ့အကြုံလိုအပ်တာကြောင့် အခက်အခဲရှိနိုင်ပါတယ်။ အောက်ဖော်ပြပါတို့ဟာ နို့တိုက်မိခင်တွေ အတွက် အသုံးဝင်နိုင်မယ့် အကြောင်းအရာတွေပါ။

သားမြတ်ပူနွေးနေရင် နို့ပိုမိုထွက်နိုင်ပါတယ်

မိမိကလေးကို နို့မတိုက်ခင်မှာ ရေနွေးဖတ်ချွေး သုတ်ပဝါနဲ့ သားမြတ်ကို နှိပ်နယ်ပေးပါ။ ဒါမှ မဟုတ်ရင်လည်း ရေနွေးနဲ့ ရေချိုးထားပါ။ ဒီလိုလုပ် တာကြောင့် နို့ထွက်အား ကောင်းမွန်နိုင်ပါတယ်။ နို့ ချောင်းပိတ်ဆို့မှုမရှိအောင်လည်း ကာကွယ်နိုင်ပါ တယ်။

နို့တိုက်ထားတဲ့သားမြတ်ဘက်ကို သိစေဖို့ လက်ဝတ်လက်စားနဲ့ အမှတ်အသားပြုလုပ်ပါ


တချို့မိခင်တွေက မိမိကလေးကို နို့ချိုတိုက် ကျွေးတဲ့အခါမှာ တစ်ကြိမ်ကို သားမြတ်တစ်ဖက် တည်းကိုပဲ တိုက်ကျွေးတတ်တာရှိသလို တချို့ ကျတော့လည်း တစ်ကြိမ်တည်းမှာတင် နှစ်ဖက်စ လုံးမျှပြီး တိုက်ကျွေးတတ်ပါတယ်။ ဘယ်လိုပဲလုပ် လုပ်၊ သင်နောက်ဆုံးတိုက်ခဲ့တဲ့ သားမြတ်ဘက်ကို မှတ်မိဖို့အတွက် အဲဒီသားမြတ်ဘက်အခြမ်းက လက် မှာ (ဥပမာ မိမိနောက်ဆုံးတိုက်ခဲ့တာက ဘယ်ဘက် သားမြတ်ဖြစ်ရင် ဘယ်ဘက်လက်၊ ညာဘက်သား မြတ်ဖြစ်ရင် ညာဘက်လက်) လက်စွပ်ဝတ်ထား လိုက်ပါ။ ဒါမှ အလုပ်များလို့ မေ့လျော့သွားရင်လည်း ဒီလိုဝတ်ဆင်ထားတဲ့အတွက် အမှတ်ရနေမှာပါ။ လက်စွပ်အလွယ်တကူ မရှိခဲ့ရင်လည်း ခေါင်းစည်း ကြိုးကို အမှတ်အသားအနေနဲ့ ပတ်ထားလိုက်ပါ။

နို့ထွက်သန်စေတဲ့ အားဖြည့်ဆေးတွေ မှီဝဲပါ

Milk Thistle လိုမျိုး အားဖြည့်ဆေးတွေက နို့ထွက်သန်စေဖို့အတွက် အသုံးပြုနိုင်ပါတယ်။ ဒီအားဖြည့်ဆေးတွေကို ဆေးဆိုင်တွေမှာ အလွယ် တကူ ဝယ်ယူနိုင်ပါတယ်။ ဒါပေမဲ့ ဒါတွေကို မမှီဝဲခင် မှာ ဆရာဝန်နဲ့ ဦးစွာတိုင်ပင်ပါ။

နို့သက်နေရင် နို့ခံခွက်အသုံးပြုပါ

တချို့မိခင်တွေက နို့တိုက်နေစဉ်အတွင်း တစ် ဖက်နို့အုံက ယိုစီးလာတဲ့ နို့တွေကို နှမြောနေတတ် ပါတယ်။ အဲဒီအခါ မိခင်နို့တွေ အလဟဿမဖြစ် အောင် နို့ခံခွက်ကို အသုံးပြုပါ။

မိခင်နို့ကို ရေခဲခွက်ထဲမှာ သိုလှောင်နိုင်ပါတယ်

သင်ဟာ ဝန်ထမ်းဖြစ်လို့ သင်အလုပ်သွားနေ စဉ် သင့်ကလေးငယ် နေ့လယ်မှာ နို့စို့ဖို့အတွက် နို့ကြိုတင်ညှစ်ထားခဲ့ရင် အဲဒီနို့တွေကို ရေခဲတုံးလုပ် တဲ့ခွက်ထဲထည့်ပြီး အေးခဲထားနိုင်ပါတယ်။ ဒါမှမ ဟုတ်ရင်လည်း နို့ထည့်တဲ့အိတ်ထဲထည့်ပြီး ရေခဲ သေတ္တာထဲက ရေခဲတဲ့နေရာမှာထားပါ။ နို့ရေခဲတုံး တစ်တုံးဟာ နို့တစ်အောင်စနဲ့ ညီမျှပါတယ်။

ရေများများသောက်ပါ

မိခင်နို့မှာ ရေဓာတ်က ၉၀ ရာခိုင်နှုန်း ပါဝင်ပါ တယ်။ ဒါကြောင့် နို့တိုက်မိခင်တွေအနေနဲ့ တစ်နေ့ တာလုံး ရေများများသောက်ပေးဖို့ အလွန်အရေး ကြီးပါတယ်။ ရေသောက်မှသာ နို့ထွက်အား ပိုမို ကောင်းမွန်နိုင်မှာပါ။ နို့တိုက်မိခင်တွေအနေနဲ့ တစ်နေ့ကို အနည်းဆုံးရေ ၁၂ ခွက်သောက်ပေးသင့် ပါတယ်။

နို့ထွက်သန်စေဖို့ အားဖြည့်အစားအစာတွေ စားသုံးပါ

နို့ထွက်သန်စေဖို့ အားဖြည့်ဆေးတွေကို မမှီဝဲချင်ရင် အုတ်စပါးလိုမျိုး အစားအစာတွေကို စားသုံးတာကလည်း နို့ထွက်သန်စေနိုင်ပါတယ်။

လူအများရှေ့မှာ နို့တိုက်မယ်ဆိုရင် ရှပ်အင်္ကျီကို အပေါ်မှာ ထပ်ဝတ်ထားပါ

လူအများရှေ့မှာ မဖြစ်မနေ နို့တိုက်ရမယ်ဆို ရင် လူတွေမမြင်အောင် ရွပ္အက်ႌကို အေပၚမွာ ထပ္ဝတ္ထားလိုက္ပါ။ အထဲက အက်ႌလွန္တိုက္ေန စဥ္မွာ ရွပ္အက်ႌက ကာကွယ်ပေးထားပါလိမ့်မယ်။

မိခင်နို့ကနေ နို့ရေခဲချောင်း ပြုလုပ်နိုင်ပါတယ်

မိမိညှစ်ထားတဲ့နို့ကို ရေခဲချောင်းပြုလုပ်ပြီး သွားပေါက်စအရွယ် မိမိကလေးကိုကျွေးရင် သွား ယားတာ သက်သာနိုင်ပါတယ်။ ကလေးငယ်ဟာ အဖတ်စာ စတင်ကျွေးနိုင်တဲ့ ခြောက်လသားအရွယ် ရောက်နေပြီဆိုရင် မိခင်နို့ထဲကို ငှက်ပျောသီး၊ ပန်း သီး၊ ထောပတ်သီး၊ သစ်တော်သီးရောစပ်ပြီး ရေခဲ ချောင်းပြုလုပ်ပြီး ကျွေးနိုင်ပါတယ်။

နို့ခန်းအောင် ဂေါ်ဖီထုပ်အသုံးပြုပါ


မိမိကလေးကို နို့ဖြတ်ချင်ပေမယ့် နို့တွေက ဆက်လက်ထွက်ရှိနေမယ်ဆိုရင် နို့ခန်းအောင် ဂေါ်ဖီ ထုပ်အသုံးပြုနိုင်ပါတယ်။ ဂေါ်ဖီထုပ်က အဖတ်ကို နို့အုံပေါ်တင်ထားလိုက်ရုံနဲ့ နို့ခန်းသွားနိုင်တာက ဂေါ်ဖီထုပ်မှာပါဝင်တဲ့ အင်ဇိုင်းတွေကြောင့်ပါ။

နို့တိုက်နေစဉ် ထားသင့်တဲ့ကလေးအနေအထား

မိမိကလေးကို မိခင်နို့တိုက်ကျွေးတာက အလွန် ကောင်းမွန်ပါတယ်။ ဒါပေမဲ့ နို့တိုက်ကျွေးနေစဉ်မှာ မိမိသက်သောင့်သက်သာရှိဖို့အတွက် အလေ့ အကျင့်တွေ များစွာလိုအပ်ပါတယ်။ မိမိကလေးကို နို့တိုက်နေစဉ်မှာ ကလေးကို မှန်ကန်စွာထားသို ကိုင် တွယ်နိုင်ပါမှ နို့သီးခေါင်း နာကျင်မှုမရှိအောင် ကာ ကွယ်နိုင်မယ့်အပြင် မိခင်ရောကလေးပါ ကျေနပ် ပျော်ရွှင်နိုင်မှာပါ။ ဖော်ပြပါ ပုံတွေကတော့ ကလေး နို့တိုက်စဉ် ရှိသင့်တဲ့ အနေအထားတွေပါ။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal