ကျန်းမာရေးအမြဲကောင်းဖို့ ဘယ်လိုဖြတ်လမ်းနည်းတွေ သုံးနိုင်လဲ

နေ့စဉ်နဲ့အမျှ ကြိုးစားရုန်းကန်နေ တဲ့အချိန်မှာ ကျန်းမာရေးအတွက် သီး သန့်အချိန်ပေးဖို့၊ ဂရုစိုက်ဖြစ်ဖို့ဆိုတာ မ လွယ်ပါဘူး။ ဒီလိုဂရုမစိုက်ဘဲ ဖြစ်သလို နေမယ်ဆိုရင်လည်း လိုချင်တဲ့၊ ရည်မှန်း ထားတဲ့ ပန်းတိုင်ကို မရောက်ခင်မှာပဲ ကျန်းမာရေးချို့ယွင်းတာတွေ ဖြစ်လာနိုင် ပါတယ်။ ဒါကြောင့် အစဉ်အမြဲ ကျန်းမာ နေစေဖို့ အချိန်သီးသန့်ပေးစရာ မလိုဘဲ ဖြတ်လမ်းနည်းနဲ့ ဘယ်လိုဂရုစိုက်နိုင်မလဲ ဆိုတာကို အောက်ပါအချက်တွေကို လေ့ လာကြည့်ပါ။

ငါးကို တစ်ပတ် နှစ်ကြိမ် မစားဖြစ် ဘူးလား
ငါးကို တစ်ပတ်နှစ်ကြိမ် စားပေးရင် နှလုံးရောဂါဖြစ်နှုန်းကို လျော့နည်းစေပြီး ကြွက်သားတွေ တောင့်တင်းတာနဲ့ စိတ် ဓာတ်ကျတာတွေကို ကင်းဝေးစေတဲ့အ ပြင် အယ်လ်ဇိုင်းမားရောဂါကိုတောင် မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အကြောင်းကတော့ ငါးအဆီမှာပါတဲ့ အိုမီဂါ-၃ အဆီကြောင့် ကျန်းမာရေးကို ကောင်းမွန်စေတာ ဖြစ်ပါတယ်။ တကယ် လို့ ငါးကို မစားဖြစ်ဘူးဆိုရင်တော့ အိုမီ ဂါ-၃ အဆီပါတဲ့ ဖြည့်စွက်ဆေးကို မှီဝဲပေးသင့်ပါတယ်။

တစ်နေ့တစ်ကြိမ် သွားကြားထိုးကြိုး မသုံး ဖြစ်ဘူးလား
သွားတွေကြားထဲမှာ ကပ်ငြိနေတဲ့ သွားချေးတွေ ကင်းစင်စေဖို့အတွက် သွားကြားထိုးကြိုးကို သုံးသင့်ပါတယ်။ တကယ်လို့ သွားကြားထိုးကြိုးကို မသုံး ဖြစ်ရင် လျှပ်စစ်သွားတိုက်တံ (Electric Toothbrush) ကို သုံးပေးပါ။ ဒီသွား တိုက်တံနဲ့ သွားတိုက်ပေးတာက သွား ကြားထိုးကြိုး သုံးသလိုပဲ ၇၅ ရာခိုင်နှုန်း အထိ ထိရောက်မှုရှိတယ်လို့ သုတေသန တွေမှာ ဖော်ပြထားပါတယ်။

ဂီတဖျော်ဖြေပွဲတွေမှာ နားအဆို့ နမေစူကါ တပ်မထားဘူးလား
တကယ်လို့ ဆူညံလွန်းတဲ့အသံတွေ ကြားနေရချိန်မှာ နားအဆို့တပ်မထားဖြစ် ရင်တောင် အဲဒီအသံတွေ ကြားရတာ အနည်းငယ် တိုးသွားစေဖို့ လက်ချောင်း တွေနဲ့ နားကို ထိကပ်ပြီး ပိတ်ထားသင့်ပါ တယ်။ ဆူညံလွန်းတဲ့အသံတွေကို ကြား ရတာကြောင့် နားအူတာလို ဝေဒနာတွေ ဖြစ်ကာ အကြားအာရုံကို ထိခိုက်စေနိုင် တာကြောင့်ပါ။

နှစ်စဉ် တုပ်ကွေးကာကွယ်ဆေး မထိုးဖြစ်ဘူးလား
တုပ်ကွေးရောဂါကာကွယ်ဆေး နှစ် စဉ်ပုံမှန်မထိုးဖြစ်ခဲ့ရင် အရင်တုန်းက တည်းကသုံးခဲ့တဲ့ တုပ်ကွေးရောဂါကာ ကွယ်နည်းလမ်းတွေကို ပြန်လည် အသုံး ချသင့်ပါတယ်။ အဲဒါကတော့ လက်ကို မကြာခဏ ဆေးကြောပေးတာပါ။ လေ့ လာမှုအရ တစ်နေ့မှာ အနည်းဆုံး ငါး ကြိမ်လက်ဆေးပေးတာကြောင့် တုပ် ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေ အပါအဝင် အသက်ရှူလမ်းကြောင်းကတစ်ဆင့် ကူး စက်နိုင်တဲ့ပိုးတွေ ရောဂါဖြစ်ပွားနှုန်းကို ၄၅ ရာခိုင်နှုန်းလောက် လျော့နည်းစေ တယ်လို့ ဖော်ပြထားပါတယ်။

အလေးမ လေ့ကျင့်ခန်း ပုံမှန် မလုပ် ဘူးလား
သင့်အနေနဲ့ မတ်တတ်ရပ်ပြီး အလေးမတဲ့ လေ့ကျင့်ခန်းလုပ်ဆောင် တာကြောင့် ကျောရိုးတွေကို တည်ငြိမ်စေ ပြီး ခန္ဓာကိုယ်အချိုးအစား ပြေပြစ်ကာ စမတ်ကျစေပါတယ်။ တကယ်လို့ အလေးမတဲ့ လေ့ကျင့်ခန်းကို မလုပ်ဖြစ် ရင် တောင် ထိုင်ထလေ့ကျင့်တာ၊ ဆွဲဆန့် လေ့ကျင့်တာ၊ အိပ်ထမတင် လုပ်တာတွေ လုပ်သင့်ပါတယ်။

အမျှင်ဓာတ်များတဲ့ အစားအစာ တွေကို မစားဖြစ်ဘူးလား
အမျှင်ဓာတ်များတဲ့ ပဲ၊ အညိုရောင် ပေါင်မုန့်၊ ခေါက်ဆွဲညိုနဲ့ ဆန်လုံးညို၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေကို စားသုံးပါက ဝမ်းမချုပ်အောင် ကာကွယ် နိုင်သလို အူမကြီးကင်ဆာဖြစ်ပွားမှုနှုန်းကိုလည်း လျော့ကျစေပါတယ်။ တကယ် လို့ အမျှင်ဓာတ်ပါတဲ့ အစာတွေ မစား ဖြစ်ရင် တစ်နေ့မှာ မိနစ် ၂၀ လောက် ပြေးသင့်ပါတယ်။

ရေခဲသေတ္တာကို ပုံမှန် မဆေး ကြော ဖြစ်ဘူး လား
ရေခဲသေတ္တာကို ပုံမှန်မဆေးကြော ဖြစ်ခဲ့ရင် ရေခဲသေတ္တာထဲမှာ ဘက်တီးရီး ယားပိုးမွှားတွေ ခိုအောင်းနေနိုင်ပါတယ်။ အလုပ်တစ်ဖက်နဲ့ဖို့ အချိန်မပေးနိုင်ခဲ့ရင် ရေခဲသေတ္တာထဲက ဘက်တီးရီးယား ပိုး မွှားတွေလည်း ကင်းဝေးချင်တယ်ဆိုရင် အပူချိန်ကို ၃၄-၄၀ ဒီဂရီအတွင်း ထား သင့်ပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *