ကျန်းမာချင်သူများ ဝေးဝေးရှောင်သင့်သည့် အမှား ခုနစ်မျိုး

နေ့စဉ်သုံးပစ္စည်းတွေဟာ နေ့စဉ်လူ နေမှုပုံစံတွေထဲမှာ လူကိုမကျန်းမာ အောင်လုပ်တာတွေ အများအပြားပါဝင် နေပါတယ်။ အဲဒီပစ္စည်းတွေနဲ့ ဝေးဝေး နေနိုင်လေကောင်းလေ၊ ကျန်းမာလေပဲ ဖြစ်တယ်။ ကျန်းမာစေဖို့ အောက်ပါ ခုနစ် ချက်ကို ရှောင်ရှားသင့်ပါတယ်။
၁။ အချိုကဲတဲ့အစားအစာတွေစားခြင်း

အချိုကဲတဲ့အစားအစာတွေဟာ လူ ကို ဆီးချို၊ အဝလွန်တာ၊ သွေးတိုး၊ နှလုံး သွေးကြောရောဂါတွေ၊ လေဖြတ်တာ၊ ရင်ကျပ်တာကအစ ရောဂါအမျိုးမျိုးဝင် အောင်လုပ်ပေးနေသလိုဖြစ်တယ်။ အစာ ခြေလုပ်ငန်းကိုလည်း အနှောင့်အယှက် ပေးသလို အစာအိမ်နဲ့အူလမ်းကြောင်း ရောဂါတွေကိုလည်း ဖြစ်ပွားစေနိုင်တယ်။
တစ်ရက်ကို သကြားဓာတ်ကဲတဲ့ အ ချိုရည် နှစ်ဘူးနဲ့အထက်သောက်သုံးသူ တွေမှာ နှလုံးရောဂါဖြစ်နိုင်ခြေ ၃၀ ရာခိုင် နှုန်းပိုများသလို အခြားဆက်စပ်ရောဂါ တွေအနေနဲ့ သေဆုံးနိုင်ခြေ ၅၀ ရာခိုင် နှုန်းပိုများလာကြောင်း သွေးဆုံးပြီး အမျိုး သမီး ခြောက်သောင်းကို လေ့လာခဲ့တဲ့ အိုဟိုင်းယိုး တက္ကသိုလ်သုတေသနအရ သိရပါတယ်။

၂။ အီလက်ထရွန်နစ်ပစ္စည်းများ

အီလက်ထရွန်နစ်ပစ္စည်းတွေကို နေရာတကာမှာ တွေ့နိုင်ပါတယ်။ အဲဒီ ပစ္စည်းကထွက်တဲ့ရေဒီယိုလှိုင်းတွေက လည်း နေရာတိုင်းမှာပျံ့နှံ့နေတယ်။ လုပ် ဆောင်ချက်တစ်ခုခုရဲ့ဆိုးကျိုးကို နောင် ဆယ်စုနှစ်များကြာပါမှ လူသားတို့သိရှိ တတ်ကြတယ်။ ဖုန်းတွေ၊ ဝိုင်ဖိုင်လှိုင်း တွေရဲ့ဆိုးကျိုးကလည်း နှစ်ပေါင်းကြာ ကြာလေ့လာသုတေသနပြုပါမှရမှာပါ။
လေ့လာမှုစစ်တမ်းတွေကလည်း ရေဒီယိုလှိုင်းတွေက ကင်ဆာဖြစ်စေ တယ်လို့ ဆိုထားပါတယ်။ နိုင်ငံတကာသု တေသနအဖွဲ့ (ကင်ဆာ-IARC) က လည်း ဖုန်း၊ ရေဒီယိုလှိုင်းတွေက ကင် ဆာဖြစ်စေတဲ့လက်သည်ဖြစ်တယ်လို့ ၂၀၁၁ ခုနှစ်ကတည်းကဆိုထားပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း ဖုန်း၊ ရေဒီယိုလှိုင်းတွေက ကင်ဆာဖြစ်စေ နိုင်တယ်လို့ဝန်ခံထားပါတယ်။

၃။ ပိုးသတ်ဆေးများ

ပိုးသတ်ဆေးတွေမှာပါတဲ့ ဓာတု ပစ္စည်းတွေဟာ ဟင်းသီးဟင်းရွက်သစ် သီးဝလံတွေကတစ်ဆင့် လူ့ခန္ဓာကိုယ်ထဲ ရောက်လာရင် သန္ဓေသားအင်္ဂါမစုံတာ၊ ကင်ဆာ၊ ဦးနှောက်စွမ်းရည်ကျရောဂါ၊ ရင်ကျပ်ရောဂါအပါအဝင် နောက်ဆက် တွဲရောဂါတွေ ဖြစ်ပွားစေတတ်ပါတယ်။ လူသားတွေဟာ ပိုးသတ်ဆေးအလွန်အ ကျွံအသုံးပြုနေလို့ ကိုယ့်ကိုယ်ကိုယ်အ ဆိပ်ခတ်သလိုဖြစ်နေပါတယ်။

၎။ တစ်ကိုယ်ရေသုံးပစ္စည်းများ

အရေပြား၊ အလှလိမ်းဆေးတွေက အစ မျက်နှာသစ်ဆပ်ပြာအလယ်၊ ခေါင်း လျှော်ရည်အဆုံး၊ တစ်ကိုယ်ရေသုံး ပစ္စည်းတွေထဲမှာပါတဲ့ ဓာတုပစ္စည်းတွေ ဟာ အရေပြားကိုဒုက္ခပေးနိုင်တယ်။ အဲဒီ ပစ္စည်းတွေထဲမှာပါဝင်တဲ့ ဓာတုပစ္စည်း တွေက အရေပြားဆဲလ်လုပ်ငန်းတွေကို အနှောင့်အယှက်ပြုနိုင်ပါတယ်။
အကျိုးဆက်အဖြစ် ဆဲလ်တွေဖွဲ့ စည်းပုံမှားယွင်းကာ ကင်ဆာရောဂါဖြစ် ပွားစေပါတယ်။ ကနေဒါနိုင်ငံ မင်နီဆို တာ တက္ကသိုလ်ရဲ့လေ့လာမှုအရလည်း နေရောင်ကာလိမ်းဆေးတွေထဲမှာပါတဲ့ ဓာတုပစ္စည်းအများစုက အရေပြားဆဲလ် တွေစိမ့်ဝင်သွားတယ်လို့ တွေ့ရှိထား တယ်။

၅။ လေသန့်ဖျန်းဆေးများ

ကျန်းမာရေးနဲ့ပတ်သက်လာရင် အိမ်မှာမထားသင့်ဆုံးက လေသန့်ဖျန်း ဆေးဘူးတွေဖြစ်တယ်။ ဖျန်းလိုက်ရင် အ ခန်းထဲမှာ မွှေးကြိုင်သွားတာမှန်ပေမယ့် ကျန်းမာရေးအတွက် အဆိုးရွားဆုံးရန်သူ တွေဖြစ်တယ်။ ဖျန်းဆေးထဲမှာပါဝင်တဲ့ ဓာတုမှုန်တွေက အမေရိကန်နိုင်ငံသား တိုင်းရဲ့သွေးထဲဝင်နေတယ်လို့ ဆိုနိုင် တယ်။ အဲဒီဖျန်းဆေးတွေကြောင့် အ ဆုတ်ကင်ဆာဖြစ်ပွားရသလို ကိုယ်တွင်း ကလီစာတွေ အဆိပ်သင့်ပျက်စီးမှုဖြစ်နိုင် ပါတယ်။
လေသန့်ဖျန်းဆေးဘူးတွေထဲမှာ အိမ်ထဲ၊ ရုံးခန်းထဲမွှေးကြိုင်လန်းဆန်းပြီး ကျန်းမာတဲ့လေထုရှိနေအောင် ကုပေး နိုင်တယ်လို့ ကြော်ငြာအားကောင်း ကောင်းနဲ့ ရောင်းချနေပေမယ့် ဖျန်းဆေး ထဲမှာပါတဲ့ သယ်အိတ်ဓာတုပစ္စည်းဟာ ဟော်မုန်းပုံမမှန်တာ၊ သန္ဓေသားအင်္ဂါမစုံ တာ၊ မျိုးပွားမှုအခက်အခဲတွေဖြစ်ပွားစေ နိုင်တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။

၆။ ပလတ်စတစ်ဘူး ပလတ်စတစ်ခွက် တွေ

အမျိုးသမီးတွေမှာမျိုးပွားတာ၊ သန္ဓေတည်တာကို အနှောင့်အယှက်ပေး နိုင်တဲ့ EDC ဓာတုပစ္စည်းတွေဟာ ပလတ်စတစ်ဘူးတွေ၊ ခွက်တွေထဲမှာပါ ဝင်နေတယ်လို့ ဂျာမန်သုတေသီတွေက ဆိုတယ်။ ပလတ်စတစ်ပစ္စည်းတွေထဲမှာ ပါတဲ့ ဓာတုပစ္စည်း ၂၄၅၂၀ ခန့်အနက် DEHF ဒြပ်ပေါင်းဟာ လူ့ခန္ဓာကိုယ်ထဲက ဟော်မုန်းတွေကို ကစဥ့်ကလျားဖြစ်စေ နိုင်တယ်။
အကျိုးဆက်အဖြစ် ခန္ဓာကိုယ်ဆဲလ် တွေဖွံ့ဖြိုးမှုပုံမမှန်ဖြစ်သွားပြီး ဆဲလ်တွေ ပျက်စီးတာ၊ အကျိုးဆက်အနေနဲ့ကင်ဆာ ဖြစ်ပွားလာနိုင်တာလို့ သုတေသီတွေက သတိပေးကြပါတယ်။ ဒါ့အပြင် ကလေး အင်္ဂါမစုံတာ၊ နှလုံးရောဂါ၊ အစာအိမ်နာ တွေဖြစ်ပွားနိုင်ပါတယ်။
အိမ်မှာဖန်ပန်းကန်၊ ဖန်ခွက်စသ ဖြင့် ဖန်နဲ့ကြွေနဲ့လုပ်ထားတဲ့ပစ္စည်းတွေ သုံးသင့်ပါတယ်။ ကလေးနို့ဘူးကိုလည်း ဖန်နဲ့လုပ်ထားတဲ့ပစ္စည်းတွေသုံးတာက ကလေးကို ပလတ်စတစ်ထဲမှာပါတဲ့ဓာတု ပစ္စည်းတွေ မနှောင့်ယှက်အောင် ကာ ကွယ်ပေးရမယ်။

၇။ ထိုင်ခုံပေါ်မှာထိုင်နည်းအမှားတွေ

ထိုင်ခုံဟာ မထိုင်တတ်သူတွေအဖို့ ကျန်းမာရေးဆိုးကျိုးပေးတယ်လို့ သုတေ သီတွေထောက်ပြကြတယ်။ အချိန်ကြာ ကြာထိုင်တာက ကျန်းမာရေးဆိုးကျိုးတွေ နဲ့ ဆက်စပ်နေသလို သက်တမ်းမစေ့ခင် သေနိုင်တယ်။ ပုံမှန်ကျန်းမာရေးလုပ်သူ၊ ခန္ဓာကိုယ်ကျစ်လျစ်သွယ်လျသူတွေ တောင် ဆိုးကျိုးပေးနိုင်တယ်။
နေ့စဉ်အချိန်ကြာမြင့်စွာခုံမှာထိုင် ပြီး အလုပ်လုပ်သူ၊ နည်းစနစ်မှားနဲ့ထိုင် တဲ့သူတွေဟာ အဆုတ်ကင်ဆာဖြစ်နိုင် ခြေ ၅၀ ရာခိုင်နှုန်း ပိုများလာသလို ကျန်း မာရေးပြဿနာအမျိုးမျိုးကြောင့် သေ ဆုံးနိုင်ခြေလည်း ပိုများလာတယ်လို့တွေ့ ရှိထားပါတယ်။
ထိုင်ခုံမှာအချိန်ကြာကြာထိုင်ရသူ တွေအနေနဲ့ ခါးကိုမတ်မတ်ထား၊ ရင်ကို ဖွင့်ပြီး ခြေဖဝါးနှစ်ဖက်ကို ကြမ်းပြင်မှာ ကပ်နေအောင်ချထားပြီး ထိုင်သင့်ပါ တယ်။ အဲဒီလိုထိုင်ရုံနဲ့မလုံလောက်သေး ပါဘူး။ မကြာမကြာထသွားထလာလှုပ် ရှားပေးဖို့ လိုပါတယ်။
ကွန်ပျူတာသုံးဝန်ထမ်းတစ် ယောက်အနေနဲ့ တစ်နာရီမှာ ၁၀ မိနစ် နားသင့်သလို လမ်းလျှောက်တာ၊ တခြား အလုပ်ပြောင်းလုပ်တာတွေရှိသင့်တယ်။ တစ်ပုံစံတည်းထိုင်တာကြောင့် ခန္ဓာကိုယ် အပေါ် ဆိုးကျိုးသက်ရောက်တာတွေ ချေဖျက်နိုင်မယ်၊ တရားရှုမှတ်တာက တော့ ပိုမိုကောင်းမွန်စေတယ်။
ဒီနေ့အချိန်မှာ လူတွေရဲ့နေထိုင်မှု စနစ်ပြောင်းလဲသွားပြီး အထိုင်အလုပ် များလာတာနဲ့အမျှ ပိုလျှံတဲ့အဆီတွေ စု ဝေးကာ အဝလွန်တာ၊ ဆီးချိုရောဂါ၊ နှ လုံးသွေးကြောရောဂါ၊ သွေးတိုးရောဂါ၊ ကင်ဆာရောဂါတို့ ဖြစ်ပွားလာကြတယ်။ လူတိုင်းခန္ဓာကိုယ်အချိုးအဆ (BMI) ၁၈ ဒသမ ၉ ကနေ ၂၄ ဒသမ ၉ အတွင်း ရှိရပါမယ်။ နေ့စဉ် နာရီဝက်ကနေ တစ် နာရီလေ့ကျင့်ခန်းအပြေး၊ လမ်းလျှောက်၊ ရွရွပြေး၊ စက်ဘီးစီး၊ ရေကူးလုပ်သင့်ပါ တယ်။
ကွန်ပျူတာမျက်နှာပြင်ကို တောက် လျှောက်ကြည့်တာကနေ ရှောင်ကြဉ်ပြီး မျက်စိအနားပေးသင့်ပါတယ်။ နားကျပ် နဲ့ သီချင်းနားထောင်တာ၊ အသံဖွင့်ထား တာကို ရေရှည်မလုပ်သင့်ပါ။ ကျန်းမာ ရေးနဲ့လျော်ညီစွာ နေထိုင်စားသောက်မှု စနစ်မျာ လမ်းဘေးအစာ၊ အသင့်အမြန် စားတွေဖြစ်တဲ့ ဟမ်ဘာဂါ၊ ဆင်းဒဝှစ်ခ်ျ၊ ပီဇာ၊ အာလူးချောင်းကြော်တို့ ရှောင် ကြဉ်သင့်ပါတယ်။ မိမိအိမ်မှာသာ စနစ် တကျချက်ပြုတ်စားသောက်သင့်ပါ တယ်။ အချိုမှုန့်၊ ကြက်သားမှုန့်နဲ့အငန် တွေရှောင်သင့်ပါတယ်။ အအိပ်မှန်၊ အ စားမှန်လေ့ကျင့်ခန်းမှန်ဖို့ လိုအပ်ပါ တယ်။
လိုအပ်တဲ့လိုက်နာမှုတွေဆောင် ရွက်ခဲ့ရင် လူ့သက်တမ်းရှည်လာနိုင် ပြီး ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်နိုင်မှာ ပဲဖြစ်တယ်။ လူတိုင်းနှစ်စဉ်ဆေးစစ်မှု တစ်နှစ်တစ်ကြိမ် ဆောင်ရွက်သင့်ပါ တယ်။ မိသားစုဆရာဝန်နဲ့ဆွေးနွေး တိုင်ပင်သင့်ပါတယ်။ ကျန်းမာရေးဆိုင် ရာ ညွှန်ကြားချက်တွေကို အလေးထား စီမံဆောင်ရွက်သင့်ပါတယ်။ မိသားစု ကျန်းမာရေးကနေ နိုင်ငံ့ကျန်းမာရေးအ ထိ မြှင့်တင်ဖို့ လူတိုင်းမှာတာဝန်ရှိပါ တယ်။

ဒေါက်တာ လွင်သန့်

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *