ကွန်ပျူတာအကြည့်များလို့ မျက်စိညောင်းတာအတွက် ဆေးမျက်မှန်တပ်ဖို့ လိုလား

Q. ကွန်ပျူတာအကြည့်များတာကြောင့် မျက်စိညောင်းတာ၊ ယားယံတာတွေ ဖြစ် နိုင်ပါသလား ဆရာ။
ကွန်ပျူတာ အသုံးများတဲ့သူတွေမှာ အများဆုံးဖြစ်တာက မျက်စိဝန်ပိပြီး ညောင်းတာ (Eye Strain) ပဲဖြစ်ပါတယ်။ ကွန်ပျူတာ အသုံးများလို့ မျက်စိယားတာ တော့ မဖြစ်နိုင်ပါဘူး။

Q. ကွန်ပျူတာ အကြည့်များတဲ့သူတွေမှာ ဘာကြောင့် မျက်စိဝန်ပိပြီး ညောင်းတာ (Eye Strain) ဖြစ်ရတာလဲ ဆရာ။
မျက်စိညောင်းတာမှာ အဓိက နား လည်ဖို့လိုတာက ကွန်ပျူတာ မော်နီတာ ဆိုတာ မျက်လုံးက ကြည့်လိုက်ရင် အ ပေါင်း ၆၀ ဒီဂရီရှိတဲ့ မှန်ဘီလူးတစ်ခုပဲ။ ဒါကြောင့် မှန်ဘီလူးဆိုတဲ့အတွက်Focus ကျနေဖို့ လိုပါတယ်။ Focus ကျနေ ရင် ကြည့်လို့ကောင်းတယ်။ ထိုင်ကတည်း က ထိုင်ခုံကို လိုသလို ရှေ့တိုး၊ နောက် ဆုတ်လုပ်ပြီး ကွန်ပျူတာကို ကြည့်သင့်ပါ တယ်။ စာလုံးအရွယ်အစား ကြီးသွားရင် ကြီးသွားသလို၊ စာလုံးအရွယ်အစား သေး သွားရင် သေးသွားသလို အဖြူအမည်း ဖြစ်ရင် ဖြစ်သလိုမျိုး အဆင်ပြေအောင် လိုသလို ညှိကြည့်ရမယ်။ ဒါကြောင့် ကွန် ပျူတာနဲ့ တွဲသုံးတဲ့ ထိုင်ခုံတွေက လိုသလို ညှိလို့ရတဲ့ ထိုင်ခုံမျိုးကို ကုမ္ပဏီအများစု က ထားလေ့ရှိပါတယ်။ အဲဒီလို ထိုင်ခုံမျိုး ကိုပဲ ထားသင့်ပါတယ်။

Q. ကွန်ပျူတာ အကြည့်များလို့ မျက်စိ ညောင်းညာတာ ဖြစ်တယ်ဆိုတော့ အချိန်ဘယ်လောက်ကြာကြာ ကြည့်ရင် ဖြစ်နိုင်ပါသလဲ ဆရာ။
မျက်စိက အဝေးကို ကြည့်ရင် သက်သာပါတယ်။ အနီးကို ကြည့်တဲ့အခါ မှာ စုပြီး ကြည့်ရတယ်။ မျက်စိက စုကြည့် နိုင်တဲ့ အစွမ်း (Convergence Power) က ၂၀ မိနစ်ပဲ ရှိပါတယ်။ ဒါကြောင့် AAO (American Academy of Ophthalmology) က စည်းမျဉ်းတစ်ခု ကို ထုတ်ပြန်လိုက်ပါတယ်။ ၂၀-၂၀-၂၀ ဆိုပြီး ထုတ်ပြန်လိုက်တာပါ။ ဆိုလိုတာက အချိန် မိနစ် ၂၀ ကွန်ပျူတာ သုံးပြီးတိုင်း ပေ ၂၀ အကွာအဝေးကို စက္ကန့် ၂၀ ကြာ ကြာ ငေးကြည့်ပေးပါလို့ ပြောတာဖြစ်ပါ တယ်။
ဒီနေရာမှာ မေးစရာရှိတာက ကျွန် တော်သုံးနေတဲ့ ကွန်ပျူတာအခန်းက ငါး ပေပဲ ရှိတော့ ဘယ်လိုလုပ်ပြီး ပေ ၂၀ အကွာကို ကြည့်ရမလဲဆိုပြီး မေးစရာရှိပါ တယ်။ အဲဒီလိုဖြစ်နေရင်လည်း အကွာအ ဝေး ပေ ၂၀ ကို ကာထားတဲ့ အုတ်နံရံ ဖောက်ပြီး မှန်းကြည့်ရပါမယ်။ ကွန်ပျူ တာ သုံးရင်း မိနစ် ၂၀ ကြာတိုင်း ဒီလို အနားပေးတာက တကယ်တမ်းပြောရရင် ကျိုက်ထီးရိုးတောင်ကို တက်သလိုပါပဲ။ တောင်ခြေကနေ အပေါ်ကို ရောက်ဖို့ နား နားပြီး တက်ရသလိုပဲ ကွန်ပျူတာသုံးပြီး အလုပ်လုပ်တဲ့အခါမှာလည်း နားနားပြီး လုပ်ပေးရပါမယ်။ ဒါကို Intermittent Relaxation လို့ ခေါ်ပါတယ်။

Q. ကွန်ပျူတာကြည့်တာကြောင့် မျက်စိ ညောင်းညာတာ မဖြစ်စေဖို့ ဘယ်လိုလုပ် ဆောင်သင့်ပါသလဲ ဆရာ။
ဆရာတို့ စာဖတ်တဲ့အခါ စာရွက်က ဘာမှ အလင်းမပြန်ပါဘူး။ ဒါပေမဲ့ ကွန် ပျူတာသုံးတဲ့အခါ အလင်းပြန်ပါတယ်။ ဒီလိုအလင်းပြန်တာကြောင့် မျက်စိ ညောင်းရတဲ့အတွက် အလင်းပြန်တာကို ရှောင်လွှဲနိုင်ဖို့ သင့်တော်တဲ့နေရာမှာ Light Source တစ်ခုကို တပ်ထားပေးရ ပါမယ်။ ဒါဆိုရင် ကွန်ပျူတာသမားတွေ မျက်စိညောင်းတဲ့ဒဏ် မရှိနိုင်တော့ပါဘူး။

Q. ဆရာတို့ဆီကို ကွန်ပျူတာအသုံးများ တာကြောင့် မျက်စိညောင်းလို့ဆိုပြီး လာ ပြတဲ့ လူနာတွေ များပါသလား။
အခုဆိုရင် ညနေပိုင်းလောက်မှာ လူနာလာပြတဲ့အခါ လက်တော့ပ်အိတ် လေးကို ကိုင်ထားကြတယ်ဆိုရင် ဒါက ကွန်ပျူတာ အသုံးများပြီး မျက်စိညောင်း လို့ လာပြတယ်ဆိုတာ ဆရာတို့က သိပါ တယ်။ ဒီလိုအခြေအနေကြောင့် တစ်နေ့ ကို လူလေးငါးခြောက်ယောက်လောက် တော့ လာပြလေ့ရှိပါတယ်။
သူတို့က ဘာပြောတတ်သလဲဆိုရင် “မျက်မှန် တပ်ချင်တယ်”ဆိုတာပဲ ဖြစ်ပါ တယ်။ မျက်စိရှေ့မှာ အကာအကွယ် မျက်မှန်လေးတပ်လိုက်ရင် ကွန်ပျူတာ သုံးတဲ့အခါ အဆင်ပြေသွားလိမ့်မယ်လို့ သူတို့က ထင်နေကြပါတယ်။

Q. မျက်စိညောင်းတာအတွက် ဆေး မျက်မှန်တပ်ဖို့ လိုပါသလား ဆရာ။
ဆရာတို့ မျက်စိဆရာဝန်တွေ အ များဆုံးရင်ဆိုင်နေရတဲ့ ပြဿနာက ဆေး မျက်မှန်ဆိုတာပါပဲ။ တကယ်တော့ ဆေး မျက်မှန်ဆိုတာ ဘာမှ မဟုတ်ဘူး။ စီးပွား ရေးသမားတွေ ညာပြီးရောင်းနေကြ တာပဲ ဖြစ်ပါတယ်။ လူတွေရဲ့ စိတ်ထဲမှာ မျက်စိညောင်းလို့ မျက်စိစမ်းသပ်လိုက် ရင် ပါဝါပါတဲ့ မျက်မှန်လေးရတဲ့အခါ ခဏ တော့ ကျေနပ်သွားကြတယ်။ နောက် တော့ ပါဝါမကိုက်လို့ ပြန်ပြောင်းလိုက်၊ ကျေနပ်လိုက်နဲ့ သံသရာလည်နေတတ်ပါ တယ်။ ဒီလိုနဲ့ တစ်နှစ်လောက်လည်းကြာ ရော မျက်မှန်လည်း ချွတ်လို့ မရတော့ဘူး။ မျက်မှန်တပ်မှ မြင်ရသလိုလို ဖြစ်လာပါ တယ်။ တကယ်တော့လည်း မျက်မှန်ပါဝါ ရှိတာ မဟုတ်ပါဘူး။

Q. ကွန်ပျူတာအကြည့်များလို့ မျက်စိ ညောင်းတာ သက်သာစေဖို့ ဘာတွေ လိုက်နာဖို့လိုပါသလဲ ဆရာ။
မျက်စိစမ်းသပ်မှုမှာ လူနာအများ စုက မျက်မှန်ပါဝါကိုပါ စမ်းသပ်ပြီး မျက် မှန်ပေးလိုက်မှ ကျေနပ်ကြတာ များပါ တယ်။ မုန့်ဟင်းခါးစားရင် ဟင်းရည်အ ဆစ်တောင်းလိုက်ရမှ ကျေနပ်သလိုမျိုးပါ ပဲ။ ဆရာတို့ကလည်း မျက်မှန် မလိုဘဲနဲ့ မပေးချင်ပါဘူး။ မျက်မှန် လို၊ မလိုဆိုတာ စမ်းသပ်လိုက်ရင် သိပါတယ်။ မလိုမှန်း သိရက်နဲ့ မျက်မှန်ကို မပေးချင်ပါဘူး။ ဒါပေမဲ့ လူနာတွေက မကျေနပ်ကြဘူး။ မျက်မှန်မလိုဘူး ဆိုပေမယ့် ကျွန်တော့် မျက်စိက ညောင်းတုန်းပဲလို့ ဆရာတို့ကို ပြန်မေးတာ ကြုံဖူးပါတယ်။ တကယ်တော့ လူနာအများစုရဲ့ စိတ်ထဲမှာ ကွန်ပျူတာ ကို မနားဘဲ သုံးလို့ မျက်စိညောင်းတာကို မျက်မှန်လိုတယ်လို့ပဲ ထင်နေကြတာပါ။တကယ်က မျက်မှန်တပ်စရာ မလိုပါဘူး။ ဆရာစောစောက ပြောသလို အချိန်မိနစ် ၂၀ ကွန်ပျူတာ သုံးပြီးတိုင်း ပေ ၂၀ အကွာအဝေးကို စက္ကန့် ၂၀ ကြာကြာငေး ကြည့်ပေးလိုက်ရင် မျက်စိညောင်းတာ သက်သာသွားမှာဖြစ်ပါတယ်။

Q. ကွန်ပျူတာကြောင့် မျက်စိညောင်းညာ တာခံစားနေရသူတွေအတွက် ဆရာရဲ့ အကြံပြုချက်ကိုလည်း ပြောပြပေးပါ။
ကွန်ပျူတာ အသုံးများလို့ မျက်စိ ညောင်းတယ်ဆိုတာ ဥပမာပြောရရင် လူ တွေ လမ်းလျှောက်တာများရင် ခြေ ထောက် ညောင်းတယ်၊ လမ်းလျှောက် တာကို ရပ်နားလိုက်မှ သက်သာတယ်။ အဲဒီသဘောပါပဲ။ မျက်စိကလည်း ကြွက် သားတွေနဲ့ ဖွဲ့စည်းထားတာဆိုတော့ မျက် စိကို ကြာကြာအသုံးပြုတဲ့အခါ ညောင်း လာတယ်။ စာရေးတာ ကြာလာရင် လက် ညောင်းလာသလိုမျိုးပေါ့။ မျက်စိကို အိပ်ရာက နိုးလို့ အလင်းရောင်ဝင်လာ တာနဲ့ တစ်ပြိုင်နက် အလုပ်တွေ လုပ်နေရ တာပဲ။ ကွန်ပျူတာ သုံးတာလို မျက်စိအ တွက် ကြီးတဲ့တာဝန်တွေမလုပ်ရင်တောင် ပေါ့ပါးတဲ့အလုပ်ကိုတော့ မျက်စိဖွင့်လိုက် ပြီဆိုကတည်းက လုပ်နေရတာပါပဲ။ အဲဒီ တော့ ကွန်ပျူတာ သုံးသူတွေအနေနဲ့ မျက်စိညောင်းညာတာ မဖြစ်အောင် လွယ်ကူတဲ့ နည်းလမ်းဖြစ်တဲ့ မိနစ် ၂၀ ကွန်ပျူတာ သုံးပြီးတိုင်း ပေ ၂၀ အကွာ အဝေးကို စက္ကန့် ၂၀ ကြာ ငေးကြည့်တဲ့ နည်းနဲ့ ပုံမှန် အနားပေးပါလို့ အကြံပြုလို ပါတယ်။

◘ ပါမောက္ခဦးတင်ဝင်း (ပါမောက္ခ/ဌာနမှူး) (မျက်စိရောဂါပညာဌာန၊ ဆေးတက္ကသိုလ်-၁)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *