ကွမ်းယာ၏ဆိုးကျိုးများ

မြန်မာတို့ရဲ့အိမ်ကို အလည်လာလို့ တည်ခင်းဧည့်ခံတဲ့နေရာမှာ ကွမ်းအစ်ကို အရင်ချပေးကြပါတယ်။ ဟိုတုန်းက မြန် မာတို့ရဲ့ယဉ်ကျေးမှုလို့ဆိုရမှာပါ။ အခု တော့ ဒီလိုမဟုတ်တော့ပါဘူး။ လက်ဖက် ရည်နဲ့တည်ခင်းကြတယ်။ ရှေးဆန်တဲ့၊ ကွမ်းယာကိုစားသုံးတဲ့လူတွေကတော့ ကွမ်းအစ်ရှိကြတယ်။ ကြိုက်ရင် စားပေါ့။ ထွေးခံကလည်း ဘေးမှာအဆင်သင့်မရှိ ကြတာကများပါတယ်။ အကြောင်းက တော့ ကွမ်းယာဆိုင်တွေ မှိုလိုပေါက်နေ တော့ လမ်းထိပ်ထွက်ဝယ်ရုံဖြစ်နေတာ လည်း ပါပါတယ်။ ရှေးလူတွေက ကွမ်း စားလို့ သွားတွေခိုင်တာဆိုပြီး အယူရှိခဲ့ ကြတယ်။ ဆေးရွက်ကြီးထည့်စားလို့ သွားပိုးမထိုးတာဆိုပြီး ထင်မှတ်ကြတယ်။ ဒီနေ့ကာလမှာတော့ ဆေးရွက်ကြီးထည့် စားတဲ့သူရှိသလို အနံ့မွှေးမွှေးပါတဲ့ အိန္ဒိယကလာတဲ့ ဆေးပေါင်းစုံတွေကို လည်း ထည့်စားကြတယ်။ နာမည်မျိုးစုံရှိ တယ်။ နိုင်တီတူး၊ ဆစ်ကနယ်၊ ဘုရင်မ၊ ဖော်တီတူး၊ နှပ်ဆေး၊ ဟန်ဒရက်စလို့ အမျိုးစုံလှပါတယ်။ အနံ့မွှေးတော့ လူ ငယ်တွေကြိုက်ကြတယ်။ ထည့်စားလိုက် တဲ့ဆေးတွေကလည်း များလိုက်တာ၊ မ စားတတ်သူစားရင် မူးတတ်အန်တတ်၊ ရင်အောင့်တတ်ပါတယ်။
သူတို့စားတဲ့ဆေးဘူးပေါ်မှာ အဆိပ် ဆိုတဲ့စာကပ်ထားပါတယ်။ ထုတ်လုပ်သူ က စေတနာရှိသယောင်ယောင်။ အိန္ဒိယ က အများဆုံးထွက်တယ်၊ ဈေးကြီးတယ် ဆိုပြီး အတုတွေထွက်လာတယ်။ စားနေ ကျသမားတွေကတော့ အတုအစစ်ခွဲခြား တတ်ပါတယ်။
ဟိုတုန်းက ကွမ်းယာဆိုင်ဆိုတာ တိုက်နံရံကိုကပ်ပြီး ရောင်းကြတယ်၊ ဗန်း သေးသေးနဲ့ရောင်းကြတယ်။ ပခုံးပေါ် ကြိုးလေးသိုင်းပြီး ရောင်းကြတယ်။ ထွေ ထွေထူးထူးကွမ်းယာမတွေ့ရ။ ကွမ်းယာ မှာ အုန်းသီး၊ ယိုတစ်ခုခုထည့်စားကြ တယ်။ အခု အဲဒီလိုစားကြတဲ့သူတွေကို ကင်ပွန်းတတ်တာက မိန်းမလိုစားတယ် တဲ့။ အခုတော့ ကွမ်းယာဆိုင်တွေက ကြီး လွန်းနေတယ်။ ဆိုင်ကြီးကနားကြီးတွေ ဖြစ်လို့နေတယ်။ စားသုံးသူတွေကိုကြည့် လိုက်ပါ။ လူငယ်တွေလည်ပါလာတယ်၊ မိန်းမတွေလည်း ပါလာတယ်။
ဟိုတုန်းက တစ်ယာမှ ၁၀ ပြား၊ ၁၅ ပြား၊ နောက်တော့ ၁၀၀ ဖိုးသုံးယာ၊ ခု တော့ ၂၀၀ တွေဖြစ်ပြီးဈေးတွေတက်လာ တယ်။ ကုန်ကားသမားတွေက အိပ်မ ပျော်အောင်စားလိုက်တဲ့ ကွမ်းယာ၊ တစ် နေ့ကို ၃၀၀၀ ကနေ ၄၀၀၀ ကျပ်အထိ ဖြစ်၊ ကွမ်းရောင်းရင်း ကားတွေတောင် ဝယ်စီးနိုင်ကြကုန်တယ်။ များများစားတဲ့ သူတွေဆိုရင် သွားရောင်ကမည်းတောင် နေပြီ။ ပါးစပ်ထဲ တစ်ယာကုန်ရင် နောက် ထပ် တစ်ယာကအဆင့်သင့်။
အရင်းအနှီးသိပ်မရှိ၊ အလုပ်အကိုင် ကမရှိဘူးဆိုရင် ကွမ်းယာဆိုင်ထွက်ကြ ပြီ။ စားသုံးသူတွေ တိုးလာသလို ဆိုင် တွေလည်း များလာကြတယ်။ ကြည့် လိုက်ရင် ပါးစပ်ထဲမှာနီရဲနေတယ်။ လမ်း ဘေးမှာလည်း ကွမ်းတံတွေးကမြင်လို့မ ကောင်း။ တိုက်နံရံမှာလည်း ကွမ်းတံ တွေး၊ မှတ်တိုင်မှာလည်း ကွမ်းတံတွေး၊ လှေကားအတက်အဆင်းမှာလည်း ကွမ်း တံတွေး၊ စည်းကမ်းတွေမဲ့လာသလို ကွမ်းတံတွေးထွေးရင် အရေးယူမယ်ဆို တာလည်း မရှိတော့ပါ။
ကွမ်းယာတွေစားလိုက်ကြတာ၊ သွားတွေကိုကြည့်လိုက်ပါဦး၊ အပေါ်ဝါး တဲ့မျက်နှာပြင်တွေရွဲ့စောင်းနေပြီ။ ကျိုး တဲ့သွားတွေ ကျိုး၊ ယိုင်တဲ့သွားတွေယိုင်၊ ပဲ့တဲ့သွားတွေပဲ့ကုန်ပြီ။ သွားမရှိတော့ရှိ တဲ့သွားကို အတုစိုက်ထားတာတောင်စား နေကြတုန်း။ ရှိတဲ့သွားနဲ့ကျိတ်ဝါးနေကြ တယ်။ သွားဆရာဝန်တွေကတော့ ရောက်လာတဲ့လူနာကို ကွမ်းမစားကြဖို့ ဝတ်ကျေတန်းကျေတော့ ပြောကြပါ တယ်။ ပြောတိုင်းလိုက်မလုပ်တာက လူ နာတွေ၊ သွားကျိုးတော့ သွားစိုက်ရပြီ။ ကွမ်းချိုးကပ်တော့ ကွမ်းချိုးခြစ်ရတယ်။ ကုန်ကျစရိတ်ရှိတယ်။ ကွမ်းယာတောင် ရယ်ဒီမိတ်ရှိကြတယ်။ မလေးကလာတာ လား၊ ဘင်္ဂလားဖက်ကလား၊ အိန္ဒိယဘက် ကလားတော့မသိ။ မှိုစော်နံတယ်၊ ကင် ဆာပိုဖြစ်နိုင်တယ်။ နဂိုတည်းက ကွမ်း ယာကြောင့် လျှာကင်ဆာ၊ သွားဖုံးကင် ဆာဖြစ်တယ်ဆိုတော့ မှိုတက်စားရင် ဆိုး ပြီ။ ကြိုက်တဲ့သူနည်းပါတယ်။
ကွမ်းယာကို ဘယ်လောက်ကြိုက် ကြသလဲဆိုရင် နိုင်ငံခြားသွားအလုပ် လုပ်တဲ့သူတွေက ကွမ်းယာတွေအများ ကြီးဝယ်သွားကြတယ်။ ဟိုရောက်တော့ လည်း ဝယ်စားကြတယ်။ ဈေးကြီးတယ်၊ နိုင်ငံခြားမှာ စည်းကမ်းမဲ့ကွမ်းတံတွေး ထွေးလို့ကတော့ ဒဏ်ချခံရပြီ။ ဆေးဝါး တွေကို သယ်တာထက် မရှိမဖြစ် ကွမ်း ယာမပါလို့မရ။
ကွမ်စားလို့မိမိအတွက် ဆိုးကျိုးဖြစ် ရုံမကဘဲ ဘေးပတ်ဝန်းကျင်ကိုပါ ထိခိုက် တယ်။ ထွေးလိုက်တဲ့ကွမ်းတံတွေးက သူ များခြေထောက်ကို စင်တယ်၊ ကားပေါ်က ထွေးလိုက်တာ လမ်းဘေးကလူတွေရဲ့ အဝတ်အစားတွေကိုစဉ်တယ်၊ ကွမ်းစား ပြီး တိုက်ရိုက်မြေပေါ်ထွေးချတာရှိသလို ပလတ်စတစ်အိတ်ထဲ ထွေးတာရှိတယ်၊ ပြီးရင် အမှိုက်ပုံးထည့်တဲ့သူမရှိ။ ဘေး နားချထားလိုက်တယ်။ မမြင်တဲ့သူက တက်နင်းပြီး စဉ်သွားကြတယ်။ ကွမ်းရည် ထုပ်ဆိုပြီး စိတ်ဆိုးလို့ခြေနဲ့ကန်ရင် ကိုယ့်ကိုတောင် ပြန်စဉ်နိုင်ပါတယ်။
တချို့ ကြမ်းခင်းနဲ့နေတဲ့သူတွေ က ချွဲသလိပ်၊ ကွမ်းရည်တွေကို ကြမ်းကြား ထဲ ထွေးချတယ်၊ ပျဉ်နှုတ်ခမ်းသားတွေ ပေကျံကုန်တယ်။ တီဘီရောဂါရှိတဲ့သူက အဲဒီလိုလုပ်ရင် ကျန်တဲ့အိမ်သား၊ အထူး သဖြင့် ကလေးငယ်တွေ မှောက်လျက်နဲ့ သွားနေတယ်ဆိုတော့ ရောဂါကူးစက်ခံရ နိုင်တယ်။ စည်းကမ်းမဲ့သလို ကူးစက်ရော ဂါလည်းပြန့်ပွားနိုင်ပါတယ်။
ကွမ်းယာဝါးလို့ တံတွေးထွေးလိုက် တဲ့အခါ တံတွေးတွေဆုံးရှုံးတယ်၊ ရေ ဓာတ်ဆုံးရှုံးတယ်၊ ဒါကြောင့် ရေငတ်ကြ တယ်၊ ကွမ်းယာကြောင့် အူလမ်းကြောင်း မှာ သံဓာတ်စုပ်ယူမှုနည်းလို့ သံဓာတ် နည်းစေတယ်။ ညဘက်အိပ်ရင်းနဲ့တောင် ပါးစောင်မှာ ကွမ်းငုံပြီးအိပ်လို့ လျှာကင် ဆာဖြစ်ကြတယ်။ လျှာကင်ဆာဖြစ်တော့ လျှာကအပုပ်နံ့ဆိုးရွားစွာထွက်ပါတယ်။ ဓာတ်ကင်တာ၊ လျှာတစ်ခြမ်းဖြတ်တာ တွေလုပ်ရတတ်တယ်။ စကားပြောလို့မ ရ။ စားလို့မရ ဒုက္ခတွေများစွာခံစားရပါ တယ်။
ဆေးလိပ်သောက်တဲ့သူတွေ ဆေး လိပ်ဖြတ်ချင်လို့ ကွမ်းစားကြရာကနေ ဆေးလိပ်ရောကွမ်းပါ မပြတ်ကြတော့။
ဆေးလိပ်ဘူးခွံပေါ်မှာ ကင်ဆာဖြစ် နိုင်တယ်ဆိုပြီး ဓာတ်ပုံနဲ့ဖော်ပြတယ်။ ကွမ်းယာမှာတော့ ဖော်ပြစရာမရှိ။ ကွမ်း ယာကြောင့် အသည်းခြောက်တာလည်း ဖြစ်နိုင်တယ်၊ ဆေးတွေထည့်စားကြတဲ့ အတွက်ဖြစ်တယ်။
အလှူခံမဏ္ဍပ်တွေမှာ မိုက်နဲ့လှူ ကြပါ။ ကွမ်းစားဆေးသောက်ကျပျောက် သလောက်သာရှိတယ်လို့ အော်ကြတယ်။ အခုတော့ ကွမ်းကြိုက်သူတွေစားချက် က တစ်နေ့ကို ၃၀၀၀ ဆိုလည်းဟုတ်ပါ တယ်၊ ကွမ်းသီးညှပ်ပြီးလိုက်ပို့ကြတယ်။ အဲဒီအထုပ်ကိုနမ်းကြည့်ရင် ယမ်းနံ့ (ကန့်)နံ့ထွက်နေတယ်။ အကြောင်းက မှိုမတက်အောင်ဖြစ်တယ်၊ မှိုတက်ကွမ်း ကြောင့်လျှာကင်ဆာပိုဖြစ်တတ်ပါတယ်။ ဒါကြောင့် ကွမ်းယာဟာ ဆိုးကျိုးတွေအ များကြီးဖြစ်စေတဲ့အတွက် ဖြတ်ဖို့တော့ လိုပါတယ်။ အသက်ဉာဏ်စောင့်ဆိုတာ မဟုတ်ပါလား။

ဒေါက်တာ ဇွဲကောင်းချစ်

Post Author: Good Health Journal