ကျန်းမာဖို့ ဘယ်လိုဆုံးဖြတ်ချက်တွေ ချမှတ်လုပ်ဆောင်သင့်လဲ

လူတိုင်းအတွက် ဆုံးဖြတ်ချက်က အရေးကြီးဆုံးပါ။ ကိုယ်ကိုယ်တိုင်ကသာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်မယ် ဆိုရင် ဘ၀အတွက် အောင်မြင်တိုးတက်မှု တွေ ဖြစ်စေမှာပါ။ ကျန်းမာရေးအတွက် ဆိုရင်လည်း မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ အရေးကြီးပါတယ်။ မိမိရဲ့ဆုံး ဖြတ်ချက်က မိမိဘ၀တိုးတက်အောင်မြင် ဖို့ အရေးကြီးသလို ကျန်းမာမှ အောင်မြင် မှုကို ရှာဖွေနိုင်မှာဖြစ်တာကြောင့် ကျန်း မာစေဖို့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်လုပ်ဆောင်စေချင်ပါတယ်။

အိမ်အပြင် လမ်းလျှောက်ထွက်မယ်
အလုပ်နဲ့ အိမ်၊ ကျောင်းနဲ့အိမ် သွားလာတာကလွဲရင် ကျန်တဲ့အချိန်တွေ မှာ အိမ်ထဲမှာနေတာကြောင့် စိတ်ထွက် ပေါက်မရှိ၊ ဖိစီးမှုတွေနဲ့သာ လုံးချာလိုက် နေရင် သင့်ဘ၀က ချမ်းမြေ့မှုတွေရှိမှာ မဟုတ်ပါ။ တစ်ပတ်တစ်ကြိမ်လောက် တော့ အိမ်အပြင်ထွက်ပြီး ဟိုနားဒီနား လမ်းပတ်လျှောက်တာ၊ ပန်းခြံသွားတာ တွေကို ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။ လေကောင်းလေသန့်ရပြီး သဘာဝပတ် ဝန်းကျင်ရှုခင်းတွေကြောင့် စိတ်အပန်း ပြေစေပါတယ်။ စိတ်ဖိစီးမှုတွေလည်း လျော့နည်းစေလို့ ကျန်းမာတဲ့ဘ၀ကို ပိုင်ဆိုင်နိုင်စေပါတယ်။

သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ ပိုစား မယ်
အလုပ်များတာကြောင့် အပြင်စာ တွေကိုပဲ အလွယ်တကူ ဝယ်စားသူ ဖြစ် ခဲ့ရင် ဒီနှစ်က စလို့ အချိန်ပေးပြီး အိမ်မှာ ပဲ ချက်ပြုတ်စားသောက်ပါ။ သရေစာအ ဖြစ် သစ်သီးနဲ့ အစေ့အဆန်တွေ စားသုံး ဖြစ်အောင် အဆင်သင့် ဝယ်ယူထားပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ စားသုံးတာ ကြောင့် တစ်နှစ်တာလုံး ကျန်းမာပျော်ရွှင် မှုတွေ ရရှိစေနိုင်ပါတယ်။

ဆေးလိပ်ဖြတ်မယ်
သင်က ဆေးလိပ်သောက်သုံးတတ် သူ တစ်ယောက်ဖြစ်ပါက ဒီနှစ်သစ်ကစ လို့ ဆေးလိပ်ဖြတ်မယ်ဆိုတဲ့ ဆုံးဖြတ် ချက်ကို ခိုင်ခိုင်မာမာ ချမှတ်လိုက်ပါ။ လေ့လာမှုတွေအရ ဆုံးဖြတ်ချက်သေချာ စွာ ချမှတ်ပြီး ဆေးလိပ်ဖြတ်မယ်လို့ ဆုံး ဖြတ်တာက လိုက်နာလုပ်ဆောင်မှု ပိုမို မြင့်မားတယ်လို့ သိရပါတယ်။ ဆေးလိပ် က ခန္ဓာကိုယ်တစ်ကိုယ်လုံးကို ထိခိုက် ဖျက်ဆီးတာကြောင့် ဆေးလိပ်ဖြတ်လိုက် တာဟာ သင့်ခန္ဓာကိုယ်ကျန်းမာစေဖို့ အကောင်းဆုံး နည်းလမ်းတစ်ခုပါ။

ကိုယ်အလေးချိန် လျှော့ချမယ်
ကိုယ်အလေးချိန် များနေသူတွေ၊ ၀နေသူတွေ၊ အဝလွန်နေသူတွေ သူတို့ အားလုံး ကိုယ်အလေးချိန်ချဖို့ ဆုံးဖြတ် ချက် ကိုယ်စီရှိကြပါတယ်။ ဆုံးဖြတ်ချက် ရှိ ပေမယ့်၊ ကိုယ်အလေးချိန်ကျလိုကြပေ မယ့် ကိုယ်အလေးချိန်ကျစေမယ့် နည်း လမ်းတွေကို လိုက်နာလုပ်ဆောင်မှုတော့ အလွန်အားနည်းကြပါတယ်။ အနည်းစု ကသာ မှန်ကန်တဲ့နည်းလမ်းတွေနဲ့ ကိုယ် အလေးချိန်လျှော့ချရေး နည်းလမ်းတွေ ကို ပုံမှန်လုပ်ဆောင်နိုင်ပေမယ့် အများစု ကတော့ မလုပ်ဆောင်နိုင်ကြပါဘူး။ အ ထူးသဖြင့် အစာလျှော့စားမယ်ဆိုပြီး ကြိုက်တဲ့ အစာလေးတွေ့တော့ ပိုစားမိ သွားပြန်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ် တဲ့အစာတွေပဲ စားမယ်ဆိုပေမယ့် မျက်စိ ရှေ့မှာ တွေ့ပြန်တော့ မစားရမနေနိုင်လို့ စားမိပြန်ပါတယ်။ ဒီလိုနဲ့ ကိုယ်အလေး ချိန်လျှော့ဖို့ကို တစ်နေ့ပြီး တစ်နေ့ ရွှေ့ လာရင်း ဝိတ်တွေ တက်ပြီးတက်၊ တိုးပြီး တိုးနေပါတယ်။ ကိုယ်အလေးချိန် ကျ တော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ရဲရဲ တင်းတင်း ချမှတ်လိုက်ပါ။ အမေရိကန် နိုင်ငံမှာ လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းက ပုံမှန်ကိုယ်အလေးချိန်အထက် ဒါမှမ ဟုတ် အဝလွန်နေကြပါတယ်။ ပုံမှန်ရှိ သင့်တဲ့ ကိုယ်အလေးချိန်ထက် များတာ ကြောင့် သွေးတိုးရောဂါ၊ ဆီးချိုသွေးချို ရောဂါ၊ နှလုံးနဲ့ သွေးကြောရောဂါ စတဲ့ နာတာရှည် ရောဂါတွေ ဖြစ်ပွားနိုင်ခြေကို မြင့်မားစေပါတယ်။

ရေများများသောက်ပါ
အသားအရေ လှပဖို့အတွက်၊ စွမ်း အင်ဖြစ်ပေါ်ဖို့အတွက်၊ ခန္ဓာကိုယ် ဇီဝရုပ် ဖြစ်ပျက်မှုတွေအတွက် စတာတွေအ တွက် ရေလိုအပ်ပါတယ်။ တစ်နေ့တာအ တွက် လုံလောက်တဲ့ရေပမာဏကို ရရှိ အောင်သောက်သုံးဖို့ နှစ်သစ်က စလို့ ဆုံးဖြတ်လိုက်ပါဦး။ တချို့တွေက အလုပ် များတာကြောင့် ရေသောက်ဖို့ မေ့လျော့ နေတာ၊ အလုပ်စားပွဲကနေ ရေထ သောက်ဖို့ အချိန်မပေးကြတာတွေ မဖြစ် အောင် ရုံးရောက်တာနဲ့ အလုပ်စားပွဲ ပေါ်က ရေဘူးထဲကို ရေအရင်ဖြည့်ထား ပါ။ အရွယ်ရောက်သူတွေအနေနဲ့ တစ် နေ့ကို ရေရှစ်ဖန်ခွက်သောက်သင့်ပြီး အားကစားလုပ်သူ၊ အလုပ်ကြမ်းလုပ်သူ၊ ချွေးထွက်များသူတွေအနေနဲ့ လိုအပ်ပါ က ရေပိုသောက်ဖို့ လိုပါတယ်။

စိတ်ဖိစီးမှုတွေကို လျှော့ချမယ်
စိတ်ဖိစီးမှုများပါက ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားစနစ်ကို လျော့နည်းစေပြီး တုပ်ကွေး၊ အအေးမိ စတဲ့ နာမကျန်းမှု တွေကို ဖြစ်စေပါတယ်။ သွေးဖိအား မြင့် တက်စေပြီး နှလုံးနဲ့ သွေးကြောရောဂါ တွေ ဖြစ်ပွားနိုင်ပါတယ်။ ဆုံးဖြတ်ချက် တွေထဲမှာ စိတ်ဖိစီးမှုတွေ လျှော့ချမယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကိုလည်း မပါမဖြစ် ထည့်သွင်းလိုက်ပါဦး။ ရုန်းကန်မှုတွေများ တဲ့ အလုပ်အကိုင်၊ နားလည်မှု မရှိတဲ့ မိသားစု အိမ်တွင်းရေး၊ စိတ်ရှုပ်ထွေးမှု၊ ဒေါသတွေကြောင့် အဆင်မပြေတဲ့ ပတ် ဝန်းကျင် စတာတွေက တစ်နေရာမှာ အ ဆင်မပြေလို့ ဖိစီးမှုဖြစ်ပြီး နောက်တစ်နေ ရာမှာပါ အဆင်မပြေမှုတွေ ဆက်တိုက် ဆိုသလိုဖြစ်လာပါတယ်။ တစ်နေ့၊ တစ် ညတာပဲ ဖြေရှင်းရမှာ မဟုတ်ပါဘူး။ တစ် နှစ်တာလုံး စိတ်ဖိစီးမှုတွေကင်းအောင် လျှော့ချဖို့၊ စိတ်ဖိစီးမှုတွေကို အဝေးကို မောင်းထုတ်ဖို့ ယောဂကျင့်ပါ၊ တရားထိုင် ပါ၊ ကိုးကွယ်ရာ ဘာသာတရားကို အတိ အကျ လက်ကိုင်ထားပါ။

တစ်ပတ် တစ်ရက် အသားဟင်း လုံးဝ မချက်ပါနဲ့
အသားဟင်းလေးပါမှ ထမင်းစား မြိန်တတ်သူတွေအနေနဲ့ အနည်းဆုံး တစ်ပတ်မှာ တစ်ရက်လောက်တော့ အသားဟင်း မပါဘဲ ချက်စားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို နှစ်သစ်ကစလို့သတ် မှတ်လိုက်ပါ။ အနီရောင်အသားတွေက စားသုံးမှု များသူတွေဟာ ကင်ဆာရောဂါ၊ ဆီးချို သွေးချိုရောဂါ၊ နှလုံးနဲ့ သွေးကြော ရောဂါတွေ ဖြစ်ပွားမှု များစေပါတယ်။

လေ့ကျင့်ခန်း ပုံမှန်လုပ်မယ်
ကျန်းမာတဲ့နေထိုင်မှုပုံစံထဲမှာ လေ့ ကျင့်ခန်း လုပ်တာလည်း တစ်ခုအပါအ ဝင်ပါ။ တစ်နေ့ကို မိနစ် ၃၀ နဲ့ တစ်ပတ် ၅ ရက် ပြုလုပ်သင့်ပါတယ်။ လေ့ကျင့်ခန်း လုပ်သင့်တယ်ဆိုပြီး ပြင်းထန်တဲ့ လေ့ ကျင့်ခန်းကို မနားမနေ ပြုလုပ်ရမှာမျိုး မဟုတ်ပါဘူး။ ကိုယ်နဲ့ သင့်တော်တဲ့ လေ့ ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်ဖို့သာ လို တာပါ။

အိပ်ရေး ၀၀ အိပ်စက်မယ်
ကွန်ပျူတာ၊ ဖုန်း၊ အင်တာနက် စ တာတွေ အသုံးပြုတာတွေနဲ့ ၊ ဂိမ်းကစား တာတွေက သင့်အိပ်ချိန်တွေကို ခိုးယူနေ ပါတယ်။ တချို့လည်း ရုံးချိန်တွင်း မပြီးခဲ့ တဲ့ အလုပ်တွေကို အိပ်ပျက်ခံ လုပ်ရတာ၊ ကျောင်းသား၊ ကျောင်းသူတွေ အိပ်ပျက်ခံ စာကျက်ရတာ စတာတွေကလည်း သင် ရဲ့အိပ်ရေး ၀၀ အိပ်စက်မှုအတွက် အဟန့် အတားတွေပါ။ အိပ်ပျက်များပါက စိတ်ဖိ စီးမှုဖြစ်တဲ့အခါ ထွက်တဲ့ ဟော်မုန်းတွေ ထွက်လာပါတယ်။ အိပ်ရေး ၀၀အိပ်စက် တာကြောင့် ဟော်မုန်းတွေ မထွက်တော့ ဘဲ စိတ်ခံစားမှုကောင်းကာ ကျန်းမာ ပျော်ရွှင်စေပါတယ်။ တစ်ညကို အိပ်ချိန် ၈ နာရီရအောင် အိပ်စက်ပါ။

အသစ်တစ်ခု လုပ်မယ်
အသစ်၊ အသစ် မရှိလို့ မရပါဘူး။ သင်တန်းအသစ်တစ်ခုတက်မယ်၊ လေ့ ကျင့်ခန်း အသစ်တစ်ခု လုပ်မယ်၊ အိမ်အ သစ်ဝယ်နိုင်အောင် ကြိုးစားမယ်၊ ကား အသစ်လဲစီးမယ်၊ အလုပ်အသစ်တစ်ခု ပြောင်းမယ်၊ ရာထူးတိုးအောင် ဆောင် ရွက်မယ် စတဲ့ ဆုံးဖြတ်ချက်တွေကြောင့် တစ်နှစ်တာလုံး စိတ်ရောကိုယ်ပါ တက် ကြွစွာ ဆောင်ရွက်နိုင်ပါတယ်။ ဒီလို ဆုံး ဖြတ်ချက်ချနိုင်တာက သင့်ဘ၀အတွက် အောင်မြင်မှု အသီးအပွင့်တွေ ရရှိစေဖို့ လမ်းစတစ်ခုပါ။

ခိုင်သစ္စာရှင် (ဆေးဝါး)

Post Author: Good Health Journal