ခါးပတ်လည်ကအဆီတွေကျပြီး စမတ်ကျလှပစေဖို့

အသက်နည်းနည်း ရလာပြီဆိုတာနဲ့ လူက၀လာကြပြီ။ ၀ရုံတင်မကလေး ဗိုက် ကလည်း အဆီတွေစုလို့ တစ်ရစ်ပြီးတစ် ရစ် တက်လာပါတယ်။ ကြည့်ရဆိုးလှတဲ့ ခါးပတ်လည်က အဆီတွေကို ချနိုင်မယ် ဆိုရင် ကျန်းမာရေးအတွက် အထောက် အကူပြုသလို စမတ်ကျကျ လှပလာမှာ ဖြစ်ပါတယ်။

အဆီလောင်ကျွမ်းစေသော အစားအစာများ စားပါ
အစာစားတဲ့အခါ ခန္ဓာကိုယ်တွင်း အဆီကို လောင်ကျွမ်းစေတဲ့ အစာတွေ ကို ရွေးချယ်စားပါ။ အဆီလောင်ကျွမ်း စေတဲ့ အစာတွေက ခန္ဓာကိုယ်တွင်း ဇီဝ ရုပ်ဖြစ်ပျက်မှုကို ကောင်းစေပြီး အဆီ တွေကို လျော့နည်းစေပါတယ်။ ပန်းဂေါ် ဖီစိမ်း၊ လက်ဖက်စိမ်း၊ ဂေါ်ဖီထုပ်၊ မုန်လာ ဥနီ၊ ပဲကြီးစေ့၊ ဖရိတ်ဖရုသီး၊ ဖရဲသီး၊ ပန်းသီး၊ ဘယ်ရီသီး၊ ငရုတ်ကောင်း၊ ကြက်သွန်ဖြူ၊ ချင်း(ဂျင်း)၊ သင်္ဘောသီး စတဲ့ အစာတွေက ဝမ်းဗိုက်အဆီတွေကို လျော့နည်းစေပါတယ်။

မှန်ကန်စွာ စားသောက်ပါ
အစားအသောက်တွေကို မှန်ကန် စွာ စားသောက်တာက အဆီတွေ လောင် ကျွမ်းစေပြီး ကိုယ်အလေးချိန်ကို ထိန်း သိမ်းပေးပါတယ်။
ပရိုတင်း – ကြက်သား၊ အမဲသား၊ ငါး၊ ဥ အမျိုးမျိုးနဲ့ ချိစ်
ဟင်းသီးဟင်းရွက် – ဟင်းနုနယ်ရွက်၊ ပန်းဂေါ်ဖီစိမ်း၊ အရွက်သုပ်၊ ကိုက်လန်၊ ဂေါ်ဖီထုပ်
သစ်သီး – ငှက်ပျောသီး၊ လိမ္မော်သီး၊ ပန်း သီး၊ နာနတ်သီး၊ သစ်တော်သီး
အဆီ – သံလွင်ဆီ၊ ငါးကြီးဆီ၊ အစေ့အ ဆန်၊

အရည်များများသောက်ပါ
အရည်များများသောက်တာက ဝမ်း ဗိုက်အဆီတွေ လျော့နည်းသွားစေဖို့ ကူ ညီပေးနိုင်ပါတယ်။ အရည်များများ သောက်ပါက ခန္ဓာကိုယ်တွင်း ဇီဝရုပ်ဖြစ် ပျက်မှုကို ကောင်းစေပြီး အစာချေဖျက်မှု ကို ကောင်းစေပါတယ်။
ကျန်းမာရေးနှင့်ညီညွတ်သော မနက်စာစားပါ
မနက်စာကို ပြည့်ဝစွာ စားသုံးထား ပါက တစ်နေ့တာလုံး စွမ်းအင်အပြည့်နဲ့ လန်းဆန်းနေစေပါတယ်။ မနက်စာကို စားသုံးရာမှာ ကျန်းမာရေးနဲ့ညီညွတ်တာ ကိုသာ ရွေးချယ်စားသုံးဖို့ လိုပါတယ်။ ကယ်လိုရီများတာတွေ၊ သကြားများတာ တွေကို ရှောင်ပါ။

ယောဂကျင့်ပါ
ယောဂကျင့်တာက ဝမ်းဗိုက်က အဆီတွေကို အလျင်အမြန်ကျဆင်းစေ တဲ့ နည်းကောင်းတစ်ခုပါ။ ပုံမှန်လေ့ကျင့် မှု လုပ်ဆောင်ဖို့တော့ လိုပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်းလုပ်ပြီး ဝမ်းဗိုက်အဆီ တွေကို လျှော့ချနိုင်ပါတယ်။ လမ်း လျှောက်တာ၊ ရွရွပြေးတာ၊ ကိုယ်အလေး ချိန်ထိန်းတဲ့ လေ့ကျင့်ခန်းလုပ်တာတွေကို ပုံမှန်ပြုလုပ်ပေးပါ။ လေ့ကျင့်ခန်းလုပ် သလို အစားအစာကိုလည်း ကျန်းမာရေး နဲ့ ညီညွတ်စွာ စားသောက်ဖို့ လိုပါတယ်။

အိပ်ချိန် ပုံမှန်ရရှိအောင် အိပ်ပါ
အိပ်ရေးပျက်များတာ၊ ညဥ့်နက်မှ အိပ်စက်တာတွေက ခန္ဓာကိုယ်မှာ အဆီ တွေ စုပြီး ၀လာစေပါတယ်။ တစ်ညကို အိပ်ချိန် ပုံမှန်ရှိဖို့ လိုအပ်ပါတယ်။ ၅ နှစ်ကြာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ တစ် ညကို အိပ်ချိန် ၆-၇ နာရီ အိပ်စက်သူ တွေဟာ တစ်ညအိပ်ချိန် ၅ နာရီအောက် အိပ်စက်သူတွေ၊ ၈ နာရီနဲ့အထက် အိပ် စက်သူတွေနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ ဝမ်း ဗိုက်အဆီကို လျှော့ချနိုင်တာကို တွေ့ရ ပါတယ်။

စိတ်ဖိစီးမှုကို လျှော့ချပါ
စိတ်ဖိစီးမှုများပါက ကော်တီစော ဟော်မုန်းများလာကာ ကြွက်သားတွေကို ဖြိုခွဲပြီး ဝမ်းဗိုက်မှာ အဆီတွေ နေရာယူ လာတတ်ပါတယ်။ စိတ်ဖိစီးမှုကို အတတ် နိုင်ဆုံး လျှော့ချလိုက်ပါက ဝမ်းဗိုက်အဆီ တွေကို လျှော့ချပြီးသား ဖြစ်ပါတယ်။ အနားယူတာ၊ တရားထိုင်တာ၊ အသက်ရှူ လေ့ကျင့်ခန်းလုပ်တာတွေကို ပြုလုပ်ပြီး စိတ်ဖိစီးမှုကို လျှော့ချနိုင်ပါတယ်။ ဗီတာ မင် စီ စားသုံးပြီး ကော်တီဇောဟော်မုန်း ပမာဏကို လျှော့ချနိုင်ပါတယ်။

ဆိုဒါပါဝင်သော အရည်များ မသောက်ပါနှင့်
ဆိုဒါပါဝင်တဲ့အချိုရည်တွေ သောက် သုံးတာက အာဟာရမရရှိဘဲ ကယ်လိုရီရရှိ မှုကိုသာ များစေပါတယ်။ ပြောင်းဖူးသကြား ပါဝင်ပြီး ဝမ်းဗိုက်အဆီတွေ များစေပါ တယ်။ အချိုရည်တွေ သောက်သုံးမယ့် အစား လတ်လတ်ဆတ်ဆတ် သစ်သီး တွေကို သဘာဝအတိုင်း ဖျော်သောက်ပါ။

ဘယ်ရီသီးစားပါ
နေ့လယ် ၁၂ နာရီမတိုင်မီ တစ်နေ့ ကို သစ်သီးတစ်လုံးစားပါ။ ဘလူးဘယ်ရီ သီး၊ စတော်ဘယ်ရီသီး၊ ခရင်မ်ဘယ်ရီသီး စတဲ့ ဘယ်ရီသီးတစ်မျိုးမျိုးကို စားပေး တာက ဝမ်းဗိုက်အဆီတွေကို ကျဆင်းစေ ပါတယ်။
လက်ဖက်စိမ်းရည် သောက်ပါ
လက်ဖက်စိမ်းမှာ ခန္ဓာကိုယ်အလေး ချိန်ကို ကျဆင်းစေတဲ့ ပိုလီဖီနောပါဝင် ပါတယ်။ လေ့လာမှုတွေများစွာအရ ဇီဝ ရုပ်ဖြစ်ပျက်မှုကို ကောင်းစေပြီး ခန္ဓာ ကိုယ်တွင်း အဆီတွေကို ချေဖျက်ပေး တာကို တွေ့ရပါတယ်။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *