ချင်ခြင်းတပ်ခြင်းနှင့် ကျန်းမာရေး

ချင်ခြင်းတပ်တာကို အဓိကအားဖြင့် နှစ်မျိုးနှစ်စား ခွဲထားပါတယ်။ ကြိုက်နှစ် သက်လွန်းတဲ့ အစားအစာတစ်မျိုးတည်းကိုသာ ချင်ခြင်းတပ်တာနဲ့ ဘယ်လိုအစားအစာ မျိုးပဲလာလာ စားချင်စိတ်ဖြစ်နေတဲ့ ချင်ခြင်းတပ်တာမျိုးပါ။ ဘယ်လိုအစားအစာမျိုး မဆို စားချင်စိတ်ဖြစ်ပေါ်နေတာက သင် ဗိုက်ဆာနေတာ ဒါမှမဟုတ် ရေငတ်နေတာ ကြောင့် ဖြစ်ပြီး တစ်မျိုးတည်းကိုသာ စွဲစွဲလမ်းလမ်းစားချင်စိတ်ဖြစ်ပေါ်တာက ခန္ခာ ကိုယ်တွင်း ဖြစ်ပေါ်နေတဲ့ ဓာတုဖြစ်စဉ်နဲ့ စိတ်ခံစားမှုပြောင်းလဲတာကြောင့် ဦးနှောက် ကို အချက်ပြနေတာပါ။ အောက်ပါတို့ဟာ စွဲစွဲလမ်းလမ်းချင်ခြင်းတပ်တာနဲ့ ကျန်းမာရေးပြဿနာဆက်စပ်မှုတွေပါ။

သင်က ချောကလက်ကို ချင်ခြင်းတပ်သူဖြစ်နေရင်
ချောကလက်ကို ချင်ခြင်းတပ်တာက ခန္ဓာကိုယ်အတွင်း မဂ္ဂနီဆီယမ်ဓာတ်ချို့တဲ့ နေတာကြောင့်ပါ။ မဂ္ဂနီဆီယမ် ချို့တဲ့တာကြောင့် စိုးရိမ်စိတ်များတာနဲ့ စိတ်ကျဝေဒနာ ခံစားရနိုင်ပါတယ်။ လေ့လာမှုအရ အညိုရင့်ရောင်ချောကလက်ကို နေ့စဉ် ၁၀၀-၄၀၀ ဂရမ်အတွင်း စားသုံးတာက စိတ်ကျဝေဒနာကို ကုသရာမှာ ပျောက်ကင်းနိုင်တယ်လို့ သိရပါတယ်။ ဈေးကွက်ထဲမှာ ရောင်းနေကျ ပုံမှန်ချောကလက်မျိုးမဟုတ်ဘဲ အညို ရောင်ချောကလက်ကို စားမှသာ ထိရောက်မှုရှိနိုင်ပါတယ်။
ဘာကို အစားထိုးအသုံးပြုနိုင်မလဲ
ဗာဒံစေ့ကို ချောကလက်အစားထိုး စားသုံးနိုင်ပါတယ်။ သင့်အနေနဲ့ စိတ်ကျဝေ ဒနာခံစားရရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

သင်က ဒိုးနပ်စ်လိုမျိုး အချိုစာတွေကို ချင်ခြင်းတပ်သူဖြစ်နေရင်
အိပ်ရေးမဝတာကြောင့်ပါ။ အဝလွန်တာနဲ့ အိပ်စက်ချိန်နည်းတာက ဆက်စပ်မှု အလွန်ရှိပါတယ်။ ဒါက သင် အိပ်ရေးမဝလို့ ပင်ပန်းလွန်းတဲ့အခါမှာ အချိုစာကို ချင်ခြင်းတပ်တာကြောင့်ဖြစ်တာပါ။ အချိုစာအများစုဟာ ဖွပ်ဖွပ်ဖြူအောင်ပြုပြင်ထား တဲ့ သကြားဖြူနဲ့ ပြုလုပ်ထားတဲ့အတွက် အချိုစာ စားသုံးတဲ့အကျင့်က သင့်ကျန်းမာ ရေးကို ဆိုးရွားစွာ ထိခိုက်နိုင်ပါတယ်။
ဘာကို အစားထိုးအသုံးပြုနိုင်မလဲ
ဒိုးနပ်စ်၊ ကိတ်မုန့်လိုမျိုး အချိုစာတွေ စားသုံးမယ့်အစား ဖရဲသီး၊ မက်မွန်သီး၊ ချယ်ရီသီးလိုမျိုး အသီးအနှံတွေ စားသုံးပေးပါ။ စပျစ်သီးခြောက်ကလည်း သင့်ကို အာသာပြေစေနိုင်ပါတယ်။

သင်က ချိစ်(ဒိန်ခဲ)လိုမျိုး အစားအစာတွေကို ချင်ခြင်းတပ်သူဖြစ်နေရင်
ချိစ်တွေမှာ ဒိုပါမင်တွေအများကြီးပါဝင်တဲ့အတွက် ချင်ခြင်းတပ်တာလား၊ ချိစ်ကို စွဲနေတာလားဆိုတာကို သိရှိနိုင်ဖို့ ခက်ခဲပါတယ်။ သင်က အဆီနည်းတဲ့ အစားအစာ ကိုသာ စားသုံးနေပြီး ချိစ်ကို ချင်ခြင်းတပ်နေရင်တော့ ဗီတာမင် အေ ဒါမှမဟုတ် ဗီတာမင် ဒီ ချို့တဲ့တဲ့ လက္ခဏာဖြစ်ပါတယ်။
ဘာကို အစားထိုးအသုံးပြုနိုင်မလဲ
ဗီတာမင်တွေ ပါဝင်ပြီး အဆီပါဝင်မှုနည်းတဲ့ အာဟာရဖြည့်စွက်စာတဆေးကို စားပေးပါ။ Fနအa ဒါမှမဟုတ် ဩဖဖမေနူa ချိစ်အမျိုးအစားလည်း စားနိုင်ပါတယ်။

သင်က အာလူးကြော်၊ အာလူးချောင်းကျော်လိုမျိုးအစားအစာတွေကို ချင်ခြင်းတပ်သူဖြစ်နေရင်
သင့်မှာ ကျန်းမာရေးကောင်းတဲ့အဆီ ချို့တဲ့နေပါပြီ။ အာလူးကြော်၊ ဘူးသီး ကြော်လိုမျိုး ဆီကြော်စာတွေကို စားချင်စိတ်ပြင်းပြနေရင် သင့်မှာ ကာဗိုဟိုက်ဒရိတ် နဲ့ အိုမီဂါ ၃ လိုမျိုး ကျန်းမာရေးကောင်းမွန်တဲ့အဆီတွေ ချို့တဲ့နေတာကြောင့်ပါ။ ဆီ ကြော်စာတွေမှာ ဆိုဒီယမ်တွေ ပါဝင်မှုအလွန်မြင့်မားပြီး ဆိုဒီယမ်ချို့တဲ့တာကြောင့် အလွန်အမင်းချို့တဲ့နိုင်ပါတယ်။
ဘာကိုအစားထိုးအသုံးပြုနိုင်မလဲ
အာလူးကြော်စားချင်တယ်ဆိုရင် သံလွင်ဆီနဲ့ ကြော်ပါ။ ဆယ်လ်မွန်ငါး၊ အခွံမာ သီးနဲ့ ထောပတ်သီးလိုမျိုး အစားအစာတွေ များများစားသုံးပါ။ သင့်မှာ ဆိုဒီယမ်ဓာတ် ချို့တဲ့နေတယ်လို့ ယူဆရင် ဆရာဝန်နဲ့ ပြသပါ။

သင်က ဆော်ဒါကို ချင်ခြင်းတပ်သူဖြစ်နေရင်
ကိုလာလိုမျိုး ဆော်ဒါပါဝင်တဲ့ဖျော်ရည်တွေမှာ ကဖင်းဓာတ်တွေ များစွာ ပါဝင် တဲ့အတွက် သင့်ကိုနိုးကြားမှုရှိနိုင်ပေမယ့် စားသောက်တဲ့ပမာဏများလွန်းရင် စွဲလမ်း မှုဖြစ်စေနိုင်ပါတယ်။ ဆော်ဒါကို ချင်ခြင်းတပ်တာက သင့်ခန္ဓာကိုယ်ထဲမှာ ကယ်လ်စီယမ်နဲ့ မဂ္ဂနီဆီယမ်ချို့တဲ့နေတာကြောင့်ပါ။
ဘာကို အစားထိုးအသုံးပြုနိုင်မလဲ
ကဖင်းပါဝင်မှုပမာဏများတဲ့အစားအစာတွေကို ရှောင်ကြဉ်ပါ။ ဆော်ဒါမှာ သကြားဓာတ်တွေလည်း များစွာ ပါဝင်တဲ့အတွက် ရေရှည်သောက်သုံးရင် ဆီးချိုရော ဂါဖြစ်နိုင်ပါတယ်။ သင့်အနေနဲ့ ပင်ပန်းလွန်းရင် အညိုရင့်ရောင်ချောကလက်စားတာ၊ လက်ဖက်ရည်တစ်ခွက်လောက်သောက်တာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။

သင်က ရေခဲကို ချင်ခြင်းတပ်သူဖြစ်နေရင်
သင့်မှာ သံဓာတ်ချို့တဲ့နေတာကြောင့်လို့ လေ့လာမှုအများအပြားအရ သိရပါ တယ်။ ရေခဲကို ဝါးစားနေတဲ့အတွက် သံဓာတ်ချို့တဲ့တာကြောင့် ဖြစ်တဲ့မောပန်းမှု ဝေဒနာကို သက်သာစေနိုင်လို့ပါ။
ဘာကိုအစားထိုးအသုံးပြုနိုင်မလဲ
ရေခဲကို ချင်ခြင်းတပ်သူတွေကတော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ သင်က သံဓာတ်ချို့တဲ့တဲ့ဝေဒနာခံစားနေရရင် ပဲအမျိုးမျိုးနဲ့ ဟင်းနုနယ်ကို ပိုမိုစားသုံးပါ။

ာေြကာင့် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို ချင်ခြင်းမတပ်ရတာလဲ
ဗိုက်ဆာတာကြောင့်မဟုတ်ဘဲ အစာတစ်မျိုးမျိုးကို စားချင်နေတာက စိတ် ပိုင်းဆိုင်ရာနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ အစာစားချင်စိတ်ပေါ်ပေါက်လာတဲ့အခါ မှာ မိမိစိတ်ခံစားချက်ကောင်းမွန်ဖို့အတွက် ဒိုပါမင်းနဲ့ ဟော်မုန်းတွေ ထွက်ရှိလာတာပါ။ ဥပမာအားဖြင့် ပါးစပ်ထဲမှာ ချောကလက်တွေ ပျော်ဝင်သွားတာ ဒါမှမဟုတ် ဒိုးနပ် တစ်ကိုက်လောက် စားသုံးတာကြောင့် ဦးနှောက်ထဲမှာ ဒိုပါမင်းတွေထွက်ဖို့ လှုံ့ဆော် လိုက်တဲ့အတွက် ချက်ချင်း စိတ်ခံစားမှုကောင်းမွန်သွားတာကြောင့်ပါ။ သစ်သီးဝလံ နဲ့ ဟင်းသီးဟင်းရွက်တွေက စိတ်ခံစားမှုကို ချက်ချင်းလှုံ့ဆော်မှုမပေးနိုင်တဲ့အတွက် သူတို့ကို ချင်ခြင်းမတပ်ရတာဖြစ်ပါတယ်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal