ချယ်ရီသီးကို အလှအပအတွက် ဘယ်လိုသုံးမလဲ

အရောင်အသွေးလှပတဲ့အပြင် ဗီ တာမင်၊ သတ္တုဓာတ် စတဲ့ အာဟာရဓာတ် တွေလည်း များစွာပါဝင်တာကြောင့် ကျန်းမာရေးအတွက် ကောင်းကျိုးတွေ ရရှိစေတဲ့အပြင် အလှအပအတွက်လည်း ချယ်ရီသီးကို အသုံးပြုနိုင်တယ်ဆိုတာ သင်သိပါရဲ့လား . . .

အသားအရေ ဝါဝင်းစိုပြည်စေတယ်
ချယ်ရီသီးထဲမှာ ဗီတာမင် A, B, C နဲ့ E တွေများစွာပါဝင်တာကြောင့် အ ရေပြားကို ကျန်းမာစေပြီး ဝါဝင်းစိုပြည် လှပစေပါတယ်။

အသားဖြူစေတယ်
ချယ်ရီသီးကို အရည်ညှစ်ပြီး အ မည်းစက်တွေအပေါ် လိမ်းပေးပါက အ မည်းရောင်ဖျော့သွားပြီး အသားဖြူလှပ စေပါတယ်။ သုတေသနပြုသူတွေက ချယ်ရီသီး အရည်ကို ကြာရှည်စွဲသုံးပေး ပါက အသားအရေ နုပျိုလှပစေတယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် အသားဖြူ စေတဲ့ အလှကုန်ပစ္စည်း အတော်များများ မှာ ချယ်ရီသီး ထည့်သွင်း အသုံးပြုတတ် ကြပါတယ်။ ချယ်ရီသီးမှာဗီတာမင် စီများ စွာ ပါဝင်လို့ အသားဖြူစေတဲ့အာနိသင် အပြင် အရေပြားပျက်စီးမှုကို ကာကွယ် ပေးပါတယ်။

ဆဲလ်တွေ ပျက်စီးမှုမှ ကာကွယ်ပေး တယ်
ချယ်ရီသီးထဲမှာ အင်တီအောက်ဆီး ဒင့်ဖြစ်တဲ့ အန်သိုဆိုင်ရာနင်တွေ များစွာ ပါဝင်လို့ ဆဲလ်တွေကို ဖျက်ဆီးတဲ့ ဓာတ် တိုးပစ္စည်းတွေကိုတားဆီးပေးနိုင်ပါတယ်။ ဒါ့အပြင် ဆဲလ်သစ်ဖြစ်ပေါ်မှုကို အားပေး ပြီး ဆဲလ်တွေ ကင်ဆာဆဲလ်အဖြစ် မ ပြောင်းလဲအောင် ကာကွယ်ပေးပါတယ်။

နှစ်ခြိုက်စွာ အိပ်မောကျစေတယ်
ချယ်ရီသီးထဲမှာ မက်လက်တိုနင် ဒြပ်ပေါင်းပါဝင်လို့ နှစ်ခြိုက်စွာ အိပ်မော ကျစေပြီး လှပစွာ နိုးထနိုင်စေပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်တာက ကျန်း မာရေးအတွက်သာမက အလှအပအ တွက်လည်း အလွန်အရေးကြီးပါတယ်။

ဆံချည်မျှင်အိတ်တွေထဲအထိ အား ဖြည့်ပေးတယ်
ချယ်ရီသီးထဲမှာ တခြားအသီးတွေ ထက် ဗီတာမင် A ပိုမို ပါဝင်တာကြောင့် ဆံသားရဲ့အရင်းက ဆံချည်မျှင်အိတ်တွေ ထဲအထိ အားဖြည့်ပေးနိုင်ပါတယ်။ ဒါ့အ ပြင် ဦးရေပြားကိုလည်း ရေဓာတ်ဖြည့်ပေး ပါတယ်။

အရွယ်တင်နုပျိုစေတယ်
ချယ်ရီသီးထဲမှာ တခြားသစ်သီးတွေ ထက် အင်တီအောက်ဆီးဒင့်အမျိုးပေါင်း ၁၇ မျိုးကျော် ပါဝင်ပါတယ်။ အင်တီ အောက်ဆီးဒင့်တွေက ဓာတ်တိုးပစ္စည်း တွေကို ဆန့်ကျင်ပေးလို့ အရွယ်အိုမင်းမှု ဖြစ်စဉ်ကို နှေးကွေးစေပါတယ်။ အန်သို စိုင်ရာနင် အဓိကပါဝင်ပြီး အရေပြားတင်း ရင်းသန်မာစေပါတယ်။ အရေပြားကို အို မင်းစေပြီး အရေးကြောင်းတွေ ဖြစ်ပေါ် စေတဲ့ အင်ဇိုင်းတွေကိုလည်း တားဆီး ပေးပါတယ်။

ဦးရေပြားဆီသွေးစီးဆင်းမှု ကောင်း မွန်စေတယ်
ချယ်ရီသီးထဲမှာပါဝင်တဲ့ ဗီတာမင် B က ခန္ဓာကိုယ်အနှံ့အပြားကို သွေးလှည့် ပတ်စီးဆင်းမှု ကောင်းမွန်စေပါတယ်။ ဦး ရေပြားဆီသွေးရောက်ရှိမှုများလို့ ဆံသား တွေ သန်စွမ်းကျန်းမာစေပါတယ်။

ဝက်ခြံတွေ သက်သာစေတယ်
ချယ်ရီသီးကို ဖျော်ရည်ပြုလုပ်ပြီး သောက်သုံးပါက ဝက်ခြံတွေ သက်သာ ပျောက်ကင်းနိုင်ပါတယ်။ ချယ်ရီသီးမှာ ဗီ တာမင် အေများစွာပါဝင်ပြီး ပိုးသတ်အာနိ သင်လည်းရှိတဲ့အပြင် သွေးတွင်းက အ ဆိပ်အတောက်တွေကိုလည်း ဖယ်ရှား နိုင်ပါတယ်။

အဖျားနှစ်ခွမဖြစ်အောင် ကာကွယ် ပေးတယ်
ချယ်ရီသီးထဲမှာ ဗီတာမင် ဃ ကြွယ် ၀စွာပါဝင်လို့ ဆံပင်ကို အရင်းကနေ အ ဖျားအထိ သန်စွမ်းစေပါတယ်။ ဆံသား တစ်လျှောက်လုံး အားဖြည့်ပေးတာကြောင့် ဆံသားအဖျားတွေ နှစ်ဖျားကွဲထွက်တာ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

ဆံသားပျက်စီးမှု မဖြစ်အောင် ကာ ကွယ်ပေးတယ်
ချယ်ရီသီးထဲမှာ ဗီတာမင် န တွေ များစွာပါဝင်လို့ သွေးစီးဆင်းမှု ကောင်း မွန်စေတာ၊ ခုခံစွမ်းအား ကောင်းမွန်စေ တာတွေအပြင် ဆံပင်ပျက်စီးမှု မဖြစ် အောင်လည်း ကာကွယ်နိုင်ပါတယ်။

ဆံပင်ကျွတ်ခြင်းမှ ကာကွယ်ပေး တယ်
ချယ်ရီသီးထဲမှာ ဗီတာမင်နဲ့ သတ္တု ဓာတ်တွေ များစွာပါဝင်လို့ ဦးရေပြား အားဖြည့်ပေးပြီး အစိုဓာတ်ထိန်းပေးတာ ကြောင့် ဆံပင်မကျွတ်အောင် ကာကွယ် နိုင်ပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *