ခါးနာတဲ့အကြောင်း သင်ဘယ်လောက်သိပါသလဲ

၁။ ခါးနာတာရဲ့ အဖြစ်အများဆုံး အ ကြောင်းရင်းကဘာလဲ။
(က) ကျောရိုးပြဿနာ
(ခ) ကြွက်သားပြဿနာ
(ဂ) အဆစ်ပြဿနာ
(ဃ) အာရုံကြောပြဿနာ
၂။ လူတိုင်းလိုလိုဟာ ဘဝမှာ တစ်ကြိမ်မ ဟုတ်တစ်ကြိမ် ခါးနာဖူးကြပါတယ်။
(က) မှန်
(ခ) မှား
၃။ ခါးနာပါက တစ်ပတ်လောက် အိပ်ရာ ထဲလှဲပြီးအနားယူတာက အကောင်းဆုံး ကုသမှုပါ။
(က) မှန်
(ခ) မှား
၄။ ကျောရိုးဆစ်တွေထဲမှာ ခါးမှာရှိတဲ့ ကျောရိုးဆစ်ကို ဘယ်လိုခေါ်ပါသလဲ။
(က) Lumbar
(ခ) Thoracic
(ဂ) Cervical
။ ခါးနာတာကို စမ်းသပ်ဖို့အကောင်းဆုံး စက်ကိရိယာကတော့
(က) ဓာတ်မှန်
(ခ) MRI
(ဂ) CT scan
(ဃ) တစ်ခုမှမဟုတ်
၆။ ခါးမှာဒဏ်ဖြစ်တာ ဒါမှမဟုတ် ရောဂါ တစ်ခုခုဖြစ်တာက ခါးနာတာရဲ့ အများစု ကို ဖြစ်စေလေ့ရှိတယ်။
(က) မှန်
(ခ) မှား
၇။ ခါးနာတာကို ဘယ်လိုကုသသင့်သလဲ။
(က) ခဏလောက်အနားယူပါ
(ခ) အရောင်လျော့အောင် ရေခဲကပ်ပါ
(ဂ) အနာသက်သာစေတဲ့ဆေးသောက်ပါ
(ဃ) အပေါ်ကနည်းအားလုံး
၈။ မွေ့ရာအမာက ခါးနာသူတွေအတွက် အကောင်းဆုံးလား။
(က) မှန်
(ခ) မှား
၉။ ခါးနာတာကို အနှိပ်ခံပြီး၊ ယောဂကျင့် ပြီး သက်သာအောင်ကုသနိုင်ပါတယ်။
(က) မှန်
(ခ) မှား
၁၀။ ခါးနာတာအပြင်ဘာလက္ခဏာတွေ ပေါ်လာရင် ဆရာဝန်နဲ့ပြသင့်သလဲ။
(က) ထုံတာကျဉ်တာတွေ ဖြစ်ပေါ်လာရင်
(ခ) အနားယူတာတောင် အပြင်းအထန် ခါးနာနေတုန်းပဲဆိုရင်
(ဂ) ချော်လဲတာတို့ ထိခိုက်ဒဏ်ရာရတာ တို့နောက်ပိုင်းမှ ခါးနာလာတာဆိုရင်
(ဃ) အပေါ်က အချက်တွေထဲက တစ် ခုခု
၁၁။ ခါးနာသူတွေရဲ့ ဘယ်နှရာခိုင်နှုန်းက ခါးဆစ်ရိုးအစားထိုးကုသဖို့ ခွဲစိတ်ဖို့လို အပ်လေ့ရှိလဲ။
(က) ၂% အောက်
(ခ) ၂-၅ %
(ဂ) ၅-၈%
(ဃ) ၈-၁၂%

၁။ (ခ) ကြွက်သားပြဿနာ
ကြွက်သားတွေတင်းနေ အကြော တွေတင်းနေတာက ခါးနာတာအဖြစ်အများဆုံးအကြောင်းရင်းပါ။ ဒါကြောင့် လည်း ခါးနာတာကို ကုတဲ့နည်းတွေထဲမှာ ကြွက်သားပြေလျော့စေတဲ့ဆေးတွေ လည်းပါနေတာပါ။ ခါးလှည့်တာတွေ အလေးအပင်သယ်တာတွေမှာ မထင် မှတ်ဘဲ ကြွက်သားကို ဒဏ်ဖြစ်စေနိုင်ပါ တယ်။ ဝမ်းဗိုက်ကြွက်သားတွေအားနည်း ရင်၊ ကျောဘက်ကြွက်သားတွေအားနည်း ရင်၊ တင်ပဆုံရိုးတွေ ပုံမှန်ထက်ပိုပြီး ရှေ့ ကိုစောင်းနေရင် ခါးကြွက်သားအကြော ဆွဲတာတွေ ပိုပြီးဖြစ်လာနိုင်ပါတယ်။
၂။ (က) မှန်
ဟုတ်ပါတယ်။ အမျိုးသားရော အမျိုးသမီးပါ ခါးနာတတ်ကြပါတယ်။ အသက်ကြီးလာရင် ပိုပြီးတော့ ခါးနာ တတ်ကြပါတယ်။ အသက် ၃၀ ကနေ ၅၀ ကြားမှာစပြီး ခါးနာတတ်ကြလေ့ ရှိပါတယ်။ ကြွက်သားသန်မာစေဖို့ လေ့ ကျင့်ခန်းလုပ်လေ့မရှိသူတွေမှာ ဖြစ်လေ့ ရှိသလို လေ့ကျင့်ခန်းအလုပ်များသူတွေ မှာလည်းဖြစ်တတ်ပါတယ်။
၃။ (ခ) မှား
အိပ်ရာထဲမှာပဲလှဲနေရင် ခါးနာတာ ပိုဆိုးလာနိုင်ပါတယ်။ ကြွက်သားအား နည်းတာတွေ၊ ခြေထောက်မှာ သွေးခဲတာ တွေပါဖြစ်လာနိုင်ပါတယ်။ ခါးနာလို့ အိပ် ရာထဲတစ်ပတ်လောက် လှဲနေသူတွေနဲ့ ခါးနာပေမယ့် ပုံမှန်သွားလာလှုပ်ရှားနေသူ တွေကို လေ့လာကြည့်လိုက်တဲ့အခါမှာ ပုံမှန်သွားလာလှုပ်ရှားနေသူတွေမှာ ပိုပြီး အဆင်ပြေတာကိုတွေ့ရပါတယ်။ ပုံစံ တစ်မျိုးထဲမှာ အကြာကြီးနေနေပါက အဆစ်တွေကို ပိုတောင့်တင်းစေတာ ကြောင့် ခါးပိုနာစေပါတယ်။
၄။ (က) Lumbar
ခါးမှာ Lumbar လို့ခေါ်တဲ့ ကျောရိုး ဆစ်ပေါင်း ငါးခုရှိပါတယ်။ ကိုယ်အနောက် ပိုင်းမှာ ကိုယ်အလေးချိန်ကိုထိန်းထားရတဲ့အပိုင်းမျိုးဖြစ်ပြီး ဖိအားအများဆုံး ကိုလည်း သယ်ဆောင်နေရပါတယ်။ ကျောမှာတော့ Thoracic ကျောရိုးဆစ် ပေါင်း ၁၂ ခုရှိကာ နံရိုးစုနဲ့ တွယ်ထား ပါတယ်။ ဒီအပိုင်းက ကျောရိုးဆစ်တွေက ကွေးရဆန့်ရ အလွန်လွယ်ကူပါတယ်။ ကုပ်မှာတော့ Cervical ကျောရိုးဆစ် ပေါင်း ခုနစ်ခုရှိပါတယ်။
၅။(ဃ) တစ်ခုမှမဟုတ်
ခါးနာတာအများစုမှာ စက်နဲ့စမ်းသပ် စစ်ဆေးစရာလိုလေ့မရှိပါဘူး။ ကြွက်သား ရုန်းတာတွေ၊ အကြောဆွဲတာတွေ၊ အ ရွတ်ဒဏ်ရတာတွေကို စက်ကိရိယာတွေ နဲ့ ကြည့်လို့မရတာကြောင့်ပါ။ ဒါပေမဲ့ ခါးမှာထိခိုက်ဒဏ်ရာရခဲ့တာပဲဖြစ်ဖြစ်၊ ခါးနာတာ ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်ပြီး မပျောက်နိုင်တဲ့အခါမှာပဲ ဖြစ်ဖြစ် ကြွက်သားကြောင့်ဖြစ်တဲ့ ခါးနာ မှုမျိုးမဖြစ်နိုင်လောက်ဘူးဆိုရင်တော့ ဆရာဝန်တွေကတော့ အဖြေရှာနိုင် အောင် စက်ကိရိယာတွေနဲ့ စမ်းသပ်ခိုင်း မှာပါ။
၆။ (က) မှန်
ခါးနာတာအများစုရဲ့ နောက်ခံအ ကြောင်းရင်းက ခါးမှာဒဏ်ဖြစ်တာ ဒါမှ မဟုတ် ရောဂါတစ်ခုခုဖြစ်တာကြောင့်ပါ။ ခါးကြွက်သားတွေကို အသုံးပြုတာများ တာ၊ အားကစားလုပ်ရင်း ဒဏ်ဖြစ်တာ၊ အလေးအပင် အလွန်အကျွံမတာ၊ မ တော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရတာ တွေက ခါးနာစေနိုင်ပါတယ်။ အဆစ် ရောင်တာတို့၊ ခါးကျောဆစ်ရိုး နေရာလွဲ တာတို့ကတော့ ခါးနာတာကိုဖြစ်စေနိုင် တဲ့ ရောဂါအခြေအနေတွေပါ။
၇။ (ဃ) အပေါ်ကနည်းအားလုံး
ခါးနာနာခြင်းမှာတော့ တစ်ရက် နှစ် ရက်လောက် အိမ်မှာပဲ အနားယူသင့်ပါ တယ်။ ပထမရက်တွေမှာ ရေခဲကပ်ပြီး နောက်ရက်တွေမှာ တင်းနေတဲ့ ကြွက်သား တွေ အကြောပြေသွားအောင် ရေနွေးအိတ် ကပ်ပေးပါ။ လိုအပ်ရင် အကိုက်အခဲ ပျောက်ဆေးတွေလည်း သောက်ရပါမယ်။ အိပ်ရာထဲပဲလှဲမနေသင့်ဘဲ လှုပ်လှုပ်ရှား ရှားလည်းနေပေးရပါမယ်။ အိမ်မှာအိပ် ရာထဲလှဲပြီး အနားယူတဲ့အခါမှာလည်း မကြာခဏ ထထလမ်းလျှောက်ပေးပါ။ လှုပ်လှုပ်ရှားရှားနေပါက မြန်မြန်သက် သာစေနိုင်ပါတယ်။ ခါးနာတာက ခုနစ် ရက်ကနေ ၁၀ ရက်ကြာတဲ့အထိမပျောက် ရင်၊ ပိုပိုဆိုးလာရင် ဆရာဝန်နဲ့ အမြန်ပြ သင့်ပါတယ်။
၈။ (ခ) မှား
မာတာက အမြဲတမ်းအတွက် မ ကောင်းစေပါဘူး။ အလယ်အလတ် လောက်မာတဲ့ မွေ့ရာပေါ်မှာ အိပ်ပါက ခါးနာပိုသက်သာစေနိုင်ပါတယ်။ ပခုံး တွေ တင်ပါးတွေပေါ် ဖိအားသိပ်များစေ သလို ခန္ဓာကိုယ်ဖွဲ့စည်းပုံအရလည်း ပုံ ကျစွာ အိပ်စေနိုင်တာကြောင့်ပါ။ မတ် တတ်ရပ်တဲ့အခါမှာ ဖြစ်နေတတ်တဲ့ ကျော ရိုးပုံသဏ္ဌာန်အတိုင်း အိပ်စက်လဲလျောင်း ရာမှာလည်းဖြစ်စေနိုင်တဲ့ မွေ့ရာအမာ လောက်ကိုသာ ရွေးချယ်သင့်ပါတယ်။
၉။ (က) မှန်
ယောဂ၊ အနှိပ်၊ ကိုယ်လက်လှုပ်ရှားမှု ကုထုံး၊ အကျောပြင်ကုထုံးတို့နဲ့ ကုသ နိုင်ပါတယ်။ ခါးနာတာကို ကိုယ့်ဟာကိုယ် ပျောက်အောင်မကုနိုင်ဘဲ တစ်ပတ်ကျော် လာရင်တော့ ဒီကုထုံးတွေကို စမ်းကြည့် သင့်ပါတယ်။
၁၀။ (ဃ) အပေါ်က အချက်တွေထဲက တစ်ခုခု
မေးခွန်းထဲမှာပါတဲ့ လက္ခဏာတွေ အပြင် ဖျားတာ၊ အားနည်းတာ၊ ဆီးသွားရ ခက်ခဲတာ၊ ခြေထောက်တွေ ထုံကျဉ်နေ တာ၊ ဝိတ်မချဘဲ ကိုယ်အလေးချိန်လျော့ ကျနေတာမျိုးဖြစ်ရင် ဆရာဝန်နဲ့ ပြသ သင့်ပါတယ်။
၁၁။ (က) ၂% အောက်
ခါးနာသူတွေရဲ့ နှစ်ရာခိုင်နှုန်းအောက် အရေအတွက်မှာသာ ခွဲစိတ်ကုသဖို့ လို အပ်လေ့ရှိတာပါ။ ခါးကျောရိုးဆစ်နေရာ လွဲတာတို့ ပုံမှန်မဖြစ်တာတို့ကြောင့် အ နားမှာရှိတဲ့ အာရုံကြောတွေကို ဖိနေတဲ့ အခြေအနေမျိုးမှာ ခွဲစိတ်ရတာပါ။ ခါးနာ သူအများစုကတော့ ရေခဲကပ်တာ၊ ရေ နွေးအိတ်ကပ်တာ၊ အနားယူတာ၊ လေ့ ကျင့်ခန်း အနုစားလုပ်တာနဲ့ အကိုက်အခဲ ပျောက်ဆေးတွေသောက်ပြီး သက်သာ သွားလေ့ရှိပါတယ်။
ဒေါက်တာနုမြတ်သိင်္ဂီဦး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *