ခုခံစွမ်းအားကောင်းပြီးရောဂါကင်းတဲ့ကလေးငယ်အဖြစ် ပြုစုပျိုးထောင်ရအောင်

ကလေးငယ်တွေ ရောဂါဘယကင်း ရှင်းဖို့၊ ပတ်ဝန်းကျင်မှာရှိနေတဲ့ ဗိုင်းရပ်စ် ပိုးမွှားတွေ မဝင်ရောက်နိုင်အောင် ကာ ကွယ်ဖို့ဆိုရင် ခန္ဓာကိုယ်ခုခံစွမ်းအား ကောင်းမွန်နေဖို့ လိုပါတယ်။ ကလေးငယ် ရဲ့ ခုခံစွမ်းအား ကောင်းမွန်ဖို့ဆိုရင် အောက်ပါအချက်တွေကို မိခင်တွေအနေ နဲ့ လိုက်နာလုပ်ဆောင်ပေးဖို့ လိုပါတယ်။

အစားအသောက် ဂရုစိုက်ကျွေးပါ
ကလေးငယ်တွေ စားသုံးတဲ့ အစား အစာတွေထဲမှာ သကြားတွေ၊ ဆိုးဆေး တွေ၊ တာရှည်ခံပစ္စည်းတွေ များစွာပါဝင် နေမယ်ဆိုရင် ခုခံအားစနစ်က ကျဆင်း နိုင်ပါတယ်။ ကလေးငယ်တွေကို ဟင်း သီးဟင်းရွက်တွေ၊ အသီးအနှံတွေ၊ အစေ့ အဆန်တွေ၊ ပဲမျိုးနွယ်ဝင်တွေ၊ ဥအမျိုး မျိုးနဲ့ ငါးတွေကို စုံလင်မျှတစွာ ဂရုတစိုက် ကျွေးမွေးသင့်ပါတယ်။

အကျိုးပြုဘက်တီးရီးယား
အကျိုးပြုဘက်တီးရီးယားတွေက အူလမ်းကြောင်းမှာ သဘာဝအရရှိနေပြီး အစာအိမ်နဲ့ အူလမ်းကြောင်းရဲ့ လုပ် ဆောင်မှုတွေကို ကောင်းမွန်စေပါတယ်။ အကျိုးပြုဘက်တီးရီးယားတွေ မျှတစွာ ရှိတာကြောင့် ဘက်တီးရီးယားနဲ့ ဗိုင်း ရပ်စ်ပိုးတွေ မဝင်ရောက်နိုင်အောင် ခုခံ တားဆီးပေးပါတယ်။

စိတ်ဖိစီးခြင်းနှင့် စိုးရိမ်ခြင်း
မိဘတွေက သားသမီးတွေကို အ ချိန် အားမထားဘဲ အချိန်ပြည့် ကျောင်း စာတွေနဲ့သာ အချိန်ကုန်စေတာကြောင့် ကလေးတွေမှာစိတ်ဖိစီးတာနဲ့ စိုးရိမ် သောကဖြစ်တာတွေ ကြုံနိုင်ပါတယ်။ ဒီ လိုခံစားချက်တွေရှိနေခဲ့ရင် ကလေးငယ် ရဲ့ခန္ဓာကိုယ်ကနေ ကော်တီစောနဲ့ အက် ဒရီနလင်ဟော်မုန်းတွေ ထွက်လာပါ တယ်။ ဒီဟော်မုန်းတွေက ခုခံစွမ်းအားကို ကျဆင်းနိုင်ပါတယ်။ ကလေးငယ်ကို က စားချိန်၊ နားချိန်၊ စာကြည့်ချိန်တွေကို မျှတစွာ လုပ်ဆောင်ခိုင်းပါ။

အိပ်ရေးမ၀ခြင်း
ကလေးတစ်ယောက်က အိပ်ချိန် လုံလုံလောက်လောက်ရဖို့ လိုပါတယ်။ ကလေးရဲ့အသက်အရွယ်ပေါ်မူတည်ပြီး ၁၀ နာရီကနေ ၁၄ နာရီအထိ အိပ်ချိန်ရ ဖို့ လိုပါတယ်။ ကလေးငယ်ကို သိပ်တဲ့အ ခါ မီးမှောင်ချပြီးသိပ်မှ မက်လာတိုနင် ဟော်မုန်းထွက်ရှိစေမှာပါ။
ကလေးရဲ့ ကိုယ်အပူချိန် မြင့်တက် လာတဲ့အခါ မိဘတွေက ကြောက်လန့် တတ်ကြပါတယ်။ ကလေးက ကိုယ်အပူ ချိန်တက်လာတာက ဖျားတာတင်မကဘဲ ရောဂါပိုးမွှားတွေကို ခုခံတိုက်ထုတ်နေ တာကြောင့်ပါ။ ကလေးငယ်ရဲ့ ကိုယ်အပူ ချိန်မြင့်တက်တာက ခုခံစွမ်းအားစနစ်က ကောင်းကောင်း အလုပ်လုပ်တာကြောင့် ပါ။ ဆရာဝန်နဲ့ပြသပြီး ဖျားတာက ရောဂါ လက္ခဏာတစ်ခု ဟုတ်၊ မဟုတ် ပြသစစ် ဆေးပါ။

ဗီတာမင် စီ
ခုခံစွမ်းအားစနစ်ရဲ့ ဆဲလ်တွေ များ စွာထဲမှာ လုပ်ငန်းဆောင်တာတွေ လုပ် ဆောင်ဖို့အတွက် ဗီတာမင် စီလိုအပ်ပါ တယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီ တာမင် စီ ပြည့်ဝနေပါက အသက်ရှူလမ်း ကြောင်းကတစ်ဆင့် ရောဂါပိုးမွှားတွေ မဝင်ရောက်အောင် အထူးသဖြင့် တုပ် ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေမဝင် ကာ ကွယ်နိုင်ပါတယ်။ လိမ္မော်သီး၊ စပျစ်သီး၊ မန်ကျည်းသီး၊ စတော်ဘယ်ရီသီး၊ ပန်း ငရုတ်ပွသီး၊ ဟင်းနုနယ်ရွက်၊ ကိုက်လန်နဲ့ ပန်းဂေါ်ဖီစိမ်းတွေကနေ ဗီတာမင်စီကို ရရှိနိုင်ပါတယ်။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *