ကွန်ပျူတာနှင့်ကျန်းမာရေးပြဿနာများ

ခေတ်ကို အကြောင်းပြုပြီးတော့ပဲ ဆိုရရင် အခုနောက်ပိုင်း ကျွန်မတို့ ကျန်းမာရေးကို ခြိမ်းခြောက်နေတဲ့ ပြဿနာတွေက အတော်ကို များလာပါ တယ်။ အစားအသောက်၊ အနေအထိုင်၊ အလုပ်အကိုင်တွေကအစ ကျွန်မတို့ရဲ့ ကျန်းမာရေးအသိ၊ ကျန်းမာရေး သတိ တွေကို အချက်ပေးခေါင်းလောင်းတွေ မြည်နေကြတယ်။ နိုင်ငံတကာကနေ ၀င်လာတဲ့ စားဝတ်နေရေး အလေ့အထ တွေ၊ စားသောက်တဲ့ပုံစံ၊ လုပ်ငန်းခွင် လိုအပ်မှုတွေဟာ ကျန်းမာရေးကို အနည်း နဲ့ အများဆိုသလို စိန်ခေါ်နေကြပါတယ်။ အဲ့ဒီလိုမျိုး အငိုက်ဖမ်းပြီး ကျွန်မတို့ရဲ့ ကျန်းမာရေးကို လျော့ပါးစေတဲ့ အထဲမှာ ကွန်ပျူတာသုံးစွဲမှုက ထိပ်ဆုံးကနေ ပါဝင်နေပါတယ်။
စာဖတ်ဖို့အတွက် စာရေးဖို့အတွက်၊ ရုံးအလုပ်ကိစ္စတွေအတွက် ကျွန်မတို့ ကွန်ပျူတာကို သုံးစွဲမိတယ်။ စာစီစာရိုက် တာကနေစပြီး အစည်းအဝေးပွဲတစ်ခု အတွက် ပြင်ဆင်စရာတွေ ပြင်ဆင်တာ၊ ဒီဇိုင်းဆွဲတာ၊ သတင်းအချက်အလက်စု ဆောင်းတာ၊ တစ်ယောက်နဲ့ တစ်ယောက် ချိတ်ဆက်မှုတွေမှာ ကွန်ပျူတာဟာ အရေးပါလာတယ်။ စိတ်လက်အပန်းဖြေ ဖို့အတွက် သီချင်းနားထောင်တာ၊ ရုပ် ရှင်ကြည့်တာ၊ လူမှုကွန်ရက်တွေနဲ့ ချိတ် ဆက်တာတွေမှာ ကွန်ပျူတာဟာ ကြားခံ ကောင်းတစ်ခု ဖြစ်လာခဲ့တယ်။ ရုံး၊ ကျောင်း၊ အိမ်၊ ဆေးရုံ၊ တက္ကသိုလ်တွေ မှာ အထိ ကွန်ပျူတာဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာပြီ။
နိုင်ငံတကာရဲ့ သတင်းတွေကို ကျွန်မတို့ အလွယ်တကူ ချိတ်ဆက်နိုင်ပြီ။ ဒီအတွက် ကျွန်မတို့ အားလုံးရဲ့ အသုံး အဆောင်ဟာ ကွန်ပျူတာဆိုတာ ပိုထင် ရှားလာပါတယ်။ ကမ္ဘာရွာကြီးထဲမှာ နေထိုင်တဲ့အတွက် ကွန်ပျူတာဟာ ကျွန်မတို့လိုချင်တဲ့ အချက်အလက်တွေ ရနိုင်အောင် အဆင်ပြေဆုံး ကူညီပေးနိုင် တဲ့ အရာတွေ ဖြစ်နေပါတယ်။ တချို့ဆို ရင် ကွန်ပျူတာရှေ့ကနေ အချိန်အကြာ ကြီး မလှုပ်ရှားဘဲနဲ့ နေမိတတ်ကြပါတယ်။ ရေချိုးဖို့၊ အစားအသောက်စားဖို့ မေ့တဲ့ အထိ မလှုပ်ရှားဘဲ ကွန်ပျူတာကို သုံးစွဲ နေမိတတ်ပါတယ်။ အဲ့ဒီလို ကွန်ပျူတာ ရှေ့မှာ နာရီပေါင်းများစွာ ထိုင်နေပေမယ့် ကျွန်မတို့ ခန္ဓာကိုယ်မှာ ကွန်ပျူတာ ကြောင့် ဘာတွေ ပြောင်းလဲသွားတယ် ဆိုတာကိုတော့ သတိထားမိတဲ့သူ နည်း ပါတယ်။

၁။ ကွန်ပျူတာနှင့် မျက်လုံး
ကွန်ပျူတာလို့ ပြောလိုက်ရင် ရောဂါအခြေအနေသုံးမျိုးစုနေတယ်လို့ ပြောကြပါတယ်။ မျက်လုံး၊ လက်အဆစ်နဲ့ ကြွက်သားလို့ အလွယ်တကူ ပြောလို့ လည်း ရပါတယ်။ ပထမဆုံးနဲ့ ထိခိုက်မှု အရှိဆုံးက မျက်လုံးဖြစ်ပါတယ်။ ဒီနေ ရာမှာ အမေရိကန်မှာ ပြုလုပ်ခဲ့တဲ့ စမ်း သပ်မှုတစ်ခုမှာ ဖော်ပြထားတဲ့ ““ကွန်ပျူ တာဆိုတာ မျက်လုံးအတွက် အကြီး မားဆုံး ခြိမ်းခြောက်မှု”” ဆိုတဲ့ စကားကို ပြန်ကိုးကားရပါလိမ့်မယ်။ ကွန်ပျူတာ ကနေ ထွက်လာတဲ့ စူးရှတဲ့အလင်း၊ အမြင်အာရုံမှာ တသားတည်း ဖြစ်မသွား နိုင်တဲ့ စာကြောင်းတွေ၊ ပုံရိပ်တွေဟာ မျက်လုံးကို ထိခိုက်မှုတွေ အများကြီး ဖြစ်စေပါတယ်။
စာရွက်တွေ စာအုပ်တွေပေါ်မှာရှိတဲ့ ပုံရိပ် တွေထက် ကွန်ပျူတာက ပုံရိပ်တွေကေ၀၀ါးပါတယ်။ သူတို့ဟာ မျက်လုံးကို ဖိအားတွေ များစွာဖြစ်စေတတ်ပါတယ်။ ဒါကို Computer Vision Syndrome (CVS) လို့ ခေါ်ကြပါတယ်။ CVS  ရဲ့ လက္ခဏာတွေထဲမှာ မျက်လုံးညောင်း ခြင်း၊ အမြင်အာရုံေ၀၀ါးခြင်း၊ ခေါင်းကိုက် ခြင်း၊ မျက်လုံးခြောက်ခြင်းတို့ကို ကြုံတွေ့ ရတတ်ပါတယ်။ ဒီလက္ခဏာတွေဟာ ခဏတဖြုတ်ဖြစ်ပြီးတော့ ကွန်ပျူတာ သုံးတာကို ရပ်တန့်လိုက်ရင်တော့ ပြန် သက်သာသွားတတ်ပါတယ်။
အထူးသဖြင့် မျက်မှန်တပ်တဲ့သူ တွေဆိုရင်တော့ ပိုဆိုးပါတယ်။ အဝေး ကြည့်မျက်မှန်တပ်တဲ့သူ၊ အနီးကြည့် မျက်မှန်တပ်ထားတဲ့သူ ဘယ်သူမဆို ဒီပြဿနာတွေကို ပိုပြီးတော့ ကြုံတွေ့ရ ပါတယ်။ မျက်မှန်ဟာ သူတို့ ကွန်ပျူတာ သုံးမယ့်အချိန်အတွက် ရည်ရွယ်ပြီးတော့ တပ်ထားတာ မဟုတ်ပါပါဘူး။ ဒါကြောင့် သူတို့ဟာ ရှင်းရှင်းလင်းလင်းမြင်ရဖို့ ရှေ့ကိုကိုင်းပြီး ကွန်ပျူတာမျက်နှာပြင် နားကို ကပ်ကြည့်ရပါတယ်။ မျက်လုံးပူ ခြင်း၊ ယားယံခြင်း၊ မျက်ရည်ကျခြင်း၊ အမြင်အာရုံေ၀၀ါးခြင်း၊ အရောင်မသဲ ကွဲခြင်း တို့ကို ကြုံတွေ့ရတတ်ပါတယ်။

၂။ ကွန်ပျူတာနှင့် လက်ကောက်ဝတ်အဆစ်
နောက်ထပ် ပြဿနာကတော့ လက် ကောက်ဝတ်က အဆစ်တွေ နာကျင်ခြင်း ပါ။ ဒါကိုတော့ CARPAL TUNNEL SYNDROME –CTS လို့ ခေါ်ကြပါ တယ်။ ကွန်ပျူတာသုံးတဲ့အချိန်မှာ ကလစ်နှိပ်ရတာ၊ မောက်စ်ကိုရွေ့လျားရ တာတွေကို အထပ်ထပ်အခါခါ ပြုလုပ်ရ တာ၊ စာရိုက်တဲ့နေရာမှာလည်း လက် ချောင်းလေးတွေကိုပဲ အားပြုသုံးနေရ တာတွေဟာ လက်ကောက်ဝတ်မှာရှိတဲ့ carpal tunnel မှာ ရောင်ရမ်းမှုတွေ ဖြစ်လာပြီး နာကျင်မှုတွေ ဖြစ်လာတတ်ပါ တယ်။ ဖြစ်တဲ့လက်ရဲ့ လက်ဖျံတစ် လျှောက်မှာ နာကျင်နေပြီး ထုံကျင်တာ တွေ ဖြစ်နေတတ်ပါတယ်။ အဆစ်ကလေး တွေနဲ့ ဆက်စပ်နေတဲ့ ကြွက်သားတွေ အထိပါ နာကျင်မှုတွေ ဆက်ဖြစ်လာ တယ်။
ကွန်ပျူတာရှေ့မှာ အချိန်ပေးပြီး အလုပ် လုပ်ရတဲ့သူတွေမှာ ဒီပြဿနာဟာ အဖြစ် များပြီး လေ့လာမှုတွေ အရတော့ ကွန်ပျူ တာသုံးစွဲသူ ၈ ယောက်မှာ တစ်ယောက် ကတော့ CTS အခြေအနေတွေကို ကြုံတွေ့ရတတ်တယ်လို့ အတည်ပြု ထားကြပါတယ်။ အထိုင်ကွန်ပျူတာတွေ ကို သုံးရတာများလာပြီး ကီးဘုတ်ကို များများ သုံးရတာနဲ့အမျှ လက်ချောင်း၊ လက်ကောက်ဝတ်၊ လက်မောင်း၊ လည် ပင်း၊ နောက်ကျောတွေမှာ အားနည်းလာ ပြီး နာကျင်မှုတွေ ဖြစ်လာကာ အလုပ် ကောင်းကောင်း မလုပ်နိုင်တော့ဘူး။ စာရိုက်တဲ့အချိန်မှာ လက်ကောက်ဝတ်မှာ လှုပ်ရှားမှုတွေ များလာတာကြောင့် CTS ကိုခံစားရသလို ကွန်ပျူတာနားကို ကိုင်း ပြီးတော့ သုံးရတယ်ဆိုရင် ပိုဆိုးတတ်ပါ တယ်။
CTS ဟာ တချို့သူတွေမှာတော့ သိပ်မသိသာပေမယ့် တချို့မှာတော့ ရုတ်တရက်ကြီး နာကျင်မှုတွေ ပြင်းထန် လာတဲ့အထိ ဆိုးရွားတတ်ပါတယ်။ လူ တွေဟာ ကွန်ပျူတာကိုဖွင့် လက်ကို အချိန်ပြည့်လှုပ်ရှားပြီးတော့ အလုပ်လုပ် နေရပေမယ့် သူတို့ရဲ့ ပြဿနာဟာ CTS လို့ မထင်ကြသေးပါဘူး။ ကွန်ပျူတာဖွင့် ထားပြီးချိန်မှာ အလုပ်တွေ အများကြီး လုပ်ဖို့ စာမျက်နှာတွေ အများကြီးခေါ်ထား ကာ လုပ်လက်စနေရာတစ်ခုကနေ နောက် တစ်ခုဘက်ကို ကလစ်တွေနှိပ်ရင်း ကူး ပြောင်းသွားတတ်ပါတယ်။ ဒီအချိန်မှာ ကျွန်မတို့ကိုယ်တိုင် သတိမထားလိုက် မိဘဲ Right Click တွေကို အခါခါ ချမိနေတတ်တာကို သတိထားဖို့တော့ လိုပါတယ်။

၃။ ကွန်ပျူတာနှင့် ကြွက်သားများ
နောက်ထပ် ကျန်းမာရေးနဲ့ ပတ် သက်နေတာကတော့ ကြွက်သားတွေ နာကျင်ရတာ၊ ခါးနာတာနဲ့ ကိုယ်နေ ဟန်ထား မမှန်တာပါပဲ။ ဒီပြဿနာဟာ ကြွက်သားနဲ့ အရိုးငြမ်းတွေ ဆက်စပ်နေ တဲ့ ပြဿနာတစ်မျိုးလည်း ဖြစ်ပါတယ်။ ကွန်ပျူတာကို အချိန်ကြာမြင့်စွာ အသုံး ပြုတဲ့သူတွေဟာ အဆစ်တွေသာမက လက်ကောက်ဝတ်တွေ၊ လက်မောင်းတွေ နဲ့ လည်ပင်းတွေပါ နာလာတာကို ကြုံ တွေ့ရတတ်ပါတယ်။ ဒါဟာ ကွန်ပျူတာရဲ့ ကီးဘုတ်တွေကို အချိန်ကြာမြင့်စွာ ထိတွေ့ပြီး ဆက်တိုက်အလုပ်လုပ်ရတာ ကြောင့် ကြွက်သားတွေပါ နာကျင်မှုတွေ ဆက်ဖြစ်နေတယ်ဆိုတာကို သတိ ပေးနေတာပါ။
လက်တော့ မဟုတ်ဘဲ အထိုင်ကွန် ပျူတာတွေကို သုံးစွဲသူတွေမှာတော့ လည်ပင်းနဲ့ ပခုံးမှာပါ ပြဿနာတွေ ပေါ်လာတတ်ပါတယ်။ ကွန်ပျူတာ ရှေ့ မှာ ခါးကိုကုန်းပြီး ရှေ့ကိုကွေးကြည့်ရ၊ ကွန်ပျူတာနားရောက်အောင် ကိုယ်ကို ကိုင်းကြည့်ရခြင်းဟာ ခါးနာတာတွေ အပြင် လည်ပင်းနဲ့ ပခုံးတွေမှာပါ ဒဏ် ရာတွေရစေပါတယ်။ မောက်စ်နဲ့ ကီး ဘုတ်ကို ဆက်တိုက် အလုပ်လုပ်ခိုင်းတာ ကလည်း ဒီလိုမျိုးနာကျင်မှုဖြစ်စေနိုင်ပါတယ်။ လေ့လာမှုတွေအရတော့ အမျိုး သမီးတွေဟာ ပိုပြီးတော့ ခံစားရပြီး လည် ပင်းနဲ့ ခြေလက်တွေမှာဖြစ်တဲ့ နာကျင်မှု လက်္ခဏာတွေဟာ အမျိုးသားတွေမှာ ကြုံတွေ့ရတာထက် ပိုပြင်းထန်တတ် တယ်လို့လည်း သတ်မှတ်ထားပါတယ်။

၎။ ကွန်ပျူတာ၊ စိတ်ဖိစီးမှုနှင့် စိတ်ဓာတ်ကျ ခြင်း
ဘယ်လို အသင်းအဖွဲ့၊ ကုမ္ပဏီမျိုး မှာမဆို လုပ်ငန်းခွင်ရဲ့ လိုအပ်မှုကို လိုက် ပြီးတော့ ဖိအားအမျိုးမျိုးနဲ့ အလုပ်လုပ် နေရပါတယ်။ အလုပ်ရှင်၊ ၀န်ထမ်းအကုန် လုံးဟာ လုပ်ငန်းခွင် အကျိုးအမြတ်ရှိရှိနဲ့ အောင်အောင်မြင်မြင် ရပ်တည်နိုင်ဖို့ အတွက် အားစိုက်ထုတ်နေရတယ်။ စီမံ ခန့်ခွဲမှုတွေကို အချိန်နည်းနည်း၊ လူအင် အား နည်းနည်းနဲ့ ထိထိရောက်ရောက် လုပ်နိုင်ဖို့ ကွန်ပျူတာ နည်းပညာတွေကို လူ့အရင်းအမြစ်တွေနဲ့ ပူးပေါင်း လုပ် ဆောင်ကြပါတယ်။ ဒီအတွက်ပဲ လူတွေ ဟာ သက်မဲ့ဖြစ်တဲ့ ကွန်ပျူတာတွေနဲ့ အပြိုင်လုပ်ကိုင် ဆောင်ရွက်ရပါတော့ တယ်။
ဒီအချိန်မှာ စိတ်ဖိစီးမှုဟာ စိတ်ခံ စားမှုသက်သက်အနေနဲ့ မဟုတ်တော့ဘဲ ခန္ဓာကိုယ်မှာပါ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲ မှုတွေ ဆက်ဖြစ်လာပါတယ်။ ဟော်မုန်းထွက်ပေါ်မှုတွေပြောင်းလာပြီး အသက်ရှူ မြန်တာ၊ သွေးတိုးတာ၊ အစာအိမ်ကနေ အက်စစ်အထွက်များတာတွေပါ ဖြစ် လာတတ်တယ်။ ဖိစီးမှုများတဲ့ အလုပ် တစ်ခုကို ထပ်ခါထပ်ခါ လုပ်နေရတဲ့သူ အဖို့ဟာ မကြာခဏခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်း၊ အစာစားချင်စိတ်မရှိ ခြင်း၊ အစာအလွန်အမင်းစားခြင်း၊ စိတ် ဓာတ်ကျခြင်း၊ စိတ်တိုခြင်း၊ အစာအိမ် အနာဖြစ်ခြင်း၊ သွေးတိုးခြင်း၊ နှလုံးရောဂါ အထိပါ ဖြစ်တတ်ပါတယ်။ တချို့တလေ မှာတော့ ကွန်ပျူတာဟာ မိမိရဲ့ ကိုယ်ပိုင် အချိန်၊ မိသားစုမိတ်ဆွေ အပေါင်း အသင်းတွေကြားထဲကနေ ဆွဲထုတ်သွား တတ်ပြီးတော့ စိတ်ဓာတ်ကျစေတဲ့အထိ ဆွဲခေါ်သွား တတ်ပါတယ်။

၅။ ကွန်ပျူတာနှင့် ခေါင်းကိုက်ခြင်း
ကွန်ပျူတာသုံးတဲ့အချိန်မှာ ဖြစ် လာတဲ့ ခေါင်းကိုက်တာကို Tension headaches အမျိုးအစားထဲက တစ်ခုလို့ သတ်မှတ်လို့ရပါတယ်။ Tension headaches ဆိုတာက ခေါင်းကိုက်တာရိုးရိုးမဟုတ်ပါဘူး။ ဦးခေါင်း၊ ဦးရေပြား၊ လည် ပင်းအပါအ၀င် အဲ့ဒီတစ်ဝိုက်က ကြွက် သားတွေဟာ နာကျင်တောင့်တင်းနေ တတ်တာမျိုးပါ။ ကြွက်သားတွေဟာ စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျခြင်း၊ ဦးခေါင်း ထိခိုက်မိခြင်းတို့ကို တုံ့ပြန်ပေးဖို့အတွက် တောင့်တင်း လာတတ်ပါတယ်။ ကွန်ပျူ တာကို တစ်စိုက်မတ်မတ်သုံးနေပြီး ဦး ခေါင်းကို ရွေ့လျားမှု မရှိစေတော့တဲ့ အခါမှာ ခေါင်းတွေဟာ အုံခဲကာ ကိုက်လာ တတ်ပါတယ်။ စာရိုက်တာ၊ စာရင်းဇယား လုပ်တာ၊ လက်ချောင်းတွေပေါ်မှာပဲ အာရုံကို တင်ထားတာတွေဟာ Tension headaches အခြေအနေတွေရောက် အောင် တွန်းပို့ပေးနေပါတယ်။

၆။ ဓာတ်ရောင်ခြည်နဲ့ ထိတွေ့ မှုရှိခြင်း
ကွန်ပျူတာတိုင်းကနေ ထွက်လာ တဲ့ ဓာတ်ရောင်ခြည်တွေဟာ ကျွန်မတို့ရဲ့ ကျန်းမာရေးကို ခြိမ်းခြောက် နေတဲ့ အရာ တစ်ခုဖြစ်ပါတယ်။ သူတို့နဲ့ ထိတွေ့မှု များလာတာဟာ ကင်ဆာ၊ အကျိတ်၊ လမစေ့ဘဲ ကလေးမွေးခြင်း၊ ကိုယ်လက် အင်္ဂါချို့တဲ့နေတဲ့ ကလေးများ မွေးဖွား ခြင်း၊ ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်း တို့ကို ခံစားရစေတတ်ပါတယ်။ အခုနောက် ပိုင်း ကွန်ပျူတာတွေမှာ ပါဝင်တဲ့ ရောင် ခြည်တွေရဲ့ ပမာဏကို ကန့်သတ်ထားကြ ပေမယ့်လည်း လုံးလုံးမထွက်အောင် တော့ လုပ်လို့မရပါဘူး။ ဒီတော့ ကျွန်မ တို့ကပဲ ကွန်ပျူတာ သုံးတဲ့အချိန်ကို လျှော့ ပြီးတော့ ဓာတ်ရောင်ခြည်နဲ့ ထိတွေ့မှုတွေ လျော့ပါးအောင်လုပ်ပေးရပါလိမ့်မယ်။ ကွန်ပျူတာသုံးတဲ့အချိန်မှာ တတ်နိုင် သမျှ မိမိနဲ့ခပ်ခွာခွာကနေပဲသုံးရပါတော့ မယ်။

၇။ ကွန်ပျူတာစွဲခြင်း
ကွန်ပျူတာဟာ ကျွန်မတို့ကိုသတင်း အချက်အလက်မျိုးစုံကိုပေးပြီးတော့ စိတ်ကို ပျော်ရွှင်ရအောင် ဖျော်ဖြေမှုတွေ ပေးနိုင်ပါတယ်။ ဒါကြောင့်ပဲ လူတွေဟာ ကွန်ပျူတာကို ဆေးစွဲသလိုမျိုး စွဲလာ တတ်ကြပါတယ်။
ကျွန်မတို့ လိုချင်တဲ့ အကြောင်း အရာတစ်ခုခုအတွက် ရှာဖွေလို့ရတဲ့ နေ ရာတွေကို ရောက်အောင်ပို့ပေးနိုင်သလို အွန်လိုင်း စာမျက်နှာမှာ တင်ထားတဲ့ စာတွေ၊ သတင်းတွေကို ဖတ်တာ၊ ဂိမ်းကစားတာ၊ လူမှုကွက်ရက်တွေပေါ် မှာ စုဆုံတာ၊ အတွေ့အကြုံတွေ ဝေမျှတာ လိုမျိုး ကောင်းတဲ့အချက်တွေအပြင် လူမှုပတ်ဝန်းကျင်မှာ လက်ခံခက်ခဲတဲ့ လောင်းကစား၊ လိင်မှုကိစ္စတွေကိုပါ ချိတ် ဆက် ပေးထားပါတယ်။ ဒီအရာတွေ အပေါ်မှာ အာရုံမျောပါသွားပြီးတဲ့နောက် မှာတော့ အလုပ်အကိုင်ပျက်၊ ကျောင်း ပျက်တာတွေ၊ မိသားစုနဲ့ နွေးနွေးထွေး ထွေး မနေနိုင်တော့တာ၊ ပြင်ပလှုပ်ရှား မှုတွေ နည်းပါးသွားတာတွေပါ ဆက်ဖြစ် လာပါတယ်။ အဲ့ဒါတွေထက်ပိုပြီးတော့ စွဲလမ်းမှု လွန်ကဲလာရင်တော့ စနစ်တကျ ကုသမှု ခံယူရပါလိမ့်မယ်။
ဒီတော့ ကွန်ပျူတာသုံးတာများရင် ကျွန်မတို့ရဲ့ ကျန်းမာရေး ထိခိုက်မှုတွေ ရှိတာကိုသိလာပြီ။ ဒါဆို ဘယ်လိုလုပ် ကြမလဲ။ ကျွန်မတို့ ကျန်းမာရေးအတွက် ကွန်ပျူတာသုံးတဲ့ အချိန်တွေကို လျှော့ ချရမယ်။ ဒါက ပထမဦးဆုံး လုပ်သင့်တာ ပါ။ ကွန်ပျူတာကနေ အလင်းအမှောင်ကို ပြန်ချိန်ညှိထားရမယ်။ သိပ်ပြီးတော့ စူး လွန်းလင်းလွန်းတာမျိုးကို ချိန်ထားရင် ကျွန်မတို့ကို ထိခိုက်မှု ပိုရှိလာနိုင်တယ်။ နောက်တစ်ခုက ကာဗာတွေကို တပ်ထား မယ်။ ဒါဟာ စူးရှတဲ့အလင်းတွေကြောင့် မျက်လုံးမှာ ဖြစ်တတ်တဲ့ ပြဿနာတွေကို လျှော့ချတာပါ။
နောက်တစ်ခုလုပ်ဖို့က မျက်တောင် ခတ်ဖို့ပါ။ ဘယ်သူမဆိုကွန်ပျူတာကို စိတ်ပါဝင်စားစွာနဲ့ သုံးစွဲနေတဲ့အချိန်မှာ စကရင်ကိုသာစိုက်ကြီးနေမိပြီး မျက် တောင်ခတ်ဖို့ မေ့လျော့နေတတ်ပါတယ်။ ဒီလိုမျိုး မျက်တောင်ခတ်တဲ့ အကြိမ်ရေ နည်းသွားရင်တော့ မျက်လုံးတွေဟာ ခြောက်သွားပြီး ယားယံလာတတ်ပါတယ်။ ဒါကြောင့်ပဲ ကွန်ပျူတာသုံးနေရင်းနဲ့ မျက် တောင် ခတ်ပေးရပါလိမ့်မယ်။ ကွန်ပျူ တာကို မိနစ် ၂၀ လောက်သုံးပြီးရင် ပေ ၂၀ လောက်အကွာကို စက္ကန့် ၂၀ လောက် အာရုံလွှဲပြီးတော့လည်း ကြည့် ပေးသင့်ပါတယ်။ ဒီနည်းလမ်းက တစ်နေ ရာတည်းကိုပဲ အာရုံစိုက်နေမိတတ်တဲ့ ပြဿနာကို လျော့နည်းသွားစေပြီး မျက် လုံးယားတဲ့ပြဿနာကိုပါ ကာကွယ်ပေး နိုင်ပါတယ်။
လုပ်ငန်းခွင်အခြေအနေ၊ ကွန်ပျူ တာထားတဲ့ အနေအထားတွေကိုလည်း လျစ်လျူရှုထားလို့မရပါဘူး။ ကျွန်မတို့ရဲ့ မျက်နှာချင်းဆိုင်မှာပဲ ကွန်ပျူတာကို ထားရင် ခန္ဓာကိုယ်ကို လိမ်စောင်းပြီးတော့ သုံးစရာ မလိုတော့ပါဘူး။ ကွန်ပျူတာရဲ့ မျက်နှာပြင်ဟာ ကျွန်မတို့ မျက်လုံးနဲ့ တတန်းတည်းဖြစ်နေရင် ပိုပြီးတော့ ကောင်းပါတယ်။ ကွန်ပျူတာသုံးနေတဲ့ အခန်းထဲမှာ စူးရှလွန်းတဲ့ မီးရောင်တွေရှိ နေရင်လည်း မျက်လုံးက ပိုပြီးတော့ ပျက်တတ်တာကြောင့် အခန်းတွင်း မီး အလင်းအမှောင်ကိုပါ သတိထားရပါတယ်။
ကွန်ပျူတာဟာ အလုပ်အတွက် အထောက်အကူ အများဆုံးပြုပေးတဲ့ ပစ္စည်းဖြစ်တာကြောင့် ကျွန်မတို့ရဲ့ အိပ်ရာ ပေါ်ကိုတော့ မယူလာသင့်ဘူး။ ကွန်ပျူ တာသုံးနေရင်းနဲ့ ကျွန်မတို့ဟာ ပုံမှန် အတိုင်း အသက်ရှူသွင်း ရှူထုတ်လုပ်ပြီး ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကို သဘာဝ အတိုင်း လည်ပတ်ခွင့်ပေးထားရပါလိမ့် မယ်။ နားသင့်တဲ့အချိန်မှာ နားပြီးတော့ အစားအသောက်တွေကိုလည်း ပုံမှန်စား ပေးရပါလိမ့်မယ်။ ဒါဆိုရင် ကွန်ပျူတာ အားကိုးနဲ့ ကမ္ဘာကြီးရဲ့ အကြောင်းတွေကို ဘေးကင်းရန်ကင်း လေ့လာလို့ ရသွား ပါပြီ။

◘ နှင်းနုလွင် (ဆေးဝါး)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *