ကျန်းမာရေးအတွက် စားသင့်သော အစေ့အဆန်များ

အစေ့အဆန်တွေဆိုတာက ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာထဲမှာ တစ်စိတ်တစ်ပိုင်း ပါဝင်နေပါတယ်။ အစေ့အဆန်တွေမှာ ကယ်လိုရီနဲ့ အဆီပါဝင်မှု များကြတယ်လို့ ထင်မှတ်ပြီး ဝိတ်လျှော့ချင်သူတွေက ရှောင်တတ်ကြပါတယ်။ ဒါပေမဲ့ ဒီအဆီတွေက နှလုံးကျန်းမာရေးကောင်းမွန်စေတဲ့ မပြည့်ဝဆီတွေဖြစ်တာမို့ ကျွန်မ တို့ စားသုံးတဲ့အစားအစာထဲမှာ မဖြစ်မနေ ပါဝင်အောင် စားသင့်ပါတယ်။ ဒါ့အပြင် သူတို့ကို နေ့စဉ် စားသုံးတာကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်းနဲ့ အဆီ တွေကိုလည်း ရရှိသွားပြီး သက်ရှည်ကျန်းမာစေနိုင်ပါတယ်။ အောက်ပါတို့ဟာ စား သုံးသင့်တဲ့အစေ့အဆန်တွေဖြစ်ပါတယ်။
နှမ်းစေ့
သင် စားတဲ့အစားအစာထဲမှာ နှမ်းစေ့ထည့်ချက်တာက အနံ့၊ အာဟာရနဲ့ ပြည့်စုံ စေတဲ့အပြင် ကျန်းမာရေးအတွက်လည်း အထူးကျေးဇူးရှိပါတယ်။ သူ့မှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက တခြားအစားအစာတွေမှာ မပါဝင်တတ်ပါဘူး။ သူက သွေးဖိအား ကျဆင်းစေနိုင်တဲ့အတွက် လေဖြတ်တာ၊ ကျောက်ကပ်ပျက်စီးတာ ဒါမှ မဟုတ် နှလုံးတိုက်ခိုက်ခံရတာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ဖရုံစေ့
ဖရုံစေ့မှာ မဂ္ဂနိစ်ကနေ အာဂျနင်းအထိ အစွမ်းထက်အာဟာရဓာတ်တွေ ပေါကြွယ်ဝစွာ ပါဝင်ပါတယ်။ ဖရုံစေ့မှာ ပါဝင်တဲ့ အမိုင်နိုအက်စစ်က သွေးကြောတွေ ကို ကျယ်စေနိုင်တဲ့အတွက် သွေးလှည့်ပတ်မှုကောင်းမွန်စေတာကြောင့် သွေးတိုးရော ဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ သူ့မှာ ပါဝင်တဲ့ ဗီတာမင် အေ နဲ့ အီး ကြောင့် လည်း အလှကုန်ပစ္စည်းထုတ်လုပ်ရာမှာ အသုံးပြုကြပါတယ်။
ဗာဒံစေ့
သင် အစာကြီးမစားခင်မှာ ဗာဒံစေ့စားသုံးတာက ခန္ဓာကိုယ်အတွင်း အဆီရရှိ မှု လျော့နည်းစေနိုင်ပါတယ်။ ဗာဒံစေ့စားတာကြောင့် ဗိုက်ပြည့်တင်းမှု ရရှိစေတဲ့ အတွက် အစာလွန်ကြူးမှုမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် ဗာဒံစေ့က သွေးတွင်းအဆီအဆင့် (ကျန်းမာရေးအတွက်မကောင်းတဲ့အဆီ၊ ကောင်းတဲ့အဆီ ထရိုင်ဂလစ်ဆရိုက်)တွေကို ညီညွတ်မျှတမှုရှိအောင် ပြုလုပ်နိုင်တဲ့အတွက် နှလုံးသွေး ကြောရောဂါမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
သစ်ကြားသီး
သစ်ကြားသီးမှာ သတ္တုဓာတ်တွေ ပေါကြွယ်ဝစွာ ပါဝင်တာကြောင့် ကျန်းမာရေး အတွက် အလွန်အထောက်အကူပြုပါတယ်။ အသက်အရွယ်ကြီးရင့်တဲ့ လက္ခဏာနဲ့ အရွယ်အိုမင်းမှုကြောင့်ဖြစ်တဲ့ ပြဿနာတွေကိုလည်း မဖြစ်အောင် တွန်းလှန်နိုင်ပါ တယ်။ သစ်ကြားသီးမှာပါဝင်တဲ့ တိုကိုဖရောခေါ်တဲ့ ဗီတာမင် အီး က အမျိုးသားတွေ မှာ ဆီးကျိတ်ကင်ဆာမဖြစ်အောင် ကာကွယ်ပေးပါတယ်။
နေကြာစေ့
နေကြာစေ့ကို ပုံမှန်စားသုံးတာက ခန္ဓာကိုယ်အတွင်း အရိုးနဲ့ တစ်သျှူးအတွက် အလွန်ကောင်းမွန်ပါတယ်။ သူတို့မှာ ဆာလဖာပရိုတင်းတွေ ပါဝင်တာကြောင့်ပါ။ နေ ကြာစေ့ကို နေ့စဉ် စားသုံးပေးရင် အဆုတ်အတွင်း ရောဂါပိုး မဝင်ရောက်အောင် ကာ ကွယ်နိုင်ပါတယ်။
ဂုန်လျှော်စေ့ (Flax Seeds)

သူ့မှာ ပါဝင်တဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ်တွေက ဟော်မုန်းညီညွတ်မျှတမှုရှိ အောင် ကူညီပေးပါတယ်။ ဒါ့အပြင် သူက အစာခြေစနစ်၊ အရေပြားကျန်းမာရေး၊ ကိုလက်စထရောနဲ့ နှလုံးသွေးကြောကျန်းမာရေးကောင်းမွန်ဖို့အတွက် ကူညီပေးပါ တယ်။
Pistachio
သူ့ကို အဆာပြေအစာအဖြစ် စားသုံးတာက အစာအိမ်အတွင်း တစ်ချိန်လုံး ဗိုက် ပြည့်တင်းမှုရရှိစေနိုင်တာကြောင့် ကိုယ်အလေးချိန် ထိန်းချုပ်ဖို့အတွက် ကူညီနိုင်ပါ တယ်။ တခြားအစေ့အဆန်တွေထက်စာရင် သူ့မှာ အဆီပါဝင်မှုပိုနည်းပြီး ပိုတက်စီ ယမ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ ရောင်ရမ်းမှုလျော့ကျစေတဲ့ ဂုဏ်သတ္တိရှိတဲ့ ကယ်ရို တီနွိုက်တွေ ပါဝင်မှုပိုများပါတယ်။

မြေပဲ
မြေပဲကတော့ နေရာတကာမှာ အလွယ်တကူ ရရှိနိုင်တဲ့အစားအစာပါ။ သူ့မှာ ပါဝင်တဲ့ ပေါ်လီဖီနောတွေက ခန္ဓာကိုယ်က ဆဲလ်တွေကို ဓာတ်တိုးပစ္စည်းဒဏ်ကနေ ကာကွယ်ပေးပြီး အရွယ်တင်နုပျိုစေနိုင်ပါတယ်။
Hဖေနူ ကြအျ
သူက ကြွက်သားနဲ့ အရိုးကို သန်မာစေပြီး ခုခံအားစနစ်ကို မြှင့်တင်ပေးပါ တယ်။ သူ့မှာ ပါဝင်တဲ့ များစွာသော ဗီတာမင် ဘီ တွေကြောင့်ပါ။ ဒါ့အပြင် သူ့မှာ ပါဝင်တဲ့ အော်ဂဲနစ်အက်စစ်တွေကြောင့် ခန္ဓာကိုယ်အတွင်း ကိုလက်စထရောအဆင့်တွေကို ထိန်းချုပ်ပေးပါတယ်။
သီဟိုဠ်စေ့
သီဟိုဠ်စေ့မှာ များစွာ ပါဝင်တဲ့ သံဓာတ်တွေကြောင့် သွေးအားနည်းတာ မဖြစ် အောင် ကာကွယ်ပေးပါတယ်။ သူရဲ့ ရောင်ရမ်းမှုလျော့စေတဲ့ ဂုဏ်သတ္တိကြောင့် ခုခံ အားစနစ်ကို မြှင့်တင်ပေးနိုင်တဲ့အပြင် အအေးမိတုပ်ကွေးရောဂါမဖြစ်အောင်လည်း ကာကွယ်ပါတယ်။ သီဟိုဠ်စေ့မှာ ပါဝင်တဲ့ ဖော့စပရပ်စ်နဲ့ သိုင်ရာမင်းဟာ ခန္ဓာကိုယ် အတွင်း စွမ်းအင်ရရှိစေပြီး ပင်ပန်းမှုဒဏ်ကို ခံနိုင်ရည်ရှိစေပါတယ်။
Brazil Nuts
သူ့မှာ အမျှင်ဓာတ်တွေ များစွာ ပါဝင်ပါတယ်။ အဲဒီအမျှင်ဓာတ်တွေက အူထဲမှာ ရှိတဲ့ ခန္ဓာကိုယ်ရဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင် သူ့မှာ ပါဝင်တဲ့ ဆီလီနီယမ်ကြောင့် ခုခံအားစနစ် တွေ မြင့်တက်လာနိုင်ပါတယ်။ သူ့မှာ ပါဝင်တဲ့ မပြည့်ဝဆီတွေက သွေးတွင်းသကြား ဓာတ်ကို ထိန်းချုပ်နိုင်ပြီး ဆီးချိုရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
Pecan
သူကတော့ လေထုညစ်ညမ်းဒဏ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အမျိုးသားတွေရဲ့ တက်စထရိုစတီရုန်းအဆင့်ကိုလည်း ထိန်းချုပ်ဖို့ ကူညီပေးပါတယ်။

ဒီအစေ့အဆန်တွေကို သင်မစားသုံးခင်မှာ သင့်အနေနဲ့ သူတို့နဲ့ ဓာတ်မတည့်မှု ရှိ မရှိ အရင် စစ်ဆေးပါ။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *