ခါးတစ်ဝိုက်က အဆီတွေ ဘာကြောင့်ချလို့ မရတာလဲ

လူတစ်ယောက်ရဲ့ ခါးတွေ တုတ် လာတဲ့ကိစ္စဟာ အပြင်ပန်းမြင်သာရုံ လှပ မှုထက် ပိုပြီးလေးနက်တဲ့ အဓိပ္ပာယ်တွေ ရှိနေပါတယ်။ ဝမ်းဗိုက်မှာအဆီတွေ တစ် ထပ်ပြီး တစ်ထပ်ရှိနေတာဟာ အတွင်း အင်္ဂါအစိတ်အပိုင်းတွေမှာ အဆီတွေ များပြားလာတာရဲ့ လက္ခဏာတစ်ခုဖြစ် သလို နှလုံးရောဂါ၊ အမျိုးအစား ၂ ဆီးချို ရောဂါ၊ အင်ဆူလင်နဲ့ မတိုးတဲ့ ဆီးချို ရောဂါအပါအဝင် တချို့ကင်ဆာရောဂါ တွေနဲ့လည်း ဆက်စပ်မှုရှိနေပြီး ဒီရောဂါ တွေက မဖိတ်ခေါ်ဘဲနဲ့လည်း သူ့အလိုလို ရောက်လာနိုင်ပါသေးတယ်။ တကယ်လို့ လူတစ်ယောက်ဟာ ကိုယ်လက်လှုပ်ရှားမှု တွေလည်း ပြုလုပ်နေသလို အစားအ သောက်ကိုလည်း ချင့်ချိန်စားသောက်ပေ မယ့် ဝမ်းဗိုက်ထဲက အဆီတွေကျမသွား ဘူး၊ လျော့မသွားဆိုရင်တော့ တခြားဖြစ် နိုင်ခြေရှိတဲ့ အချက်တွေကို ထည့်သွင်း စဉ်းစားရပါတော့မယ်။ အဲဒီအချက်တွေ ကို သိရှိစေဖို့ ရေးသားလိုက်ပါတယ်။

(က) အသက်အရွယ်
အသက်ကြီးလာတဲ့အချိန်မှာ ကိုယ် အလေးချိန်တွေ တိုးလာတာ၊ လျော့လာ တာမျိုးတွေဟာ အများစုမှာ ကြုံတွေ့ရစ မြဲပါပဲ။ အသက်ကြီးတဲ့အချိန်မှာ အမျိုး သားရော၊ အမျိုးသမီးတွေမှာပါ ဇီဝရုပ် ဖြစ်ပျက်မှုတွေ နှေးကွေးကျဆင်းလာသ လို ခန္ဓာကိုယ်ရဲ့လုပ်ဆောင်မှုတွေ ကောင်းကောင်းလည်ပတ်ဖို့အတွက် အ သုံးပြုရတဲ့ ကယ်လိုရီလိုအပ်မှုကလည်း လျော့နည်းသွားပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေဟာ မီးယပ်သွေးဆုံးပြီး ချိန်မှာ ခန္ဓာကိုယ်အလေးချိန်ပြဿနာကို ကြုံတွေ့ရတာ များပါတယ်။ မီးယပ်သွေး ဆုံးပြီးခါစမှာ ကိုယ်အလေးချိန်တိုးခဲ့မယ် ဆိုရင်တော့ အသိသာဆုံးနေရာဟာ ဝမ်း ဗိုက်ပါပဲ။ မီးယပ်သွေးဆုံးပြီးချိန်မှာ အီစ ထရိုဂျင် (Estrogen) ဟော်မုန်းနဲ့ ပရို ဂျက်စတုန်း (Progesterone) ဟော်မုန်း တွေ ထွက်တာဟာ နည်းသွားပြီး ကိုယ်အ လေးချိန်တက်လာစေကာ ခါးတွေ တုတ် ပြီး ၀တက်လာစေပါတယ်။

(ခ) မှားယွင်းတဲ့ ကိုယ်လက်လေ့ ကျင့်ခန်း
နေ့တိုင်းလိုလို လမ်းလျှောက်တာ၊ ပြေးတာ၊ အမောခံနိုင်စေဖို့ လေ့ကျင့်ခန်း လုပ်ဆောင်တာတွေဟာ ခါးက အဆီတွေ ကို ကျသွားစေဖို့ မကူညီနိုင်ပါဘူး။ လူ တစ်ယောက်ရဲ့ ဝမ်းဗိုက်က အဆီတွေကို ကျသွားစေဖို့အတွက်ဆိုရင် ကိုယ်အ လေးချိန်လျော့ကျစေတဲ့ လေ့ကျင့်ခန်းနဲ့ နှလုံးကျန်းမာစေဖို့ အထောက်အကူပြုတဲ့ လေ့ကျင့်ခန်းတွေကို ပူးတွဲလုပ်ဆောင် ပေးဖို့လိုပါတယ်။ ကြွက်သားတွေ ဖွံ့ဖြိုး စေတဲ့ လေ့ကျင့်ခန်းမျိုးကို လုပ်တာက တော့ အဆီတွေကို ပိုပြီးတော့ မြန်မြန် လောင်ကျွမ်းသွားစေပါတယ်။ ကြွက်သား တွေ ဖွံ့ဖြိုးဖြစ်ပေါ်လာတာဟာ အဆီတွေ ထက်စာရင် ခန္ဓာကိုယ်မှာပိုလျှံနေတဲ့ ကယ်လိုရီတွေကို ပိုလောင်ကျွမ်းသွားစေ ပါတယ်။ တချို့လေ့ကျင့်ခန်းတွေဟာ လက်မောင်းနဲ့ ဝမ်းဗိုက်မှာရှိတဲ့အဆီတွေ ကို လောင်ကျွမ်းသွားစေပေမယ့် ခါးတစ် ဝိုက်မှာရှိတဲ့ အဆီတွေကိုတော့ သက် ရောက်မှုမရှိပါဘူး။ ဒါကြောင့် လူတစ် ယောက်ဟာ ဝမ်းဗိုက်ကအဆီတွေ ကျ သွားဖို့အတွက် အသင့်တော်ဆုံး လေ့ ကျင့်ခန်းကို တတ်ကျွမ်းသူနဲ့ တိုင်ပင် ဆွေးနွေးပြီးမှသာ စတင်လုပ်ဆောင်သင့် ပါတယ်။

(ဂ) ပြုပြင်ပြောင်းလဲထားသော အ စားအသောက်များ
လူတစ်ယောက်ဟာ ကိုယ်အလေးချိန်တက်မှာစိုးလို့ဆိုပြီး ပေါင်မုန့်အနည်း ငယ်၊ ထမင်းအနည်းငယ်ကိုသာ စားနေ တဲ့သူဖြစ်နေပေမယ့် သူရဲ့ဝမ်းဗိုက်မှာ တော့ အဆီတွေက လျော့မသွားဘဲ စုနေ တတ်ပါသေးတယ်။ ဖြူဖွေးအောင် အ ဆင့်ဆင့်ပြုပြင်ထားတဲ့ဂျုံကို အသုံးပြု ထားတဲ့ ပေါင်မုန့်အဖြူ၊ ခရက်ကာတွေ၊ အာလူးကြော်တွေနဲ့ ဆွတ်ဆွတ်ဖြူတဲ့ သကြားတွေ ပါဝင်မှုများတဲ့ အချိုရည် တွေ၊ ဖျော်ရည်တွေက ခန္ဓာကိုယ်တွင်းမှာ ရောင်ရမ်းမှုတွေဖြစ်စေတတ်ပါတယ်။ လူ တစ်ယောက်ရဲ့ ဝမ်းဗိုက်မှာ အဆီတွေစု နေတာဟာ ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှု တွေနဲ့ ဆက်စပ်နေတတ်တာကြောင့် အ ဆိုပါ အစားအသောက်တွေကို စားတာ များလေလေ ဗိုက်တွေ ပိုပြီးတော့ ပူလာ လေလေပဲ ဖြစ်ပါတယ်။ သဘာဝအတိုင်း ရတဲ့ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက် တွေကိုလတ်လတ်ဆတ်ဆတ် စားသုံး မယ်ဆိုရင်တော့ ခန္ဓာကိုယ်တွင်းရောင် ရမ်းမှုတွေကို လျော့ကျစေတဲ့အရာတွေ ရရှိနိုင်တာကြောင့် ဝမ်းဗိုက်မှာ အဆီတွေ လာစုတာ မဖြစ်အောင် ဟန့်တားပေးနိုင် ပါတယ်။

(ဃ) အဆီစားသုံးမှုများခြင်း
လူတွေ စားသုံးလိုက်တဲ့ အစားအ စာတွေထဲမှာ ပါဝင်တဲ့အဆီတွေနဲ့ ပတ် သက်ပြီး ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုဟာ တစ် ယောက်နဲ့တစ်ယောက် မတူညီကြပါဘူး။ အသားတွေ၊ နို့တွေမှာ ပါဝင်တဲ့ ပြည့်ဝဆီ တွေဟာ ကိုယ်တွင်းအင်္ဂါတွေမှာ အဆီ တွေ တက်လာစေတတ်ပါတယ်။ သံလွင် ဆီ၊ ထောပတ်သီးတို့မှာ ပါတတ်တဲ့ Monounsaturated မပြည့်ဝဆီတွေ။ သစ်ကြားသီး၊ နေကြာစေ့၊ ဆယ်လ်မွန်ငါး တွေပါတတ်တဲ့ Polyunsaturated အဆီတွေကတော့ ခန္ဓာကိုယ်တွင်းမှာ ရောင်ရမ်းမှုတွေကို လျော့ကျသွားစေ တတ်တာကြောင့် သူတို့ကို အသင့်အတင့် စားပေးတာဟာ ကျန်းမာရေးကို အ ထောက်အကူပြုတဲ့အပြင် ခါးက အဆီ တွေကိုလည်း လျော့နည်းအောင် ကူညီ ပေးပါတယ်။ ဒါပေမဲ့ ဘယ်လိုအဆီမျိုး ကိုမဆို အများကြီးစားတာဟာ လူတစ် ယောက်ရဲ့ ခန္ဓာကိုယ်တွင်းက ကယ်လိုရီ တွေကိုတက်စေပြီး ကိုယ်အလေးချိန် တက်ကာ ဗိုက်ခေါက်တွေ ထွက်မြဲ ထွက် နေတတ်ပါတယ်။ ဒါကြောင့်ပဲ ကိုယ်အ လေးချိန်မကျတဲ့သူတွေအနေနဲ့ မိမိတို့ ဘယ်လိုအဆီမျိုးကို စားဖြစ်နေတယ် ဆိုတာကို ပြန်သုံးသပ်ဖို့ လိုအပ်ပါတယ်။

(င) စိတ်ဖိစီးမှုများခြင်း
လူတစ်ယောက်ရဲ့ ဗိုက်ခေါက်အဆီ တွေ မကျအောင် ဟန့်တားထားတဲ့အရာ တွေထဲမှာ စိတ်ဖိစီးမှုများတာလည်း ပါ ဝင်ပါတယ်။ နောက်ဆုံးထားပြီး လုပ်ရ တော့မယ့်အလုပ်တွေ သိပ်ကိုများပြား နေတာ၊ ပိုက်ဆံသွင်းရမယ့် ဘေလ်တွေ ထပ်နေပြီး လက်ထဲမှာ ငွေကြေးက မ ပြည့်စုံသေးတာ၊ သားသမီးကိစ္စအဝ၀ အတွက် မိဘတစ်ယောက်အနေနဲ့ မဖြစ် မနေ လုပ်ပေးရမယ့်အလုပ်တွေ များနေ တာတွေဟာ လူတစ်ယောက်ဆီကို မသိ မသာရောက်နေတဲ့၊ နေ့စဉ်ကြုံတွေ့နေ ရတဲ့ စိတ်ဖိစီးမှုတွေ ဖြစ်နေတတ်ပါတယ်။ အဲ့ဒါတွေဟာ သတ်လတ်ပိုင်းအရွယ် လူ တစ်ယောက်ကိုတောင်မှ ဝိတ်မကျအောင် ဟန့်တားထားနိုင်ပါတယ်။ စိတ်ဖိစီးမှုများ တဲ့အချိန်မှာ ခန္ဓာကိုယ်တွင်းမှာ ထွက်လာ တဲ့ ကော်တီစောဟော်မုန်းတွေဟာ ခန္ဓာ ကိုယ်ထဲကနေ အဆီတွေထွက်လာစေပြီး ကိုယ်တွင်းအင်္ဂါတွေမှာ အဆီတွေ စုနေ စေတတ်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှု များတဲ့သူတွေဟာတခြားသူတွေထက် ပိုပြီးတော့ ဗိုက်ခေါက်ထူနေတတ်ပါတယ်။

(စ) အိပ်ချိန်မ၀ခြင်း
လူတစ်ယောက် အိပ်ရေး၀၀ မအိပ် ရတာဟာ သူရဲ့မျက်နှာကို ချောင်ကောင်း ချောင်လာစေပေမယ့် ဗိုက်ခေါက်ကို တော့ ပိုပြီးတော့ ထူလာစေတတ်ပါတယ်။ လေ့လာမှုတွေအရတော့ တစ်နေ့ကို ၆ နာရီလောက်တောင် အိပ်ချိန်မရတဲ့သူ တွေဟာ ပုံမှန်အိပ်စက်ချိန်ရသူတွေထက် စာရင် ဝမ်းဗိုက်မှာအဆီတွေများနေတာ ကိုတွေ့ရပါတယ်။ အထူးသဖြင့် အိပ်ရေး ၀၀ မအိပ်ရတဲ့ အမျိုးသမီးတွေဟာ ပိုဝ နေတတ်ပြီး သူတို့ရဲ့ဗိုက်မှာရှိတဲ့အဆီ တွေဟာ တခြားသူတွေထက်ပိုပြီးတော့ လျှော့ချရတာ ခက်ခဲနေတတ်ပါတယ်။ ဒါ ကြောင့် တစ်နေ့ကို ပုံမှန်အိပ်စက်ချိန် ၇ -၈ နာရီရအောင် အိပ်စက်သင့်ပါတယ်။ အိပ်ခါနီးမှာလည်း စိတ်တည်ငြိမ်အောင် တရားထိုင်တာ၊ ယောဂကျင့်တာတွေလုပ် သင့်ပါတယ်။ ရေနွေးနဲ့ရေစိမ်ချိုးပါ၊ တီဗီ၊ ကွန်ပျူတာ၊ ဖုန်းစတာတွေရဲ့ စခရင်မ် တွေကိုရှောင်ပါ၊ အိပ်ခါနီး နွားနို့ပူပူတစ် ခွက်သောက်ပါ။

(ဆ) အလုပ်ကို စိတ်ဝင်စားမှု နည်း ခြင်း
ဂျပန်နိုင်ငံက ပြုလုပ်တဲ့ စစ်တမ်း ကောက်မှုတွေအရတော့ အလုပ်ထဲမှာ မပျော်ရွှင်တဲ့သူအများစုဟာ တခြားသူ တွေထက် ဗိုက်ပိုပူနေတာကို တွေ့ရပါ တယ်။ အလုပ်နဲ့ ပတ်သက်ပြီး စိတ်ပါဝင် စားမှု မရှိတော့တဲ့အချိန်၊ အာရုံမစူးစိုက် ချင်တဲ့အချိန်၊ လေးလံနေတဲ့အချိန်မျိုးမှာ လူတစ်ယောက်ဟာ အသီးအနှံတွေထက် ချိုတဲ့၊ အီတဲ့ အစားအသောက်တွေကိုသာ စားချင်စိတ် ဖြစ်ပေါ်နေပြီး ခဏခဏစား မိနေတတ်ပါတယ်။ ဒါတွေဟာ လူတစ် ယောက်ရဲ့ဝမ်းဗိုက်ကို အဆီတွေ လာစု နေတတ်တဲ့ အကြောင်းရင်းတစ်ရပ်ဖြစ် နေပြီး ရုံးထိုင်ဝန်ထမ်းအများစုမှာ တွေ့ရ တတ်ပါတယ်။ ဒါကြောင့် စိတ်ဝင်စားတဲ့ ဝါသနာပါရာ အလုပ်ကို လုပ်ပါ၊ အဆင်မ သင့်လို့ မလုပ်နိုင်သေးခင်မှာ ကိုယ်လုပ် နေတဲ့ လက်ရှိအလုပ်ကို စိတ်နှစ်ပြီးလုပ် ပါ၊ လုပ်ငန်းခွင်မှာ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်အောင် ဆောင်ရွက်ပါ။ နေ ပျော်တဲ့ပတ်ဝန်းကျင်ဖြစ်အောင် ကိုယ့် ဘာသာ ဖန်တီးယူပါ။ ဒါမှသာ လုပ်ငန်း ခွင်မှာ နေပျော်တဲ့အပြင် ခါးကအဆီတွေ ထပ်မတိုးအောင် ထိန်းသိမ်းနိုင်လို့ ကျန်း မာလှပသူတစ်ယောက် ဖြစ်လာစေမှာ မလွဲပါဘူး။

နှင်းနုလွင် (ဆေးဝါး)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *