ခွဲစိတ်စဉ် ဒုက္ခပေးနိုင်သော နာတာရှည်ရောဂါများ

လူကောင်းတစ်ဦး ရောဂါတစ်ခု တည်းကြောင့် ခွဲစိတ်ရတာနဲ့နာတာရှည် ရောဂါရှိသူကို ခွဲစိတ်ရတာမတူပါဘူး။ နာ တာရှည်ရောဂါတစ်ခုခုအခံရှိသူကို ခွဲ စိတ်ရတာက ပိုအန္တရာယ်များပါတယ်။ နာတာရှည်ရောဂါတွေကတော့ နှလုံးရော ဂါ၊ အဆုတ်ရောဂါ၊ ဆီးချိုရောဂါ၊ နာတာ ရှည်ကျောက်ကပ်မကောင်းသူတွေ၊ အ သားဝါရောဂါ၊ သွေးစနစ်ပုံမှန်မဟုတ်သူ တွေ၊ သွေးအားနည်းတာ၊ အရိုးနဲ့ကြွက် သားရောဂါတွေပဲဖြစ်ပါတယ်။

နှလုံးရောဂါ
အသက် ၄၀ နဲ့အထက် လူ နာတွေ ကို အဓိကအကြီးစားခွဲစိတ်မှုတွေ လုပ်ပြီး တဲ့အခါ နှလုံးရဲ့နောက်ဆက်တွဲ ဆိုးကျိုး ဟာ ငါးရာခိုင်နှုန်းလောက်ဝင် တတ်ပါ တယ်။ နှလုံးရောဂါတွေထဲမှာ နှလုံးသွေး ကြောကျဉ်းရောဂါဆို တစ်ခါတ လေရှိနေ မှန်း လက္ခဏာမပြတတ်ပါဘူး။ နှလုံး သွေးကြောကျဉ်းနေလို့ ခွဲစိတ်တုန်း နှလုံး ကြွက်သားပုပ်နိုင်ခြေဟာ လက္ခဏာ ဆိုး ရွားသူနဲ့ ရင်ဘတ်အောင့်တာအပေါ် မူ တည်ပါတယ်။ ဒါကြောင့် သေချာအောင် လက္ခဏာဘယ်နှကြိမ်ပြတယ်၊ ဘယ် လောက်ကြာအောင် ခံစားရတယ်၊ ပိုဆိုး စေတဲ့အကြောင်းအရင်းတွေ ဘာ တွေရှိ သလဲဆိုတာပေါ် မူတည်ပါတယ်။ အထူး သဖြင့် နေ့စဉ်ပုံမှန်လှုပ်ရှားမှုအ ကန့်အ သတ်ဖြစ်ပေါ်လာတာဟာ ရောဂါ အခြေ အနေဆိုးရွားတာကို ဖော်ပြပါတယ်။ နှလုံးသွေးကြော ပွင့်လိုက်ပိတ်လိုက်ဖြစ် နေရင် ခွဲစိတ်နေတုန်း နှလုံးကြွက်သား ပုပ်နိုင်ခြေများပါတယ်။ ဒါကြောင့် ရက် ချိန်းနဲ့ခွဲမယ်ဆိုရင် ပိုကောင်းပြီး နှလုံး သမားတော်နဲ့ ပြသဖို့လိုပါတယ်။

နှလုံးသွေးကြောကျဉ်းခြင်း
နှလုံးသွေးကြောကျဉ်းနေရာက ကြာလာတဲ့အခါ နှလုံးကြွက်သားပုပ်နေ ပြီဆိုရင် ပုပ်တဲ့အကြောင်းပြောနိုင်ဖို့ရာ နှလုံးဓာတ်ဖြစ်တဲ့ Troponin တက်ရ မယ်၊ ရင်ဘတ်အောင့်ရမယ်၊ ECG ပြောင်းလဲမှုရှိရမယ်၊ နှလုံး Echo ပြောင်း လဲမှုရှိရပါမယ်။ အသက် ၄၀ ကျော်နဲ့ တကယ် နှလုံးကြွက်သားပုပ်နိုင်ခြေဟာ တစ်ရာခိုင်နှုန်းလောက်သာ ရှိပါတယ်။ ပို ဆိုးစေတဲ့ အချက်ရှိနေရင်တော့ သုံးရာ ခိုင်နှုန်းရှိပါတယ်။

နှလုံးအဆို့ရှင်၊ နှလုံးခုန်စက်၊ နှလုံးကျဆုံး ခြင်း
အခုအခါ သွေးတိုး၊ ဆီးချိုတို့ ကြောင့် နှလုံးသွေးကြောကျဉ်းတာ ကြာ လာတဲ့အခါ နှလုံးကျဆုံးတာဖြစ်လာပါ တယ်။ နှလုံးကျဆင်းတာမှာမှ လက္ခဏာ မပြတာရယ်၊ ပြန်လည်ထိန်းညှိတာ၊ မ ထိန်းညှိပေးနိုင်တော့တာနဲ့ လုံးဝ နောက် ဆုံးအဆင့်ရောက်တာဆိုပြီး ရှိပါတယ်။ နှလုံးကျဆုံးလို့ မထိန်းနိုင်ဘူးဆိုရင် ခြေ လက်ဖောရောင်တာ၊ ညဘက်လှဲအိပ်ရင် မောတာ၊ မောလို့ ထထိုင်ရတတ်ပါတယ်။ နှလုံးအဆို့ရှင်တွေ မကောင်းရင်လည်း ရင်တုန်ပြီး နှလုံးကျဆုံးတတ်ပါတယ်။ နှ လုံးမှာစက်တပ်ထားရင်လည်း မေ့ဆေး စက်ပစ္စည်းနဲ့ သွေးတိတ်ကိရိယာပေါ် မူ တည်ပါတယ်။

သွေးတိုး
သွေးပေါင်ချိန်တက်နေတာကို မထိန်းချုပ်ထားရင် နှလုံးကြွက်သားပုပ် တာနဲ့ ဦးနှောက်သွေးကြောထိခိုက်တာ ဖြစ်နိုင်ပါတယ်။ အပေါ်သွေးများတာ ထက် အောက်သွေးများတာက ပို အန္တရာယ်ရှိပါတယ်။ ကိုယ်တွင်းကလီစာ တွေရဲ့သွေးစီးဆင်းမှုက သွေးဖိအားရဲ့ အမြင့်ဆုံးနဲ့ အနိမ့်ဘယ်လောက်ခြားလဲ ဆိုတာပေါ် မူတည်ပါတယ်။ သွေးတိုးရှိ ရင် မခွဲခင်ကြိုတင်ကုသထားဖို့လိုပါ တယ်။ တကယ်လို့ အောက်သွေးဟာ110 mmHg ကျော်နေရင် ခွဲစိတ်လို့မရ ပါဘူး။

နှလုံးရောဂါတွေအတွက် ကုသမှု
နှလုံးနဲ့ပတ်သက်တဲ့ရောဂါရှိသူတွေ ကတော့ ဆေးဝါးတွေနဲ့ကုသဖို့ ပိုလိုအပ် ပါတယ်။ နှလုံးဆေးထဲမှာBeta Blocker ပါတဲ့ဆေးတွေက နှလုံးကြွက် သားပုပ် တာတွေကို လျော့ကျစေပေမယ့် သေဆုံး မှုတွေရှိပါတယ်။ ဒါကြောင့် အဲဒီဆေး တွေကို သုံးလေ့မရှိပါဘူး။ နဂိုကတည်း က သုံးနေကျဆိုရင်တော့ အဆင်ပြေပါ တယ်။ ACEI ဆိုတဲ့ဆေးတွေကတော့ နှလုံးကျဆုံးတာနဲ့ သွေးတိုးတွေမှာ သုံးပါ တယ်။ ဒါပေမဲ့ ခွဲစိတ်တုန်း သွေးပေါင် ထိုးကျတတ်လို့ ပေးလေ့မရှိဘဲ သောက် နေရင်တောင် ရပ်ခိုင်းပါတယ်။

အဆုတ်ရောဂါ
အဆုတ်ရောဂါရှိရင်လည်း အရေး ကြီးပါတယ်။ အထူးသဖြင့် အဆုတ်ခွဲစိတ် တာတွေ၊ ဝမ်းဗိုက်ခွဲစိတ်တာတွေဆို အ ရေးကြီးပါတယ်။ လုံလုံလောက်လောက် အနာသက်သာအောင်နဲ့ ရင်ဘတ်လေ့ ကျင့်ခန်း (အဆုတ်လေ့ကျင့်ခန်း)တွေက အဆုတ်ထဲက အချွဲတွေရှင်းစေပြီး ရော ဂါထပ်မတိုးအောင် ကာကွယ်ပေးပါ တယ်။ အဆုတ်ရောဂါရှိတဲ့လူနာကို မေ့ ဆေးပေးတဲ့အခါ ဖြစ်နိုင်ရင် ခွဲစိတ်မယ့် နေရာကိုပဲပေးပါတယ်။ နှာခေါင်းက မေ့ ဆေးငွေ့ရှူတာကို ရှောင်ပါတယ်။ လို အပ်ရင် အသက်ရှူစက်တွေပါ တပ်ထား တတ်ပါတယ်။ ခွဲပြီးရင်လည်း ထိရောက် တဲ့ အနာသက်သာဆေးပေးထားမှသာ ချွဲ ရှင်းတာ၊ လေဝင်လေထွက်ကောင်းတာ တွေဖြစ်စေမှာပါ။ မခွဲခင်မှာရော၊ ခွဲပြီး နောက်ပိုင်းမှာရော အဆုတ်လေ့ကျင့်ခန်း တွေ လုပ်ပေးရပါမယ်။ ခွဲပြီးနောက်ပိုင်း အဆုတ်က အလုပ်သိပ်မလုပ်ဘူး။ အ ဆုတ်ကျဆုံးနေတယ်ဆိုရင် အရေးပေါ် အထူးကြပ်မတ်ကုသဆောင်မှာထားပြီး အသက်ရှူစက်တပ်ထားရတတ်ပါတယ်။

ဒေါက်တာ ဇွဲကောင်းချစ်

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *