ခွဲစိတ်ကုသမှုက ကင်ဆာရောဂါကို ပိုမိုဆိုးရွားစေနိုင်လား

♦ အသိမိတ်ဆွေထဲက ကင်ဆာရောဂါ ကို ခွဲစိတ်ကုသလိုက်လို့ သူ့အမေရောဂါ ပိုဆိုးသွားတယ်၊ အချိန်ကြာကြာ မနေ လိုက်ရဘူးလို့ ပြောလာပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါ ဆရာ။

တချို့ကင်ဆာရောဂါတွေကို ခွဲစိတ် ကုသလိုက်လို့ ပိုဆိုးရွားတတ်တယ်ဆိုတာ မဟုတ်ပါဘူး။ အခုဆို ကင်ဆာကို ဆရာ ဝန်တစ်ယောက်တည်းကပဲ မကုကြတော့ ပါဘူး။ ဆရာတို့မှာ ခွဲစိတ်ဆရာဝန်၊ ကင် ဆာအထူးကုသမားတော်ကြီး၊ ဓာတ် ရောင်ခြည်ဆိုင်ရာ ကျွမ်းကျင်သမားတော်၊ အာဟာရဌာနပညာရှင်၊ ရောဂါဗေဒ ပညာရှင်၊ ဓာတ်မှန်ပါရဂူတွေ ပေါင်းပြီးမှ အကောင်းဆုံးရလာနိုင်မယ့်အဖြေကို ဆွေးနွေးကြပါတယ်။ ခွဲစိတ်လိုက်လို့ အန္တရာယ်ရှိနိုင်တယ်ဆိုရင် ဆရာတို့က မခွဲဘူး၊ ခွဲစိတ်မယ့်အစား ဓာတ်ရောင် ခြည်ပေးတာ၊ ကီမိုဆေးသွင်းတာတွေ လုပ်တယ်။ ခွဲသင့်တဲ့ လူနာဆိုရင်တော့ ခွဲပေးပါတယ်။ ဘယ်အချိန်မှာ ခွဲမလဲ၊ ခွဲသင့်လား၊ မခွဲသင့်ဘူးလား၊ ဘယ် လောက်အတိုင်းအတာအထိ ခွဲမလဲ ဆိုတာက ခွဲတဲ့ဆရာဝန်ရဲ့ အတွေ့အကြုံ နဲ့ရင့်ကျက်မှုပေါ် အများကြီးမူတည်ပါ တယ်။ ခွဲစိတ်ကုသမှုက ယေဘုယျအား ဖြင့်တော့ ကင်ဆာရောဂါကို ကုသဖို့ မှန်ပါတယ်။
ခွဲစိတ်တယ်ဆိုရင် မေ့ဆေးပေးရ တယ်၊ ထုံဆေးပေးရတယ် အဲ့ဒါတွေ ကြောင့် အန္တရာယ် နည်းနည်းတော့ရှိ တတ်ကြပါတယ်။ တစ်ခါတလေ လိုအပ် ရင် သွေးသွင်းရတာ ရှိတယ်၊ ခွဲစိတ်မှုက နေ ပိုးဝင်နိုင်တယ်၊ ခွဲစိတ်မှုတိုင်းက အန္တ ရာယ်များပေမယ့် ခွဲစိတ်လို့တော့ ရောဂါ ပိုမဆိုးနိုင်ပါဘူး။ ကင်ဆာရောဂါကို ခွဲစိတ်ကုသတာဆိုရင် အဖွဲ့နဲ့ ဆုံးဖြတ်ပြီး မှ လုပ်တဲ့အတွက် အကောင်းဆုံးရလဒ် ကို ရရှိတာ များပါတယ်။
ဦးနှောက်ကင်ဆာလိုဟာမျိုး၊ လျှာ ဖျားထိပ်ကင်ဆာလိုမျိုး တကယ့်ကို ရှား ရှားပါးပါးကင်ဆာတွေ၊ အသည်းကင်ဆာ တွေမှာ တစ်ခါတလေ ဆရာဝန်တွေက စွန့်စားပြီး ခွဲရတာရှိပါတယ်။ ခွဲစိတ်လိုက် လို့ လူနာရှင်သန်နိုင်မယ့် အခွင့်အရေး ရှိရင်တော့ ခွဲစိတ်ကုသပေးကြပါတယ်။ တချို့လူနာတွေမှာ ခွဲစိတ်လိုက်ရင် ရမ လားဆိုပြီးတော့ ဆရာဝန်တွေက စဉ်းစား ကြတာ ရှိပါတယ်။ ရှားရှားပါးပါးနဲ့ ခက် ခဲတဲ့ အခြေအနေမျိုးတွေမှာတော့ ဆရာ ဝန်အနေနဲ့ စွန့်စားပြီး လုပ်ရတာမျိုးတွေ ရှိပါတယ်။ ပြည်သူလူထုကို ပြောချင်တာ ကတော့ ခွဲစိတ်မှုကြောင့် ကင်ဆာရောဂါ ကို ပိုမို ဆိုးရွားမသွားစေနိုင်ပါဘူး။

♦ ကင်ဆာရောဂါကို ခွဲစိတ်ကုသတာ ကြောင့် အားသာချက်တွေ ပိုမိုရရှိနိုင် လား ဆရာ။

ခွဲစိတ်လို့ရတဲ့ ကင်ဆာတွေဖြစ်တဲ့ သိုင်းရွိုက်အကျိတ်ကင်ဆာ၊ ရင်သားကင် ဆာ၊ အစာအိမ်နဲ့ အူလမ်းကြောင်းကင် ဆာ၊ ဆီးလမ်းကြောင်းနဲ့ ဆိုင်တဲ့ကင်ဆာ နဲ့ အရိုးအဆစ်တွေမှာဖြစ်တဲ့ ကင်ဆာ တွေကို ခွဲစိတ်ကုသပေးပါတယ်။ တတ် နိုင်သမျှ ကင်ဆာဖြစ်တဲ့အစိတ်အပိုင်း တွေ မကျန်အောင် ခွဲစိတ်ဖယ်ရှားပေးရပါ တယ်။ ကင်ဆာရောဂါမှာ ခွဲစိတ်ကုသတဲ့ အခါ အကုန်စင်အောင် ခွဲစိတ်ဖယ်ရှားနိုင် တယ်၊ ပြီးရင် ဆေးသွင်းကုသတာ၊ ဓာတ် ရောင်ခြည်နဲ့ ကုသတာတွေပါ လုပ်ပေး နိုင်တယ်ဆိုရင် လူနာအတွက် ကောင်း ကျိုးများစွာ ရရှိစေပါတယ်။
မြန်မာနိုင်ငံမှာလည်း ကင်ဆာဖြစ် တဲ့ လူနာတွေ အတော်များလာပါတယ်။ မိဘမျိုးရိုး၊ အစားအသောက်နဲ့ လူနေမှု ပုံစံပြောင်းလဲလာတာ စတာတွေကြောင့် ကင်ဆာဖြစ်ပွားမှုတွေ များလာပါတယ်။ နိုင်ငံတော်အပိုင်းကလည်း လူထုကျန်းမာ ရေးကဏ္ဍကို မြှင့်တင်ပေးမယ်၊ ထောက် ပံ့ကူညီမှုတွေ ပေးနိုင်မယ်ဆိုရင် အကောင်း ဆုံးပါ။ ကင်ဆာလူနာအတွက် ဆရာဝန် ဘက်၊ လူနာဘက်နဲ့ နိုင်ငံတော်ဘက် အား လုံးဘက် ပေါင်းစုံက ဝိုင်းဝန်းဖြည့်ဆည်း လုပ်ဆောင်ကြမယ်ဆိုရင် လူနာတွေ အတွက် အကျိုးရှိပြီး ကုသမှု အောင်မြင် နိုင်မှာဖြစ်ပါတယ်။
ခွဲစိတ်မှုနဲ့ ပတ်သက်တဲ့စာတွေ စာ အုပ်ထဲမှာရှိတယ်ဆိုပေမယ့် လူနာနဲ့ တိုက်ရိုက်ထိတွေ့နေရတဲ့ ဆရာဝန်တစ် ယောက်အနေနဲ့ လူနာရဲ့ စိတ်ခံစားချက်၊ ရောဂါအခြေအနေ၊ အာဟာရ၊ တခြား ရောဂါရှိ၊ မရှိ၊ ဒါတွေအားလုံးကို ချင့်ချိန် ပြီး လုပ်ဆောင်ရပါတယ်။ ကင်ဆာနဲ့ပတ် သက်ပြီး မကြာခဏ ပြောဖြစ်နေတာက တော့ ကံ၊ စိတ်၊ ဥတု၊ အာဟာရပါ။ ဆရာ ဝန်က ဥတုနဲ့ အာဟာရကိုသာ ပြင်ပေး လို့ရပါတယ်။ လူနာရဲ့ကံနဲ့စိတ်ကိုတော့ လူနာကိုယ်တိုင်ကပဲ လုပ်ဆောင်ရပါ မယ်။ ဆရာဝန်က လူနာကို အားပေးသလို ဆွေမျိုးအသိုင်းအဝန်းကလည်း လူနာ အပေါ် နားလည်မှုရှိဖို့ လိုအပ်ပါတယ်။

♦ ခွဲစိတ်ကုသဖို့ မသင့်တော်တဲ့ ကင် ဆာရောဂါတွေလည်း ရှိမှာပေါ့နော်ဆရာ။

ခွဲမရတဲ့ကင်ဆာရောဂါတွေကို မခွဲ သလို၊ ခွဲစိတ်လိုက်လို့ အကျိုးသိပ်မရှိတဲ့ ကင်ဆာရောဂါတွေကိုလည်း မခွဲစိတ်ပါ ဘူး။ ခွဲစိတ်လိုက်မှ အန္တရာယ်ဖြစ်နိုင် တယ်ဆိုရင်လည်း မခွဲစိတ်ပါဘူး။ တချို့ လူနာတွေက ရောဂါကျွမ်းပြီးမှ ဆရာဝန် ဆီရောက်လာတယ်ဆိုရင် ခွဲစိတ်ရင် အ ကျိုးမရှိတာကြောင့် မခွဲစိတ်ပါဘူး။ လူနာ က ကင်ဆာရောဂါရဲ့ နောက်ဆုံးအဆင့် ဖြစ်တဲ့ Stage 4 ရောက်နေပြီ၊ အသည်း၊ အဆုတ်နဲ့ ရိုးတွင်းခြင်ဆီတွေ အထိရော ဂါပျံ့နေပြီဆိုရင် လူနာကို ရောဂါကုသ တာထက် သက်သာအောင် Support လုပ်ပေးရပါတယ်။ ရုပ်ပိုင်းဆိုင်ရာအပြင် စိတ်ပိုင်းဆိုင်ရာပါ မြှင့်တင်ပေးပါတယ်။ No Treatment is Treatment ဆိုတာ မျိုးလည်း ရှိပါတယ်။ ဒါကို ဆုံးဖြတ်ဖို့က အတွေ့အကြုံတွေ အတော်လိုပါတယ်။ တချို့လူနာတွေကို တစ်ခါတစ်ရံမှာ အား ဆေး၊ အနာသက်သာတဲ့ဆေး၊ အိပ်ပျော် တဲ့ဆေးတွေ ပေးရုံနဲ့ လူနာအတွက် အ ဆင်ပြေတာရှိပါတယ်။ ရောဂါနောက်ဆုံး အဆင့်ရောက်နေတဲ့ လူနာက ရောဂါကု သမှုဒဏ်တွေကို မခံနိုင်တော့ပါဘူး။ ဒီလို အချိန်မှာ ဆေးသွင်းတာ၊ ဓာတ်ရောင် ခြည်နဲ့ကုသတာတွေ လုပ်လိုက်ရင် လူနာ အသက်ရှင်နေရမယ့်အချိန်ကာလတို သွားနိုင်ပါတယ်။ ဆရာဝန်က ဘက်ပေါင်း စုံကို ချင့်ချိန်ပြီး ဆုံးဖြတ်ချက်ချကုသရပါ တယ်။ အသက်အရွယ်ငယ်လွန်းတာ၊ အသက်ကြီးလွန်းတာတွေကလည်း ခွဲ စိတ်တဲ့ဒဏ်ကို ခံနိုင်ရည်မရှိတာကြောင့် မခွဲစိတ်ပါဘူး။ သွေးတိုးရောဂါ၊ ဆီးချိုသွေး ချိုရောဂါ၊ အစာအိမ်သွေးကြောပေါက်နေ တာ၊ အသည်းမကောင်းတာ၊ ကျောက် ကပ်မကောင်းတာ၊ နှလုံးရောဂါ၊ အာဟာ ရချို့တဲ့နေတာ၊ စိတ်ပိုင်းဆိုင်ရာရောဂါ စတဲ့ရောဂါရှိနေတဲ့ လူနာတွေကို ခွဲစိတ် ကုသရမယ်ဆိုရင်လည်း တော်တော် လေး ချင့်ချိန်ပြီးမှ လုပ်ဆောင်ရပါတယ်။

♦ လူနာကိုယ်တိုင် ခွဲစိတ်ကုသဖို့ မလို လားခဲ့ရင်ကော ဆရာ။

ခွဲစိတ်ဖို့အတွက် လူနာကိုယ်တိုင်က လည်း သူ့စိတ်က လိုလိုလားလားရှိတယ်။ မိသားစုအသိုင်းအဝိုင်းတွေက ထောက်ပံ့ မှုလည်း ရှိတယ်ဆိုရင် ပိုကောင်းပါတယ်။ တချို့လူနာက ခွဲစိတ်ဖို့ ကြောက်ရွံ့တာ ကြောင့် ခါးခါးသီးသီး ငြင်းဆန်နေတယ် ဆိုရင် ဆရာဝန်အနေနဲ့ ခွဲစိတ်ကုသဖို့အ တွက် စဉ်းစားရပါတယ်။

♦ ကင်ဆာရောဂါဝေဒနာရှင်တွေ အတွက် အကြံပြုစကားလည်း ပြောကြား ပေးပါ ဆရာ။

လူနာပိုင်းက အစားအသောက်၊ အ နေအထိုင်ဆင်ခြင်ဖို့ လိုပါတယ်။ ခန္ဓာ ကိုယ်ရဲ့ ပြောင်းလဲမှုတွေကို သိရှိအောင် ကိုယ့်ကိုယ်ကိုယ် သတိထား နေသင့်ပါ တယ်။ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေ နဲ့ပြောရရင် ကံကောင်းအောင် ကံကိုမြှင့် တင်ပေးဖို့လည်း လိုပါတယ်။ ကင်ဆာဖြစ် စေတဲ့ အကြောင်းတရားတွေက သိနိုင် တာတွေရော၊ မသိနိုင်တာတွေရော အ များကြီးရှိပါတယ်။ မျိုးရိုးလိုက်တာ၊ ခရိုမို ဇုမ်း၊ ဆေးဝါး၊ အစားအသောက်၊ အနေ အထိုင် စတဲ့ သိနိုင်တဲ့ အကြောင်းတရား တွေရှိသလို မသိနိုင်တဲ့ အကြောင်းတရား တွေလည်း ရှိနေနိုင်ပါတယ်။ ဗုဒ္ဓဘာသာ ပီပီ ကံကို ယုံကြည်ပါ။ ကုသိုလ်ကောင်း မှုတွေလည်း အများကြီးရှိနေအောင် ကြိုး စားပါလို့ တိုက်တွန်းချင်ပါတယ်။

◘ ပါမောက္ခဒေါက်တာစိန်လင်း
(ခွဲစိတ်နှင့် ကင်ဆာပါရဂူ)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *