ကျန်းမာရေးပြဿနာဖြစ်နေကြောင်း ပြသသည့် ခန္ဓာကိုယ်၏ သတိပေးလက္ခဏာများ

ကျွန်မတို့ခန္ဓာကိုယ်မှာ ဖြစ်ပေါ်နေတဲ့ ရောဂါတွေကို ခန္ဓာကိုယ်က တစ်နည်း နည်းနဲ့ ဖော်ပြလေ့ရှိပါတယ်။ ဒီလိုဖော်ပြနေတာကို လျစ်လျူမရှုဘဲ ဂရုတစိုက် အရေး တယူ ပြုလုပ်ခဲ့ရင် သင့်ကိုယ်တွင်းမှာ ဖြစ်ပေါ်တဲ့ ရောဂါတွေ အခြေအနေမဆိုးခင်မှာပဲ အချိန်မီ ကုသလိုက်နိုင်ပါလိမ့်မယ်။ အောက်ပါတို့ဟာ သင့်ခန္ဓာကိုယ်မှာ ကျန်းမာရေး ပြဿနာဖြစ်နေတာကို ပြသနေတဲ့ ခန္ဓာကိုယ်ရဲ့ သတိပေးလက္ခဏာတွေဖြစ်ပါတယ်။

၁။ သွားပျက်စီးခြင်း
လူနာတွေဟာ သူတို့ရဲ့ သွားကြွေလွှာ ပျက်စီးနေပေမယ့် ရင်ပူနာ ဒါမှမဟုတ် စားချဥ့်ပြန်ဝေဒနာရှိကြောင်းကို မသိရှိတဲ့အတွက် ဆရာဝန်ကို ထုတ်ဖော်ပြောပြလေ့ မရှိကြပါဘူး။ သွားကြွေလွှာ ပျက်စီးနေတာက ရင်ပူနာဝေဒနာရဲ့ လက္ခဏာဖြစ်ပါ တယ်။ လူတွေကတော့ သွားပိုးစားတာ၊ သွားပျက်စီးတာက အချိုစာတွေ အလွန်စား တာကြောင့်လို့ ထင်မှတ်ကြပါတယ်။ အချိုစာကြောင့် သွားပျက်စီးမယ်ဆိုရင် ရှေ့သွား တွေလောက်သာ ပျက်စီးတတ်ကြပါတယ်။ စားချဥ့်ပြန်ရောဂါ၊ ရင်ပူနာတွေကြောင့် အစာမျိုပြွန်ထဲက အက်စစ်တွေ ဆန်တက်လာခဲ့ရင်တော့ နောက်သွားတွေရဲ့ ကြွေ လွှာတွေ ပျက်စီးနိုင်ပါတယ်။ ဒါကြောင့် သင့်သွားကြွေလွှာပျက်စီးနေပြီဆိုရင် ရင်ပူ နာဝေဒနာ ဒါမှမဟုတ် စားချဥ့်ပြန်ရောဂါခံစားနေရတဲ့အတွက် ဆရာဝန်နဲ့ ကုသဖို့ လိုအပ်နေပါပြီ။

၂။ ပန်းသီးပုံစံခန္ဓာကိုယ်
ကျန်းမာရေးနဲ့ညီညွတ်မှုမရှိတဲ့ ဘ၀နေထိုင်မှုပုံစံကြောင့် လူတွေက အဝလွန်လာ ကြပါတယ်။ အဝလွန်တဲ့အုပ်စုကို ပန်းသီးပုံစံရှိတဲ့ခန္ဓာကိုယ်နဲ့ သစ်တော်သီးပုံစံရှိတဲ့ ခန္ဓာကိုယ်ဆိုပြီး နှစ်မျိုးခွဲထားပါတယ်။ ပန်းသီးပုံစံခန္ဓာကိုယ်တွေရဲ့ ခန္ဓာကိုယ် အလေးချိန်ဟာ ဝမ်းဗိုက်နဲ့ ခါးနေရာတစ်ဝိုက်မှာ စုဆောင်းနေတတ်ကြပါတယ်။ သစ်တော်သီးပုံစံရှိသူတွေရဲ့ ခန္ဓာကိုယ်အလေးချိန်ကတော့ တင်ပါးနဲ့ ပေါင်ခြံနေရာမှာ စုဆောင်းနေတတ်ကြပါတယ်။ အဝလွန်တဲ့ခန္ဓာကိုယ်ပုံစံကြောင့် ကျန်းမာရေးအတွက် မကောင်းတတ်ကြပါဘူး။ အထူးသဖြင့် ပန်းသီးပုံစံရှိသူတွေမှာ ပိုပြီးအန္တရာယ်များ ပါတယ်။ သူတို့ဟာ တခြားသူတွေနဲ့ နှိုင်းယှဉ်ရင် နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။

၃။ အဝါရောင်ရင့်ရင့်ဆီးသွားခြင်း
ခန္ဓာကိုယ်ကျန်းမာဖို့အတွက် ကိုယ်ထဲမှာ ရေဓာတ်ပြည့်ဝနေဖို့ အရေးတကြီးလို အပ်ပါတယ်။ ရေဓာတ်ပြည့်ဝမှု ရှိ မရှိ အလွယ်တကူ စစ်ဆေးနည်းကတော့ သင် သွားတဲ့ဆီးအရောင်ကို ကြည့်ရှုတာပဲဖြစ်ပါတယ်။ ဆီးအရောင်က ဝါဖျော့ဖျော့ဖြစ်ပြီး ကြည်လင်နေတယ်ဆိုရင် ကျန်းမာနေတဲ့အဓိပ္ပာယ်ပါ။ ဆီးက အဝါရောင်ရင့်ရင့်ဖြစ်နေ မယ်ဆိုရင်တော့ သင့်အနေနဲ့ ရေဓာတ်ချို့တဲ့နေပါပြီ။ ရေများများသောက်ပါ။ အရည် ရွှမ်းတဲ့သစ်သီးဝလံတွေ စားပေးပါ။ ဆော်ဒါပါဝင်တဲ့ဖျော်ရည်၊ ကဖင်းပါတဲ့ဖျော်ရည် တွေကို မသောက်ပါနဲ့။

၎။ စိုးရိမ်စိတ်များပြားနေခြင်း
လူတိုင်းလူတိုင်းမှာ စိုးရိမ်စိတ်အနည်းနဲ့အများတော့ ရှိတတ်ကြပါတယ်။ အမှန် တကယ်တော့ စိုးရိမ်စိတ်ဆိုတာက ဦးနှောက်ထဲမှာ စိုက်ထားတဲ့ မျိုးစေ့လိုပဲ ဖြစ်နေပြီး သူကနေ ပေါက်ဖွားလာရင် ကြီးမားတဲ့ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ကိုပါ သက်ရောက်မှုရှိလာပြီး နှလုံးရောဂါလိုမျိုး ရောဂါတွေ ရရှိလာနိုင်ပါ တယ်။ ဒါကြောင့် သင်ရဲ့ စိတ်ခံစားချက်နဲ့ စိုးရိမ်စိတ်ဘာကြောင့် ဖြစ်သလဲဆိုတာကို ပြန်လည်သုံးသပ်ပြီး အဖြေရှာပါ။

၅။ ယားယံခြင်း
သင့်အနေနဲ့ ခန္ဓာကိုယ်တစ်ခုလုံး အချိန်တိုင်းယားယံနေတာက အရေပြားနဲ့ ဓာတ်မတည့်မှုဖြစ်တာကြောင့် ဒါမှမဟုတ် နေပူထဲ အထွက်များတာကြောင့်လို့ ထင် နေပါသလား။ အဲဒါတွေကြောင့် ဖြစ်နိုင်သလို သင့်အသည်းကျန်းမာရေးမကောင်းတာ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

၆။ နှုတ်ခမ်းကွဲအက်ခြင်း
နှုတ်ခမ်းက အရေပြားတွေ အဖတ်လိုက်ကွာနေတာက ခန္ဓာကိုယ်ထဲမှာ ဗီတာမင် ဘီ ဓာတ်ချို့တဲ့နေတာကြောင့်ပါ။ အထူးသဖြင့် နှုတ်ခမ်းထောင့်နေရာမှာ ကွဲနေတတ်ပါ တယ်။ ဘီ ၁၂ ပေါကြွယ်ဝတဲ့အစားအစာတွေ စားသုံးပေးရပါမယ်။
အထက်ပါပြဿနာတွေ သင့်မှာ ရင်ဆိုင်နေရပါသလား။ ရင်ဆိုင်နေရတယ်ဆိုရင် ဆရာဝန်ထံသွားကာ စစ်ဆေးမှုခံယူလိုက်ပါ။ ကာကွယ်တာက ကုသတာထက် ပိုမို ကောင်းမွန်တယ်ဆိုတဲ့ ဆိုရိုးစကားရှိတယ်မဟုတ်လား။
ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *