ကျန်းမာရေးအားနည်းသူတို့တွင်ရှိတတ်သော အမူအကျင့်ဆိုးများ

နေ့စဉ်ပြုလုပ်နေတဲ့ အပြုအမူတွေ က ကျန်းမာရေးအတွက် အနည်းနဲ့အများ ဆိုသလို သက်ရောက်မှုရှိပါတယ်။ ငယ် ရွယ်စဉ်ကတည်းက ကျန်းမာရေးကို အလေးမထားဘဲစိတ်အလိုလိုက်ပြီး လုပ် ချင်တာလုပ်၊ နေချင်သလို နေမယ်ဆိုရင် ကျန်းမာရေး ချို့ယွင်းချက်တွေကို သူများ တွေထက် အချိန်ပိုစောပြီး ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ တချို့တွေက အသက်ကြီး လာပေမယ့် ကျန်းမာရေးက ဒေါင်ဒေါင် မြည်ကောင်းနေတတ်ကြလို့ အားကျနေမိ ပါသလား။ တချို့ကျပြန်တော့လည်း အ သက်တောင် မကြီးသေးဘူး ရောဂါဘယ တွေနဲ့ ဖိစီးနှိပ်စက်မှုဒဏ်တွေကို အရွယ် နဲ့ မလိုက်အောင် ခံစားနေရသူတွေကို သင့်ပတ်ဝန်းကျင်မှာ မြင်နေရလို့ စိတ် ပျက်အားငယ်နေမိပြီလား။ ဒါတွေဟာ သင် နေ့စဉ်ပြုမူနေတဲ့ အမူအကျင့်တွေနဲ့ များစွာ ဆက်စပ်မှုရှိနေပါတယ်။ ဒါ ကြောင့် သူများတွေထက် ပိုကျန်းမာ ချင်တယ်ဆိုရင်တော့ သူများထက်ပိုပြီး ကျန်းမာစေတဲ့ အပြုအမူတွေကို ဂရုစိုက် သင့်ပြီး အကျင့်ဆိုးတွေကိုတော့ ဒီနေ့က စလို့ စွန့်ပစ်ရမှာ ဖြစ်ပါတယ်။

အစာ အလွန်အကျွံစားခြင်း
အစာကို ဝမ်းဗိုက်ပြည့်တင်းတဲ့အထိ စားတာဟာ သင်ရဲ့ ခါးအရွယ်အစားကို တိုးလာစေပါတယ်။ ဒါဟာ နှလုံး ရောဂါနဲ့ အမျိုးအစား(၂) ဆီးချိုသွေးချို ရောဂါ တွေရဲ့ အစောဆုံးပြတဲ့ လက္ခဏာတစ်ခု ပါ။ ဒါထက် ပိုဆိုးတာကတော့ အစာ အလွန်စားတာကြောင့် အစာအိမ်နံရံချဲ့ ကားစေပြီးအနာဖြစ်စေပါတယ်။ ဒါကြောင့် သင်အစာစားတဲ့ အခါ ဖြည်းဖြည်းချင်း ဝါးစားပါ။ ဒီလိုစားတာဟာ ခန္ဓာကိုယ်က ဗိုက်ပြည့်တယ်လို့ ထင်မြင်နိုင်တာ ကြောင့် အစာအလွန်အကျွံစားမိတာကို ရှောင်ရှားနိုင်ပါတယ်။

တီဗီရှေ့မှာ အချိန်ဖြုန်းခြင်း
တီဗီကြည့်တာ၊ဂိမ်းကစားတာ၊ အင် တာနက်အသုံးပြုတာ စတာတွေကို သင့် တစ်နေ့တာရဲ့ အချိန်များများပေးပြီး လုပ် ဆောင်နေတာကြောင့်သင့်မျက်လုံး၊ ခါးနဲ့ ဦးနှောက်တွေကို ဆိုးကျိုးဖြစ်စေပါတယ်။ တီဗီ၊ ကွန်ပျူတာတွေရဲ့ မျက်နှာပြင်တွေ စူးစိုက်ကြည့်တာကြောင့် မျက်လုံးညောင်း စေပြီး အမြင်အာရုံကိုပါ ထိခိုက်စေပါ တယ်။ လှုပ်ရှားမှုမရှိဘဲ ထိုင်နေတာ ကြောင့် နဂိုထက် သင့်ခါးအရွယ်အစား တိုးလာစေပါတယ်။ တီဗီကြည့်တာ၊ ကွန် ပျူတာ အသုံးပြုတာတွေဟာ ဦးနှောက် ဆဲလ်တွေ ပျက်စီးတာကို ဟန့်တားနိုင်တဲ့ လှုံ့ဆော်မှုမရှိဘဲ လူကိုလေးလံ ထိုင်းမှိုင်း စေတာကြောင့် ဦးနှောက်ဉာဏ်ရည်ကို ထိခိုက်စေပါတယ်။ ဒါတွေဟာ အရွယ် မတိုင်မီ သင့်ကျန်းမာရေးကို ဒုက္ခပေးနိုင် တဲ့ အရာတွေပါ။

ဒေါသထွက်ခြင်း
ဖိစီးမှုတစ်ခုလို့ ဆိုနိုင်တဲ့ ဒေါသက သင့် ကျန်းမာရေးကို ထိခိုက်စေတဲ့ အ ကြောင်း တစ်ချက်ပါ။ ဒေါသဖြစ်တဲ့အခါ သင်ရဲ့ နှလုံးခုန်နှုန်းတွေ မြန်လာပြီး ဦးနှောက်ကလည်း လှုံ့ဆော်မှုတချို့ကို လုပ်ဆောင်ပေးပါတယ်။ သင့်အလုပ်မှာ၊ မိသားစုတွင်းမှာ၊ ပတ်ဝန်းကျင်မှာ စတဲ့ တစ်နေရာရာမှာ အဆင်မပြေမှုတွေက နေ ဒေါသက အစပျိုးဖြစ်ပေါ်လာပါ တယ်။ သင့်ဒေါသကို လျှော့ချနိုင်တာဟာ သင့်ကို အိုမင်းရင့်ရော်စေတာကနေ ကာ ကွယ်နိုင်ပါတယ်။

လိင်စိတ်ဆန္ဒ အားနည်းခြင်း
နိုးကြားတက်ကြွတဲ့ လိင်စိတ်ဆန္ဒရှိ တာက သင့်ကို နုပျိုနေသေးကြောင်း သက်သေ ပြနေပါတယ်။ လိင်ဆက်ဆံမှု ပြီးမြောက်တဲ့အခါ ခန္ဓာကိုယ်က ကျေနပ် မှု ဖြစ်စေတဲ့ ဓာတုပစ္စည်းတစ်မျိုး ထွက် ရှိပြီး သင်ရဲ့ခုခံအားစနစ်ကိုပါ မြှင့်တင် ပေးနိုင်ပါတယ်။ ဒါ့အပြင် နှလုံးရဲ့စွမ်း ဆောင်ရည်ကိုလည်း မြင့်မားစေပါတယ်။

သီချင်း နားထောင်ခြင်း
နည်းပညာတွေဘက်စုံက တိုးတက် နေတဲ့ ဒီနေ့ခေတ်မှာ လူကြီး၊ လူငယ်တွေ ဟာ တိုးတက်မှုရဲ့ အသီးအပွင့်တွေကို ခံစားသုံးစွဲနေကြပါတယ်။ အိုင်ပေါ့ထဲမှာ သီချင်း အတော်များများ ထည့်သွင်းနိုင်ပြီး သွားလေရာ နေရာတိုင်းကို အလွယ်တကူ သယ်သွားနိုင်တာကြောင့် လူကြိုက်များပါ တယ်။ ဒါပေမဲ့ အသံကို ကြားနိုင်ရုံအသံ ထက် ကျယ်ကျယ်လောင်လောင် ဖွင့်ပြီး နားထောင်တာကြောင့် အသက်မကြီးခင် မှာပင် ဇရာအကြား အာရုံထိခိုက်မှုကို ဖြစ်စေပါတယ်။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *