ကျန်းမာခြင်းရဲ့လျှို့ဝှက်ချက်တွေကိုသင်သိထားပြီးပြီလား

လူတိုင်းကျန်းမာလိုကြတယ်၊ ကျန်းမာတဲ့ ဘ၀က ပျော်ရွှင်မှုအလိုလိုရနေသလိုပါပဲ။ အများ စုက ကျန်းမာနေချိန်မှာ ကျန်းမာခြင်းရဲ့ တန်ဖိုးကို မသိကြသလို ကျန်းမာအောင် ဘယ်လိုနေထိုင် ရမယ်ဆိုတာကိုလည်း အလေးမထားတတ်ကြပါ ဘူး။ ကျန်းမာစေဖို့ ရိုးရှင်းတဲ့နေထိုင်စားသောက် မှုတွေရှိဖို့လိုသလို၊ ကျန်းမာရေးကောင်းစေတဲ့ လျှို့ဝှက်ချက်တွေကိုလည်း သိထားဖို့လိုပါတယ်။

ရင်သားကျန်းမာစေသော လျှို့ဝှက်ချက်

(၁) ကန်စွန်းဥထောင်း
ကန်စွန်းဥထောင်း ခွက်တစ်ခွက်စာ စားပေးတာက ရင်သားမှာ ရောဂါဖြစ်ခြင်း မှ ကာကွယ်ပေးနိုင်တဲ့ ဘီတာကယ်ရို တင်း (ခန္ဓာကိုယ်တွင်းမှာ ဗီတာမင် အေ အဖြစ်ပြောင်းလဲပါတယ်။) ၂၀၇၁၆ မိုက် ခရိုဂရမ်ကို ရရှိပါတယ်။ သွေးထဲမှာ ဘီ တာကယ်ရိုတင်းတွေ အများအပြားရှိနေ တာက မိန်းကလေးတစ်ယောက်အတွက် ရင်သားကင်ဆာဖြစ်ပွားမှုကို ထက်ဝက် လျှော့ချနိုင်တယ်လို့ နယူးယော့ခ်တက္က သိုလ်မှ အမျိုးသမီးများကျန်းမာမှုကိုလေ့ လာရာမှ တွေ့ရှိခဲ့ပါတယ်။

(၂) မျောက်ဥ
ဘီတာကယ်ရိုတင်းက ဆဲလ်ဒီအန် အေကို ကင်ဆာဖြစ်စေတဲ့ ဓာတ်တွေ ဖျက်ဆီးမှုမှ ကာကွယ်ပေးပါတယ်လို့ သု တေသီတွေက ရှင်းပြပါတယ်။ သုတေသီ တွေက မျောက်ဥမှာလည်း ကန်စွန်းဥလို ဘီတာကယ်ရိုတင်း ပါဝင်မှုကို လေ့လာခဲ့ ပါတယ်။ မျောက်ဥထက် ကန်စွန်းဥမှာ ဘီတာကယ်ရိုတင်း ပါဝင်မှု အဆ ၂၀၀ ကျော် ပိုမိုတယ်လို့ ဆိုပါတယ်။

(၃) ကန်စွန်းဥကြော်
ကန်စွန်းဥကြော်ကလည်း ကန်စွန်း ဥထောင်းလိုပဲ အရသာရှိပြီး ရောဂါတွေ ကို ကာကွယ်ပေးနိုင်ပါတယ်။

အရိုးအဆစ် နာကျင်မှုသက်သာစေသော လျှို့ဝှက်ချက်

(၁) ငရုတ်သီးစားပါ
ငရုတ်သီးအစိမ်းနဲ့ အနီတွေမှာ ဗီ တာမင် စီများစွာပါဝင်ပါတယ်။ ငရုတ်သီး စားတဲ့သူတွေက လုံးဝမစားသူတွေထက် အရိုးအဆစ်ရောင်ရမ်းနေသူတွေမှာ နာ ကျင်မှုခံစားရနိုင်ခြေ သုံးဆလောက် လျော့နည်းစေတယ်လို့ လေ့လာမှုတွေမှာ တွေ့ရပါတယ်။ အရိုးအဆစ်ရောင်ရမ်းနာ ကျင်မှုစေတဲ့ရောဂါက အဆစ်တွေတစ်ခု နဲ့တစ်ခုကြားမှာရှိတဲ့ အရွတ်တွေကို တဖြည်းဖြည်းချင်း ပွန်းစားတာကြောင့် လည်း နာကျင်မှုတွေ ခံစားရတာပါ။

(၂) ငရုတ်သီး
ငရုတ်သီးကနေ ရရှိနိုင်တဲ့ ဗီတာမင် စီက အင်တီအောက်ဆီးဒင့်တစ်မျိုးဖြစ်ပြီး တွယ်ဆက်တစ်သျှူးတွေကို Free Ra­di­cal တွေရဲ့ ပျက်စီးမှုမှ ကာကွယ်ပေး ပြီး ကိုလာဂျင်အသစ်ဖြစ်ပေါ်စေပါတယ်။ အသစ်ဖြစ်ပေါ်လာတဲ့ ကိုလာဂျင်တွေ ကြောင့် အရိုးအဆစ်တွေပေါ် သက် ရောက်တဲ့ ယိုယွင်းမှုတွေကို လျော့နည်း စေပါတယ်။

(၃) စပျစ်ဝိုင်
လူပေါင်း ၇၀၀၀ ပါဝင်တဲ့ လေ့လာမှု တစ်ခုက စပျစ်ဝိုင်သောက်ပေးတာက အ ရိုးအဆစ်တွေ ရောင်ရမ်းနာကျင်မှုဖြစ်ပွား ခြင်းမှ ၇၅ ရာခိုင်နှုန်းထိ လျှော့ချနိုင်တယ် လို့ ဆိုပါတယ်။ စပျစ်သီးမှာ ပါဝင်တဲ့ ဒြပ် ပေါင်းတွေက အရိုးအဆစ်ရောင်ရမ်းမှု တွေကို ပိတ်ပင်တားဆီးပေးနိုင်တာ ကြောင့်ပါ။

စိတ်ခံစားမှု ကောင်းစေသော လျှို့ဝှက်ချက်

(၁) အသားအမျိုးမျိုး
သင့်စိတ်မှာ တစ်ခုခုကို ခံစားနေရ သလို ငြီးစိစိဖြစ်နေပါက အဆီဖယ်ထား တဲ့ အသားကို အနည်းငယ်ပိုစားပေးပါ။ တစ်ပတ်ကို အသား ၄ အောင်စ စားပေး ပါက သင့်စိတ်ခံစားမှုကို ကောင်းစေပြီး စွမ်းအင်ပမာဏကို မြှင့်တင်နိုင်ပါတယ်။

(၂) အမဲသား
အဆီဖယ်ထားတဲ့ အသားစားသုံးပါ က ရရှိလာတဲ့ ပရိုတင်းဓာတ်တွေက စိတ် ခံစားမှုကောင်းစေပြီး နိုးကြားတက်ကြွစေ တဲ့ ဒိုပါမင်းဟော်မုန်းပမာဏကို မြှင့်တင် ပေးတယ်လို့ အစားအစာနဲ့ စိတ်အ ကြောင်း စာအုပ်ရေးသားသူElizabeth Somer က ပြောပါတယ်။ အဆီဖယ်ထား တဲ့အမဲသားစားသုံးပါက သင့်ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ ဗီတာမင်ဘီစစ်နဲ့ ဘီ တွဲ ပမာဏရဲ့ ၇၅ ရာခိုင်နှုန်းကို ရရှိစေပါ တယ်။ ဒီဗီတာမင်တွေက အာရုံကြော လုပ်ငန်းဆောင်တာတွေကို တိုးတက် ကောင်းမွန်စေပြီး စိတ်ဖိစီးမှုကို လျှော့ချ ပေးပါတယ်။

(၃) အမဲပေါင်သား
အမဲပေါင်သား ၄ အောင်စ စားပေး တာက အရိုးပါးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တစ်နေ့တာလိုအပ်တဲ့ ဇင့်ပမာ ဏရဲ့ တစ်ဝက်ကိုအမဲသားကနေ ရရှိနိုင် တာကြောင့်ပါ။ လေ့လာထားမှုအရ ဇင့် ဓာတ်ချို့တဲ့ပါက အရိုးတွေ ပါးလွှာပြီး အ လွယ်တကူ ကျိုးလွယ် ပါတယ်။

အယ်လ်ဇိုင်းမားရောဂါ ကာကွယ်နိုင်သော လျှို့ဝှက်ချက်

(၁) ကော်ဖီ
Finnish လေ့လာမှုအရ အသက် ၃၀၊ ၄၀၊ ၅၀ အရွယ်တွေမှာ တစ်နေ့ကို ကော်ဖီသုံးခွက်ကနေ ငါးခွက်သောက်သုံး သူတွေဟာ နောင်အနှစ် ၂၀ အတွင်း အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားနိုင်ခြေကို ၆၅ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင် ကြောင်း တွေ့ရှိခဲ့ပါတယ်။
ကော်ဖီမှာပါဝင်တဲ့ အင်တီအောက် ဆီးဒင့်က ဦးနှောက်ဆဲလ်တွေရဲ့လုပ် ဆောင်မှုကို အားပေးပြီး ဦးနှောက်သွေး ကြောတွေထဲမှာ ဒုက္ခဖြစ်စေတဲ့ သွေးခဲ ဖတ်တွေဖြစ်ပေါ်မှုကို တားဆီးပေးပါ တယ်။ လေ့လာမှုမှာ တွေ့ရှိချက်အရ ကက်ဖင်းဓာတ်က ဦးနှောက်ကို ထိခိုက် မှုဖြစ်စေတဲ့ အဆိပ်အရေအတွက်ကို လည်း လျှော့ချပေးပြီး သက်ကြီးသတိမေ့ ရောဂါမဖြစ်အောင်လည်း ကာကွယ်ပေး နိုင်ပါတယ်။
ကော်ဖီစေ့မှာ ပါဝင်တဲ့ဒြပ်ပေါင်းက အူလမ်းကြောင်းတစ်လျှောက်မှာ သကြား ဓာတ် စုပ်ယူမှုကို လျော့နည်းစေကြောင်း ဆေးသိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့ပါတယ်။ ကက်ဖင်းဓာတ်ရဲ့ ဒီလုပ်ဆောင်မှုက အ မျိုးအစား ၂ ဆီးချိုသွေးချိုရောဂါဖြစ်ပွား နိုင်မှုကို ၆၅ ရာခိုင်နှုန်း လျှော့ချပေး နိုင်ပါတယ်။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal