ကျန်းမာရွှင်လန်းစေရန် တစ်သက်တာလုံး ကျင့်သုံးသင့်သော အချက်များ

လူတိုင်း အမြဲတမ်း ကျန်းမာအောင် နေဖို့ဆိုတာ လွယ်ကူတဲ့အရာတော့ မဟုတ် ပါဘူး။ လူသားအားလုံး ကျန်းမာနေဖို့ဆို ရင်တော့ ကျန်းမာစေနိုင်တဲ့ နည်းလမ်း ကောင်းတွေကို လိုက်နာကျင့်သုံးနေဖို့ လိုပါတယ်။ မခက်ခဲပါဘူး။ လုပ်နေကျအ ကျင့်တွေကို နည်းနည်းလေး ပြောင်းလဲ လိုက်ဖို့ပဲ လိုပါတယ်။

အင်တီအောက်ဆီးဒင့်ပါဝင်စာများကို စားသုံးပါ
အင်တီအောက်ဆီးဒင့် ကြွယ်ဝတဲ့ အစားအစာတွေက ခန္ဓာကိုယ်ထဲမှာ ဖြစ်ပေါ်နေတဲ့ ဓာတ်တိုးမှုဖြစ်စဉ်တွေကို တားဆီးပေးပါတယ်။ ဓာတ်တိုးမှုဖြစ်စဉ် တွေကို အသက်အရွယ်ကို အိုမင်းရင့်ရော် စေပါတယ်။ အရောင်စုံတဲ့အသီးအရွက် တွေဖြစ်တဲ့ ဘယ်ရီသီး၊ မုန်လာဥနီ၊ စတော် ဘယ်ရီသီး၊ သင်္ဘောသီး၊ ရွှေဖရုံသီးနဲ့ ခရမ်းချဉ်သီးတွေကနေ အင်တီအောက်ဆီး ဒင့်ကို ရရှိနိုင်ပါတယ်။ သင့်တင့်မျှတတဲ့ အာဟာရကိုစားသုံးတာကြောင့် ကင်ဆာ၊ နှလုံးစတဲ့ရောဂါတွေ ဖြစ်ပွားမှုကနေ လည်း ကာကွယ်နိုင်ပါတယ်။

သံလွင်ဆီ ထည့်ချက်ပါ
သံလွင်ဆီမှာ မိုနိုမပြည့်ဝဆီပါဝင်ပြီး ဦးနှောက်မှတ်ဉာဏ်အတွက် များစွာ အကျိုးရှိပါတယ်။ သံလွင်ဆီထဲမှာပါဝင်တဲ့ ဒြပ်ပေါင်းတစ်မျိုးက စတီးရွိုက်မဟုတ်တဲ့ အကိုက်အခဲပျောက်ဆေးတွေလိုပဲ ရောင် ရမ်းမှုနဲ့နာကျင်မှုတွေကို လျော့နည်းစေတဲ့ အာနိသင်ရှိပါတယ်။ လေ့လာမှုတွေအရ သံလွင်ဆီမှာ ခန္ဓာကိုယ်တွင်းကောင်းတဲ့ အဆီဓာတ်ကို များစေပြီး သွေးကြောနံရံ တွေမှာ အဆီတွေကပ်တင်မှုကို လျော့နည်း စေလို့ သွေးကြောအဆီခဲပိတ်ဆို့နိုင်ခြေ ကို လျော့နည်းစေပါတယ်။

ဘယ်ရီသီး စားပါ
ဘယ်ရီသီးတွေဖြစ်တဲ့ စတော်ဘယ်ရီ သီး၊ ဘလူးဘယ်ရီသီးနဲ့ ခရင်မ်ဘယ်ရီသီး စတာတွေမှာ အင်တီအောက်ဆီးဒင့်တွေ များစွာ ပါဝင်ပါတယ်။ အစွမ်းထက် ပေါ် လီဖီနောက ကင်ဆာနဲ့ ဦးနှောက်တွင်း ဆဲလ်တွေ ပျက်စီးမှုမဖြစ်အောင် ကာကွယ် ပေးပါတယ်။

ငါးအမျိုးမျိုးစားပါ
အသားတွေစားတာထက် တူနာငါးနဲ့ ဆယ်လ်မွန်ငါးတွေ စားတာက ကျန်းမာ ရေးအတွက် ပိုမိုအကျိုးများပါတယ်။ ငါး မှာပါဝင်တဲ့ DHA, EPA တွေက ဦး နှောက်နဲ့ အာရုံကြောအဖွဲ့အစည်းအ တွက် များစွာအထောက်အကူ ဖြစ်စေပါ တယ်။ တစ်ပတ်ကို ငါး တစ်ကြိမ်-နှစ် ကြိမ် စားသုံးပေးပါက သက်ကြီးသတိမေ့ ရောဂါဖြစ်ပွားနိုင်ခြေကို လျော့နည်းစေပါ တယ်။ ငါးကြီးဆီက သွေးတွင်းမကောင်း တဲ့အဆီကို လျော့နည်းစေပြီး ကောင်းတဲ့ အဆီကို များစေပါတယ်။ သွေးကြောနံရံ တွေရောင်ရမ်းမှုကို လျှော့ချပေးပြီး သွေးခဲ ဖတ်ပိတ်ဆို့မှုကနေ ကာကွယ်ပေးပါတယ်။

ပဲအမျိုးမျိုး စားသုံးပါ
အမျှင်ဓာတ် ကြွယ်ဝတဲ့ ပဲအမျိုးမျိုး ကို တစ်ပတ် သုံးကြိမ်-လေးကြိမ် စားပေး ပါ။ အမျှင်ဓာတ်က သွေးဖိအားလျော့နည်း စေတာ၊ သွေးတွင်းကိုလက်စထရောကျ ဆင်းစေတာ၊ ဝမ်းချုပ်တာကို ကာကွယ် ပေးတာ၊ အစာချေဖျက်မှုကို ကူညီပေးတာ စတဲ့ အာနိသင်တွေ ရှိပါတယ်။ အမျှင် ဓာတ်စားသုံးတာက ဗိုက်ပြည့်တင်းသလို ခံစားရတာကြောင့် အစာပိုစားမိတာကို ဟန့်တားနိုင်လို့ ကိုယ်အလေးချိန်ကျဆင်း စေပါတယ်။ အသုပ်သုပ်စားတဲ့အခါ၊ စွပ် ပြုတ်သောက်တဲ့အခါ ပဲထည့်စားပါ။ပဲ အမျိုးမျိုးကနေ ရရှိတဲ့ ကာဗိုဟိုက်ဒရိတ် က သွေးတွင်းသကြားဓာတ်ကို တည်ငြိမ် စေတာကြောင့် ဆီးချိုသွေးချိုရှိသူတွေအ နေနဲ့ စားသုံးဖို့ သင့်တော်ပါတယ်။

ဟင်းသီးဟင်းရွက် စားသုံးပါ
ဟင်းသီးဟင်းရွက်တွေမှာ အမျှင် ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ များစွာ ပါဝင်လို့ နာတာရှည်ရောဂါတွေမဖြစ်ပွား အောင် ကာကွယ်ပေးပါတယ်။ အစိမ်းရင့် ရောင် ဟင်းသီးဟင်းရွက်တွေထဲမှာ ဗီတာ မင် ကေပါဝင်ပြီး အရိုးတွေကို သန်မာစေ ပါတယ်။ ကန်စွန်းဥ၊ မုန်လာဥနီ စတာ တွေမှာ ဗီတာမင် အေ ပါဝင်လို့ မျက်လုံးနဲ့ အရေပြား ကျန်းမာရေးကို များစွာအ ထောက်အကူပြုတဲ့အပြင် ပိုးမွှားကူး စက် ဝင်ရောက်တာကိုလည်း ဟန့်တားပေးပါ တယ်။ လေ့လာမှုတွေအရ တစ်နေ့ကို ခ ရမ်းချဉ်သီးတစ်ကြိမ်ထည့်စားပါက ဆီး ကျိတ်ကင်ဆာနဲ့ ဆက်စပ်မှုရှိတဲ့ DNA ပျက်စီးမှုကို ကာကွယ်ပေးတယ်လို့ သိရ ပါတယ်။

ဂရိလူမျိုးများကဲ့သို့ စားပါ
မြေထဲပင်လယ်ဒေသမှာ နေထိုင်သူ တွေရဲ့ စားသောက်မှုပုံစံက ကျန်းမာရေး အတွက် များစွာ အထောက်အကူဖြစ်စေ ပါတယ်။ သံလွင်ဆီ၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ကောက်နှံတစ်ခုလုံးပါဝင်စာ၊ ကွေကာ၊ ဝိုင်နီ စတာတွေကို စားတဲ့အနပ်တိုင်းမှာ ထည့် စားလေ့ရှိကြပါတယ်။ မြေထဲပင်လယ် ဒေသအစားအစာက နှလုံးကျန်းမာရေး ကို ကောင်းမွန်စေပြီး ဦးနှောက်မှတ်ဉာဏ် ချို့ယွင်းနိုင်ခြေကို လျော့နည်းစေပါတယ်။ ဒါ့အပြင် ကင်ဆာဖြစ်ပွားနိုင်ခြေကိုလည်း လျော့နည်းစေပါတယ်။

အစေ့အဆန်များကို စားပါ
အစေ့အဆန်တွေမှာ ကိုလက်စထ ရောမပါဝင်ဘဲ ပရိုတင်းနဲ့ အာဟာရ ဓာတ်မျိုးစုံ ရရှိနိုင်ပါတယ်။ ဗာဒံစေ့မှာ အင်တီအောက်ဆီးဒင့်ဖြစ်တဲ့ ဗီတာမင် အီးပါဝင်ပြီး ဆဲလ်တွေပျက်စီးမှုမှ ကာ ကွယ်ပေးတာနဲ့ ခန္ဓာကိုယ်ခုခံအားစနစ် ကို ကောင်းမွန်စေတာစတဲ့ အာနိသင်တွေ ရှိပါတယ်။ သစ်ချသီးမှာ မပြည့်ဝဆီပါဝင် ပြီး သွေးတွင်းမကောင်းတဲ့ အဆီကို လျှော့ချပေးပြီး ကောင်းတဲ့အဆီကို မြင့် တက်စေပါတယ်။ အစေ့အဆန်တွေ စား သုံးတာက အဆီလုံးဝကင်းရှင်းတာတော့ မဟုတ်ပါဘူး။ ဗာဒံစေ့ ၂၄ စေ့ကနေ ၁၆၀ ကယ်လိုရီကို ရရှိနိုင်ပါတယ်။

နို့နှင့် နို့ထွက်ပစ္စည်းများကို စားသုံးပါ
ဗီတာမင် ဒီဖြည့်စွက်ထားတဲ့ နွားနို့ ကို သောက်သုံးပါက အရိုးသန်မာဖို့အ တွက် လိုအပ်တဲ့ ကယ်လ်စီယမ်စုပ်ယူမှု ကို အားပေးပါတယ်။ ဗီတာမင် ဒီက အူမ ကြီးကင်ဆာ၊ ရင်သားကင်ဆာနဲ့ ဆီးကျိတ် ကင်ဆာဖြစ်ပွားနိုင်ခြေတွေကို လျော့ နည်းစေပါတယ်။ ဒိန်ချဉ် သောက်သုံးပါ က အစာချေဖျက်မှုကို ကောင်းမွန်စေပါ တယ်။

ကောက်နှံတစ်ခုလုံးပါဝင်စာ စားသုံးပါ
ကောက်နှံတစ်ခုလုံးပါဝင်စာကို စား သုံးပါက အမျိုးအစား ၂ ဆီးချိုသွေးချိုနဲ့ နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေကို လျော့နည်း စေပါတယ်။ ကောက်နှံတစ်ခုလုံး ပါဝင်စာ ဖြစ်တဲ့ ပေါင်မုန့်၊ ဆန်လုံးညို၊ ဘာလီ၊ ခေါက်ဆွဲ စတာတွေကို ရွေးချယ်စားသုံး ပါ။ ကောက်နှံတစ်ခုလုံး ပါဝင်စာတွေက အဆင့်ဆင့်ပြုပြင်ထားတဲ့ အစားအစာ တွေထက် အာဟာရတန်ဖိုး များစွာ ပါဝင် ပါတယ်။ ကောက်နှံတစ်ခုလုံးပါဝင်စာက နေ အမျှင်ဓာတ်ရရှိလို့ ဝမ်းချုပ်တာ မဖြစ် အောင်လည်း ကာကွယ်နိုင်ပါတယ်။

ကိုယ်အလေးချိန် ထိန်းသိမ်းပါ
ကိုယ်အလေးချိန်ကို ပုံမှန်ထိန်းထား နိုင်တာကြောင့် အဆစ်တွေပေါ် ဖိအား သက်ရောက်မှုကို လျော့နည်းစေပါတယ်။ နှလုံးအပေါ်မှာ သက်ရောက်မှုတွေ လျော့ နည်းစေတဲ့အပြင် ကင်ဆာဖြစ်ပွားနိုင်ခြေ ကိုလည်း လျော့နည်းစေပါတယ်။ အသက် ကြီးလာတဲ့အခါ ဇီဝရုပ်ဖြစ်ပျက်မှုတွေ လျော့နည်းပြီး ကြွက်သားတွေ ဆုံးရှုံးလာ တတ်ပါတယ်။ ပရိုတင်းရရှိအောင် အဆီ နည်း အသား၊ တူနာငါး၊ ပဲအမျိုးမျိုးတွေ အပြင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဟင်း သီးဟင်းရွက်၊ ကောက်နှံတစ်ခုလုံးပါဝင် စာ၊ ကွေကာ၊ သစ်သီး စတာတွေကိုလည်း စားသုံးပါ။

ကိုယ်အလေးချိန် ပုံမှန်ဖြစ်ပါစေ
အသက်ကြီးလာတဲ့အခါ ကိုယ်အ လေးချိန်တက်ဖို့ ခဲယဉ်းလာပါတယ်။ ကိုယ်အလေးချိန်ပုံမှန်အောက် လျော့ နည်းတာက အအေးမိဖျားနာတဲ့အခါ ပျောက်ကင်းဖို့ ခဲယဉ်းတာ၊ ထိခိုက်ဒဏ် ရာတွေရတဲ့အခါ အမြန်ပြန်ကောင်းဖို့ ခက်ခဲတာ စတာတွေ ဖြစ်တတ်ပါတယ်။ တစ်နေ့ကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ထမင်းအနပ်ကြီး သုံးနပ်စားသင့်ပြီး တစ် နပ်နဲ့ တစ်နပ်ကြားမှာ ကျန်းမာရေးနဲ့ ညီ ညွတ်တဲ့ အဆာပြေသရေစာကို စားသင့် ပါတယ်။ ကိုလက်စထရောတက်စေတဲ့ အစာတွေကို အကန့်အသတ်နဲ့ စားသုံးပါ။

ခိုင်သစ္စာရှင် (ဆေးဝါး)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *