ခွဲစိတ်ကုသမှု ခံယူမယ်ဆိုရင် ဘာတွေသိထားဖို့လိုလဲ

ခွဲစိတ်ကုသရမယ်ဆိုရင် လူနာနဲ့ လူနာရှင်တွေ က မခွဲလို့ကော မရဘူးလား ဆိုပြီး မေး တတ်ကြပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဆရာ အနေနဲ့ ရှင်းပြပေးပါ။
ဘယ်သူမဆို ခွဲစိတ်ကုသမှုခံယူရ မယ်ဆိုရင် အားလုံးက အားငယ်တာ၊ ကြောက်ရွံ့စိုးရိမ်တာတွေဖြစ်တတ်ပါ တယ်။ ကုသမှုပေးနေတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေကိုယ်တိုင်တောင် ကိုယ်တိုင် ခွဲစိတ်ခံရတော့မယ်ဆိုရင် ကြောက်တတ် ပါတယ်။ ဒါက သဘာဝတရားပါပဲ။ တစ်ခါ တစ်ရံမှာ မြန်မာစကားရှိပါတယ်။ အပ်နဲ့ ထွင်းရမယ့်နေရာမှာ ပုဆိန်နဲ့ ပေါက်ရတာ မျိုးမဖြစ်အောင် ရောဂါက အကြာကြီး မွေးထားလို့ မရပါဘူး။ လိုအပ်ရင် ခွဲစိတ် ဖို့ လိုပါတယ်။
အခုခေတ်က မေ့ဆေးတွေ တိုး တက်လာတယ်၊ ခွဲစိတ်တာကလည်း ပြည်နယ်၊ တိုင်းဒေသကြီးဆေးရုံတွေမှာ လူနာတွေကို စိတ်ချရတဲ့အထိ ခွဲစိတ် ကုသပေးနိုင်ပါတယ်။ အိမ်ထောင်ဖက်၊ ဆွေမျိုးတွေနဲ့ မိတ်ဆွေကောင်းတွေရဲ့ အားပေးမှုကလည်း အရေးကြီးပါတယ်။ အရေးပေါ်အခြေအနေဖြစ်မယ်ဆိုရင် ဥပမာ- အူအတက်ရောင်တယ်၊ ဒဏ်ရာ ရလို့ သွေးထွက်တယ်၊ အရိုးကျိုးတယ်ဆို ရင် ချက်ချင်းခွဲစိတ်ဖို့လိုအပ်ရင် ခွဲပေး ရ ပါတယ်။ အချိန်ယူပြီး ခွဲရမယ့် ရင်သား အကျိတ်၊ လည်ပင်းအကျိတ်၊ အစာအိမ် မှာ ရိုးရိုးအနာဖြစ်တာမျိုးတွေဆိုရင် လည်း တိုင်ပင်လို့ရပါတယ်။ ဆရာက လည်း တိုင်ပင်စေချင်ပါတယ်။
ဘ၀မှာ တစ်ခါတစ်ရံ မဖြတ်ဘဲ မ ရောက်နိုင်ရင် ဖြတ်ကိုဖြတ်ရပါမယ်။ မြစ်၊ ချောင်း ရှိတယ်။ ဒါကို ဖြတ်မှ တစ်ဖက်ကို ရောက်မယ်ဆိုရင် မဖြစ်မနေ ဖြတ်ကို ဖြတ်ရပါမယ်။ ဒါကို နားလည်မယ်ဆိုရင် လူနာအတွက် အဆင်ပြေသွားပါလိမ့် မယ်။

မဖြစ်မနေ ခွဲစိတ်ရမယ့် လူနာတွေအတွက် ဆရာ့အနေနဲ့ ဘာများရှင်းပြချင်ပါသလဲ။
မဖြစ်မနေ ခွဲစိတ်ခံရမယ့်လူနာကို ဆရာဝန်တွေက မခွဲစိတ်ခင်မှာ ရှင်းပြကြ ပါတယ်။ ဥပမာ-အရေပြားမှာ ပေါက်တဲ့ မှဲ့၊ အရည်ကြည်အိတ်လေးတွေ ထုံဆေး ပေးပဲ ပေးရမယ်၊ အသက်အန္တရာယ် လည်း မစိုးရိမ်ရဘူးဆိုရင် ဆရာဝန်က လိုအပ်သလောက်ပဲ ရှင်းပြပါတယ်။ အကြီး စားခွဲစိတ်မှုဖြစ်တဲ့ သားအိမ်ထုတ်တာ၊ ဗိုက်ခွဲပြီး ကလေးမွေးတာ၊ ရင်သားအ ကျိတ်တွေ ခွဲထုတ်တာ၊ ရင်သားဖြတ် ထုတ်တာ၊ လည်ပင်းအကျိတ်ခွဲစိတ်တာ၊ အစာအိမ် ဖြတ်ထုတ်တယ်ဆိုရင် လူနာ တွေအနေနဲ့ သိထားဖို့လိုပါတယ်။ ခွဲစိတ် တယ်ဆိုတာက အန္တရာယ် အနည်းအများ တော့ ရှိပါတယ်။ ရာနှုန်းပြည့် အန္တရာယ် ကင်းတာမျိုးတော့ မရှိပါဘူး။ မေ့ဆေး ဆရာဝန် ကျွမ်းကျင်မှု၊ စက်ပစ္စည်းတွေရဲ့ အရည်အသွေးကောင်းမွန်မှု၊ ခွဲစိတ်ဆရာ ဝန်တွေရဲ့ အရည်အချင်း၊ လူနာရဲ့ ကံ တရား၊ ခွဲစိတ်တဲ့နေရာရဲ့ သန့်ရှင်းမှု စ တာတွေ ပြည့်စုံဖို့ လိုပါတယ်။ အကြီးစား ခွဲစိတ်မှု ပြုလုပ်မယ်ဆိုရင် မေ့ဆေးပေး ရပါတယ်။ မေ့ဆေးဆရာဝန်တွေ ဘယ် လောက်ပဲ ကျွမ်းကျင်ပါစေ လူနာကို နာရီ ဝက်၊ တစ်နာရီ မေ့ဆေးပေးရပြီဆိုရင် အာရုံကြောတွေ၊ ကြွက်သားတွေ လျော့ စေဖို့ ကျြခူန Rနူထေညေအ ပေးရတယ်။ လူနာကို မေ့ဆေးတွေ ပေးရတယ်။ မေ့ ဆေးတွေက ဘယ်လောက်ပဲ အန္တရာယ် ကင်းတယ်ပြောပြော အဲဒီဆေးတွေက နှလုံးညှစ်အား အနည်းနဲ့ အများကျတတ် ပါတယ်။ အသက်ရှူတာလည်း နှေးအောင် ပေးပါတယ်။ မေ့ဆေးပေးပြီး အချိန်တန် ရင် နိုးရပါတယ်။ မေ့ဆေးနဲ့ အဆင်မ ပြေတာမျိုးက တစ်သိန်းမှာ တစ်ယောက် ဆိုသလိုဖြစ်တတ်ပါတယ်။ ကျောရိုးမှာ မေ့ဆေးထိုးတာက အများစုမှာ စမ်းပြီးမှ ထိုးပေမယ့် မေ့ဆေးက လူနာနဲ့ အဆင်မ ပြေတဲ့အခါမျိုးမှာ လူနာက ခြေထောက် လုံးဝ မလှုပ်တော့တာမျိုး ကြုံရတတ်ပါ တယ်။ မေ့ဆေးအကြာကြီး ပေးတဲ့အခါ အသက်ရှူလမ်းကြောင်းမှာ ပိုးဝင်တာ တွေ ရှိတတ်ပါတယ်။

ခွဲစိတ်ဆရာဝန်တစ်ယောက်အနေနဲ့ လူနာကို မခွဲ စိတ်ခင်မှာ ဘာတွေကြိုပြီး ပြင်ဆင်ထားဖို့ လိုပါ သလဲဆရာ။
ခွဲစိတ်ဆရာဝန်အပိုင်းမှာလည်း လူ နာကို ဓားနဲ့ခွဲတာဆိုတော့ သွေးထွက်နိုင် ပါတယ်။ လူနာမှာ သွေးမတိတ်တဲ့ရောဂါ ရှိတာ၊ မခွဲခင်မှာ သွေးကျဲဆေးသောက် ထားတာတွေရှိရင် သွေးမတိတ်တာရှိ တတ်ပါတယ်။ အဲဒါကြောင့် မခွဲစိတ်ခင် ကတည်းက တစ်ပတ်လောက် အလိုက တည်းက သွေးကျဲဆေးကို ကြိုဖြတ်ခိုင်း ထားပါတယ်။ ခွဲစိတ်တယ်ဆိုရင်တော့ ဆရာဝန်က ဂရုစိုက်ခွဲစိတ်ပါတယ်။ ဒါပေမဲ့ လူ့ခန္ဓာကိုယ်တည်ဆောက်မှုက တစ် ယောက်နဲ့တစ်ယောက် တစ်သမတ်တည်း တူညီနေတယ်လို့ ပြောလို့မရပါဘူး။ တစ် ခါတစ်ရံမှာ သည်းခြေအိတ်နဲ့ သည်းခြေ ပြွန်က နေရာလွဲပြီး ရှိနေတာမျိုးရှိတယ်၊ တချို့လည်းသည်းခြေပြွန် နှစ်ခုရှိနေ တာ၊ တချို့လည်း သည်းခြေပြွန်က ပြွန်မကြီးထဲဝင်တဲ့နေရာမှာ အောက်က ဝင်တာရှိတယ်၊ မှားပြီးတော့ ဖြတ်မိတာ တွေ ရှိတတ်ပါတယ်။ မတော်တဆ အသည်းကို ထိမိသွားတာတို့ အန္တရာယ် က အများကြီးရှိပါတယ်။ ခွဲစိတ်တော့မှ အူတွေ ကပ်နေလို့ ခွဲရင်း အူပေါက်သွား တာမျိုးလည်း ရှိပါတယ်။ အူအတက်ခွဲရာ ကနေ အဆင်မပြေတာမျိုး ရှိတတ်ပါ တယ်။ ဘယ်လောက်ပဲ ကျွမ်းကျင်တဲ့ ဆရာဝန်ဖြစ်ပါစေ လူနာက ကိုယ်ခံအား အရမ်းနည်းနေတာ၊ အူအတက်က အရမ်း ရောင်နေတာ၊ လူနာက ခုခံအားမကောင်း တဲ့ ရောဂါတွေ ရှိနေတာဆို အန္တရာယ် များပါတယ်။ ဆရာတို့ ဆရာကြီးတွေ အမြဲပြောတာက ခွဲစိတ်ကုသမှုကို ဘယ် တော့မှ အသေးစားလို့ မသတ်မှတ်ဘဲ အကြီးစား ခွဲစိတ်မှုလိုပဲ ဂရုတစိုက် ခွဲ စိတ်ပါလို့ ပြောပါတယ်။

ခွဲစိတ်မယ့် လူနာအပိုင်းကိုကော ဆရာတို့ ဘယ်လိုပြင်ဆင်ပေးပါသလဲ။
လူနာအပိုင်းမှာ ပုံမှန်ကျန်းမာရေး ကောင်းနေရင် ပြဿနာမရှိပါဘူး။ လူနာ က ဆီးချိုသွေးချိုရောဂါရှိတာ၊ ကင်ဆာရှိ တာ၊ စတီးရွိုက်ဆေး ကြာရှည်စွဲသောက် နေရသူတွေ၊ ကိုယ်ခံအားကျတဲ့ဆေးတွေ အကြာကြီး သုံးစွဲနေရသူတွေမှာ အနာမ ကျက်တာ၊ ပိုးဝင်တာတွေ ဖြစ်တတ်ပါ တယ်။ လူနာမှာ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးရှိနေသူတွေကို ဆရာတို့က ဂရုစိုက်ပြီး ခွဲစိတ်ပေးရပါတယ်။ အကြီး စားခွဲစိတ်ကုသမှုမှာ သွေးလိုအပ်ချက်ကို ဘယ်လောက်လိုအပ်တယ် ပြောထားပေ မယ့် ခန့်မှန်းလို့ မရပါဘူး။ တစ်ခါတစ်ရံ မှာ သွေးထွက်လွန်လို့ သွေးလိုအပ်တာ ရှိပါတယ်။ ခန့်မှန်းရခက်ပါတယ်။ အဲဒါ ကြောင့် ဆရာဝန်အနေနဲ့ စိတ်ရှည်လက် ရှည် ရှင်းပြဖို့လိုပါတယ်။

လူနာအနေနဲ့ကော ဘာတွေ ကြိုတင်ပြင်ဆင် ထားဖို့လိုပါသလဲ ဆရာ။
လူနာအနေနဲ့ ကြိုတင်ပြင်ဆင်ထား ဖို့က အရေးပေါ်ခွဲစိတ်ရတဲ့ အူအတက် ရောင်တာ၊ ဓားထိုးခံရတာ၊ အရိုးကျိုးတာ တွေကို ချက်ချင်းခွဲစိတ်ဖို့ ပြင်ဆင်ရတဲ့အ ခါ ပြင်ဆင်ချိန်သိပ်မရပါဘူး။ သန့်ရှင်း ရေးလုပ်တယ်၊ သွေးဖောက်ပြီး လိုအပ်တဲ့ သွေးအုပ်စုခွဲတာတွေ လုပ်တယ်၊ သွေး သွင်းဖို့ စီစဉ်တယ်၊ နှာခေါင်းပိုက်ထည့် တယ်၊ ပိုးသတ်ဆေးကြိုပေးတယ်၊ ပြီး တာနဲ့ ခွဲစိတ်ရပါတယ်။ ပုံမှန်ရိုးရိုးပဲ ခွဲ စိတ်တဲ့ လူနာဆိုရင်တော့ ပြင်ဆင်ချိန် ရ ပါတယ်။ မေ့ဆေးဖြစ်ဖြစ်၊ ထုံဆေးဖြစ်ဖြစ် ပေးပြီးခွဲစိတ်မယ်ဆိုရင် အစာ ရှစ်နာရီ အတွင်း လုံးဝမရှိရပါဘူး။ အစာရှိရင် အန်တတ်တာကြောင့်ပါ။ တချို့ဆို ထုံ ဆေးပေးတာနဲ့တင် အန်တာရှိတယ်။ ဘာကြောင့်လဲဆိုတော့ ခွဲခန်းက ပုံမှန် ဝင်နေကျအခန်း မဟုတ်ဘူး။ ခွဲခန်းကို သန့်ရှင်းထားတဲ့ ပိုးသတ်ထားတဲ့အနံ့၊ သန့်ရှင်းထားတဲ့ အနံ့တွေ၊ ဆေးနဲ့တွေကို မခံနိုင်လို့ အန်တတ်တယ်။ ပုံမှန်အားဖြင့် ဗိုက်ခွဲမယ်ဆိုရင် အစာမရှိတာကောင်းပါ တယ်။ လူနာအတွက် လိုအပ်ရင် နှာခေါင်း ပိုက်ထည့်ပေးပါတယ်။ လူနာအတွက် သန့်ရှင်းရေးအနေနဲ့ ဗိုက်ခွဲမယ်ဆိုရင် ဆီးခုံမွေးတွေကို ရိတ်ပေးပါတယ်။ အခု နောက်ပိုင်းမှာတော့ ရိတ်ပေးတာက ပိုး ဝင်တယ်ဆိုတာကြောင့် မလိုအပ်ရင် ရိတ်တာ မလုပ်တော့ပါဘူး။ တချို့နိုင်ငံ တွေမှာတော့ ဆေးရုံရဲ့ ပေါ်လစီပေါ် မူ တည်ပါတယ်။ ဆီးခုံနားကပ်ပြီး ခွဲစိတ် တာမဟုတ်ရင်တော့ ရိတ်တာကို မလုပ် ပါဘူး။

ပါမောက္ခဒေါက်တာစိန်လင်း
ခွဲစိတ်နှင့် ကင်ဆာပါရဂူ

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *