ကျန်းမာသက်ရှည်စေရန် စားသုံးသင့်သောအစားအစာများ၏ စွမ်းပကား

စားသုံးလိုက်တဲ့ အစားအသောက် တွေက သက်ရှည်ကျန်းမာမှုအပေါ် သက်ရောက်မှုရှိတယ်လို့ အာဟာရ ပညာရှင်တွေက ပြောပါတယ်။ သင်က ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည် နေလိုသူတစ်ယောက် ဖြစ်ချင်ရင် အစား အစာတွေရဲ့စွမ်းပကားကိုသိရှိပြီး စား သုံးတတ်ဖို့ပဲ လိုတာပါ။

ကြက်သွန်ဖြူ
ကြက်သွန်ဖြူမှာ ပါဝင်တဲ့ အပင် ထွက် ဒြပ်ပေါင်းတွေက ခန္ဓာကိုယ်ထဲမှာ ကင်ဆာဒြပ်ပေါင်းတွေ ဖြစ်ပွားမှုကို ရပ်တန့်စေတယ်လို့ သုတေသနတွေမှာ တွေ့ရှိခဲ့ပါတယ်။ ကြက်သွန်ဖြူစားတဲ့ အမျိုးသမီးတွေမှာ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါ တယ်။

သံလွင်ဆီ
သံလွင်ဆီက မိုနိုမပြည့်ဝဆီဖြစ်ပြီး ခန္ဓာကိုယ်ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီပါ။ နှလုံးကျန်းမာပြီး အသက်ရှည် စေပါတယ်။ လေ့လာမှုတွေအရ သံလွင် ဆီက ဦးနှောက် ကျန်းမာစေပြီး ကင်ဆာ ရောဂါကိုလည်း ကာကွယ်နိုင်တာကို တွေ့ရှိခဲ့ပါတယ်။ တစ်နေ့ကို သံလွင်ဆီ နှစ်ဇွန်းစားပေးဖို့တော့ လိုပါတယ်။

ဂေါ်ဖီထုပ်
အမျှင်ဓာတ်၊ ဗီတာမင်စီ၊ ဖောလိတ် တွေပါဝင်တဲ့ ဂေါ်ဖီထုပ်က အသက်ရှည် စေဖို့ ကူညီပေးနိုင်ပါတယ်။ ရန်ဟိုင်းမှာ ရင်သားကင်ဆာရှိသူတွေကို ပန်းဂေါ်ဖီ မျိုးရင်းဝင် တရုတ်မုန်လာနဲ့ ဂေါ်ဖီထုပ် တွေကို စားစေခဲ့ရာ လေ့လာမှုလုပ်နေစဉ် အတွင်းမှာ သေဆုံးမှုနဲ့ ကင်ဆာပြန်ဖြစ် နိုင်ခြေတွေကို လျော့နည်းစေတာ တွေ့ ရပါတယ်။

ထောပတ်သီး
အမေရိကန်နိုင်ငံရဲ့ ကျန်းမာရေး ဆိုင်ရာ စာရင်းဇယားထုတ်ပြန်ချက်အရ နှလုံးရောဂါက သေဆုံးမှုများတဲ့ ရောဂါ တစ်ခုဖြစ်နေပါတယ်။ ထောပတ်သီးအပါ အဝင် ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ အစားအစာတွေ များများပိုစားပေးတာ က နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို လျှော့ ချပေးပြီး အသက်ရှည်စေပါတယ်။ ထော ပတ်သီးက သွေးတွင်းမကောင်းတဲ့ အဆီ တွေကို လျော့နည်းစေပြီး ကောင်းတဲ့ အဆီတွေကို များစေပါတယ်။ ဒါ့အပြင် နှလုံးကျန်းမာရေးကို အထောက်အကူ ဖြစ်စေတဲ့ ဘီတာကယ်ရိုတင်းနဲ့ လိုင်ကို ပင်းတွေ စုပ်ယူဖို့လည်းကူညီပေးပါတယ်။

ခရမ်းချဉ်သီး
ခရမ်းချဉ်သီးမှာပါဝင်တဲ့ လိုင်ကို ပင်းက အမေရိကန်နိုင်ငံမှာ ဒုတိယ သေ ဆုံးမှု အများဆုံးဖြစ်နေတဲ့ ကင်ဆာရော ဂါကို တွန်းလှန်ကာကွယ်ဖို့ အကောင်းဆုံး အာဟာရတစ်ခုပါ။ ခရမ်းချဉ်သီးကို ချက် ပြုတ်စားတာက ကင်ဆာကာကွယ်နိုင် စွမ်းအားကို ပိုမိုမြှင့်တင်ပေးပါတယ်။

ဘယ်ရီသီး
ဘယ်ရီသီးမှာ အင်တီအောက်ဆီး ဒင့်တွေ များစွာပါဝင်တာကြောင့် ခန္ဓာ ကိုယ်ရဲ့ ခုခံအားစနစ်ကို ကောင်းမွန်စေ ပြီး ရောဂါကာကွယ်နိုင်စွမ်းကို မြှင့်တင် ပေးပါတယ်။ ဒါ့အပြင် အသက်ကြီးပေ မယ့် အရွယ်တင်နုပျိုစေပါတယ်။ ဟား ဗတ်တက္ကသိုလ်ရဲ့ ယခုနှစ်အတွင်းလေ့ လာမှုအရ တစ်ပတ်ကို အနည်းဆုံး ဘလူးဘယ်ရီသီး တစ်ခွက်စာ ဒါမှမဟုတ် စတော်ဘယ်ရီသီးနှစ်ခွက်စာ စားပေးပါ က အသက်အရွယ်ကြီးသူတွေမှာ တွေ့ရ များတဲ့ ဆက်စပ်တွေးခေါ်မှုကျဆင်း တာကို ကာကွယ်နိုင်ပါတယ်။

ပဲအမျိုးမျိုး
ပညာရှင်တွေက ၂၀၀၄ ခုနှစ်မှာ ဩစတြေးလျ၊ ဂျပန်၊ ဆွီဒင်နဲ့ ဂရိ တွေမှာရှိတဲ့ ပဲတစ်မျိုးမျိုးကို တစ်နေ့ ၂၀ ဂရမ် နေ့စဉ်စားတဲ့ သက်ကြီးတွေကို လေ့လာခဲ့ရာ သေဆုံးမှု ၇-၈ ရာခိုင်နှုန်း လျော့နည်းတာကို တွေ့ခဲ့ပါတယ်။ ပဲမှာပါဝင်တဲ့ ဗျူတိုင်ရိတ်က ကင်ဆာပွား များမှုမှ ကာကွယ်ပေးတယ်လို့ မစ်ချီကန် တက္ကသိုလ်လေ့လာမှုအရ သိရှိခဲ့ပါတယ်။

အစေ့အဆန်များ
အစေ့အဆန်တွေမှာ အမျှင်ဓာတ် များစွာ ပါဝင်ပြီး သေဆုံးမှုနှုန်း ၂၂ ရာခိုင် နှုန်း လျှော့ချနိုင်ကြောင့် ၂၀၁၁ လေ့လာ မှုမှာ တွေ့ရှိခဲ့ပါတယ်။ ပညာရှင်တွေက အမျှင်ဓာတ်က ဆီးချိုသွေးချိုရောဂါ၊ နှလုံးရောဂါ၊ ကင်ဆာတချို့နဲ့ အဝလွန် တာကို ကာကွယ်ပေးနိုင်တဲ့အပြင် သွေး တွင်းကိုလက်စထရော၊ သကြားဓာတ်နဲ့ သွေးပေါင်တွေကို လျော့ကျစေပါတယ်။

အရက်သောက်ခြင်း
အရက်အနည်းငယ်သောက်တာက နှလုံးကျန်းမာရေးကောင်းမွန်စေပြီး အ သက်ရှည်စေတယ်လို့ လေ့လာမှု အတော် များများမှာ တွေ့ရပါတယ်။ မိန်းကလေး တွေအနေနဲ့ တစ်နေ့ အရက်တစ်ခွက်နဲ့ ယောက်ျားလေးတွေအနေနဲ့ တစ်နေ့နှစ် ခွက်ထက် ပိုမသောက်သင့်ပါဘူး။ ဟား ဗတ်ဆေးကျောင်းရဲ့ လေ့လာမှုအရ အ ရက်ကို သင့်တင့်တဲ့ပမာဏသောက်တာ က အမျိုးသားတွေမှာ အသက်ရှည်စေ တာကို တွေ့ရပါတယ်။ သင်က အရက်မ သောက်တတ်သူဖြစ်ရင် အသက်ရှည် အောင် အရက်သောက်ဖို့ မကြိုးစားပါနဲ့။ အရက်သောက်နေသူတွေအနေနဲ့ သင့် တင့်တဲ့ပမာဏ လျှော့ချသောက်သုံးပါ။

လက်ဖက်ရည်
အင်တီအောက်ဆီးဒင့်တွေ များစွာ ပါဝင်တဲ့ လက်ဖက်ရည်က အသက်ကြီး တဲ့အထိ ခန္ဓာကိုယ်ခုခံစွမ်းအားကို မြှင့် တင်ပေးပါတယ်။ လက်ဖက်ရည်ထဲကို ရှောက်ရည်နဲ့ ပျားရည်ရောပြီး သောက် နိုင်ပါတယ်။

ကော်ဖီ
၂၀၀၈ ခုနှစ်မှာ ဟားဗတ်တက္ကသိုလ် မှာ လေ့လာခဲ့တဲ့ လေ့လာမှုအရ တစ်နေ့ ကော်ဖီ ၂-၃ခွက်သောက်တဲ့သူတွေဟာ လုံးဝမသောက်သူတွေထက် သေဆုံးနိုင် ခြေ ၁၈ ရာခိုင်နှုန်းလျော့နည်းပြီး တစ်နေ့ ကို ကော်ဖီ ၄-၅ ခွက်သောက်သူတွေက သေဆုံးနိုင်ခြေ ၂၆ ရာခိုင်နှုန်းလျော့နည်း တာကို တွေ့ရပါတယ်။ ယခုနှစ် လေ့လာ မှုအရ ဆေးလိပ်၊ အရက်သောက်သုံးမှုနဲ့ အသားစားသုံးမှုတွေကို ထိန်းချုပ်ပြီး ကော်ဖီသောက်ပါက အသက် ပိုရှည်စေ တာကို တွေ့ရပါတယ်။

ချောကလက်

ချောကလက်စားပါက သင့်သက် တမ်းကို တစ်နှစ်ပိုရှည်စေပါတယ်။ တစ် လကို ချောကလက် သုံးကြိမ်စားသုံးသူ တွေက လုံးဝ မစားသူတွေထက် အသက် တစ်နှစ်ရှည်စေတယ်ဆိုတာကို ၁၉၉၉ ခုနှစ်မှာ လူပေါင်း ၈၀၀၀ ကျော်ကို ပြုလုပ်ခဲ့တဲ့ ဟားဗတ်လေ့လာမှုအရ သိရပါတယ်။ ၂၀၀၉ ခုနှစ်လေ့လာမှုမှာ တော့ တစ်ပတ်ကို ချောကလက်တစ် ကြိမ်စားပေးပါက နှလုံးတိုက်ခိုက်ခံရနိုင် ခြေကနေ ၄၄ ရာခိုင်နှုန်းလျော့နည်းစေပါ တယ်။ ချောကလက်မှာပါဝင်တဲ့ အင်တီ အောက်ဆီးဒင့် ဖလေဗိုနောက သင့်ကို သက်ရှည်ကျန်းမာစေပါတယ်။

အနီရောင်အသားစားခြင်း
သစ်သီးနဲ့ ဟင်းသီးဟင်းရွက် စား သုံးသူတွေဟာ အသက်ရှည်စေပါတယ်။ နေ့ စဉ် အနီရောင်အသားစားတဲ့လူတွေ ဟာ အနည်းငယ်စားသုံးသူတွေထက် ၁၀ နှစ် လောက် အသက်ပိုတိုနိုင်ပါတယ်လို့ ၂၀၀၉ ခုနှစ်မှာ မြောက်ကယ်ရိုလိုင်းနား တက္ကသိုလ် လေ့လာမှုအရ သိရပါတယ်။ အနီရောင်အသား စားသုံးမှုများသူတွေ ဟာ နှလုံးရောဂါနဲ့ ကင်ဆာရောဂါကို ပိုမို ခံစားရတတ်ပါတယ်။

ခိုင်သစ္စာရှင် (ဆေးဝါး)

Post Author: Good Health Journal