ခရစၥမတ္Make-up

အလှပြင်ရတာ နှစ်သက်တဲ့ ပျိုမေတို့ရေ ခရစ္စမတ်နေ့ အတွက် မိတ်ကပ် Look စဉ်းစားပြီးကြပြီလား။ မစဉ်းစားရ သေးရင် ပျိုမေတို့ အိုင်ဒီယာအမြန်ရစေဖို့ ခရစ္စမတ် မိတ်ကပ်Look အိုင်ဒီယာတွေ စုစည်းပေးလိုက်ပါတယ်နော်။

X-mas Makeup Look
မိတ်ကပ် Look ပုံစံ စဉ်းစားတဲ့အခါ X-Mas Vibe ရစေဖို့ အရင်ဆုံး အရောင်ရွေးချယ်တာ မှန်ဖို့လိုပါတယ်။ ခရစ္စမတ် Theme အရောင်တွေ အကုန်လုံး စုပြုံပြီး ခြယ်သတာတော့ မလုပ်ပါနဲ့။ ဒီအတွက်အရောင်စပ်မှန်စေဖို့ Tips တွေ ရေးပေး လိုက်ပါတယ်။

(၁) ရွှေအိုရောင်နဲ့ အနီရောင်ဟာ ခရစ္စမတ်ပွဲတော်ကို ထင်ဟပ်စေ တဲ့အရောင်ဖြစ်ပါတယ်။ ဒီအ တွက် အိုင်းရှဲဒိုးကို အလက်ပါတဲ့ ရွှေအိုရောင်ခြယ်ပြီး နှုတ်ခမ်းကို ရဲတောက်နေတဲ့ အနီရောင် ဆိုး လိုက်ပါ။

(၂) အစိမ်းရောင်နှစ်သက်တဲ့ ပျို မေတို့အနေနဲ့ ပတ္တမြားလို အစိမ်း ရောင်ဟာလည်း ခရစ္စမတ်ပွဲ တော်နဲ့ လိုက်ဖက်နေပါတယ်။ အလက်ပါတဲ့အစိမ်းရောင်အိုင်းရှဲ ဒိုးကို ပိုပြီး ပေါ်လွင်စေဖို့ နှုတ် ခမ်းကိုအသားရောင် ဒါမှမဟုတ် အညိုရောင်ဆိုးပါ။ အစိမ်းရောင်အိုင်းရှဲဒိုးအပြင် နောက်တစ် ရောင်ထပ်ဖြည့်ချင်တယ်ဆိုရင်တော့ ရွှေအိုရောင်ကိုရွေးချယ်ပါ။

(၃) ပြောင်ပြောင်လက်လက်ငွေ မှင်ရောင်နဲ့ မျက်လုံးကို ခြယ်မယ် ဆိုရင် Cut Crease Look ကို ရွေး ချယ်ရပါမယ်။ မျက်ခွံတစ်ခုလုံး ငွေမှင်ရောင်ခြယ်တာက မျက်လုံး အလှကို ဖုံးသွားစေတတ်လို့ပါ။ အိုင်းရှဲဒိုးကို အသားရောင်၊ အညို ရောင်လောက်ပဲသုံးပြီး ငွေမှင်ရောင်လက်လက်လိုင်းလေးတစ် လိုင်း ထပ်ဖြည့်ဆွဲပါ။

(၄) Smokey Eyes Look မှ နှစ် သက်သူပျိုမေတို့ဆိုရင် အညိုရင့် ရောင်အိုင်းရှဲဒိုးကိုမျက်ခွံပေါ်ခြယ် ပြီး အနက်ရောင် အိုင်းလိုင်နာသုံး ပါ။ မျက်ဝန်းလေးလက်သွားစေဖို့ ရွှေအိုရောင်အလက်မှုန့်ပါတဲ့ အိုင်း လိုင်နာဂျယ်လ်ကို မျက်ရစ်အပေါ် တစ်လိုင်းထပ်ဆွဲလိုက်ပါ။

(၅) နှုတ်ခမ်းကို အရောင်ရင့်ရင့် နှစ်သက်သူပျိုမေတို့အနေနဲ့ အိုင်း ရှဲဒိုးရွေးချယ်တဲ့အခါ အညို ရောင်နဲ့ ရွှေအိုရောင်ကို ရွေးချယ် ပါ။ အရောင်ရင့် နှုတ်ခမ်းနီကို ပို ကြွစေပါတယ်။

Darliko

Post Author: Good Health Journal