ခန္ဓာကိုယ်တွင်းမှာ ရောင်ရမ်းမှုတွေ မရှိအောင် ဘယ်လိုဗီတာမင်တွေ စားသုံးသင့်သလဲ

ရောင်ရမ်းမှုတွေက ခန္ဓာကိုယ်တွင်း အင်္ဂါတွေကို ပျက်စီးစေပြီး ရောဂါဖြစ်စေပါတယ်။ ရောင်ရမ်းမှုလျော့နည်းစေတဲ့ ဗီတာမင်တွေကို စားသုံးပါက သင့်ခန္ဓာ ကိုယ်တွင်းမှာ ရောဂါဖြစ်ပွားမှုကို လျော့ နည်းစေပြီးကျန်းမာသက်ရှည်စေပါတယ်။

ဗီတာမင် အေ
ဗီတာမင်အေက အင်တီအောက် ဆီးဒင့်တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်တွင်းမှာ မျိုးဗီဇကို ဖျက်ဆီးပြီး ကင်ဆာရောဂါနဲ့ တခြားရောဂါတွေကို ဖြစ်စေတဲ့ free radicals တွေကို တိုက်ထုတ်ပေးပါ တယ်။ ဗီတာမင်အေမှာ ရောင်ရမ်းမှုကို လျော့နည်းစေတဲ့ အာနိသင်ရှိပါတယ်။ ဗီတာမင်အေရရှိနိုင်အောင် နို့၊ အသည်း၊ မုန်လာဥနီလို ဟင်းသီးဟင်းရွက်တွေကို အရောင်စုံအောင်စားပေးပါ။ ခန္ဓာကိုယ် မှာ ဗီတာမင်အေလုံလောက်ပါက အရေ ပြား၊ အူလမ်းကြောင်းနဲ့ အဆုတ်တွေမှာ ရောင်ရမ်းမှုမဖြစ်အောင် တားဆီးနိုင်ပါ တယ်။

ဗီတာမင် ဘီ-၆
ခန္ဓာကိုယ်မှာ ဗီတာမင်ဘီ-၆ ချို့တဲ့ ပါက နှလုံးရောဂါဖြစ်ပွားနိုင်ခြေ မြင့်မား ပါတယ်။ လေ့လာမှုတွေအရ ဗီတာမင်ဘီ -၆ ချို့တဲ့တာက နှလုံးရောဂါဖြစ်ပွားမှုနဲ့ ဆက်စပ်မှုရှိတဲ့ ရောင်ရမ်းမှုတွေကို ဖြစ် စေတာကြောင့်လို့ တွေ့ရှိခဲ့ပါတယ်။ ဒါ့အ ပြင် ဗီတာမင်ဘီ-၆ချို့တဲ့ပါက အရိုးအ ဆစ်ရောင်ရမ်းမှုလည်းဖြစ်ပွားနိုင်ပါ တယ်။ ဗီတာမင်ဘီ-၆ ရရှိနိုင်ဖို့ အမဲသား၊ ကြက်ဆင်သား၊ ဟင်းသီးဟင်းရွက်နဲ့ ငါးတွေ စားပေးပါ။

ဗီတာမင် စီ
အင်တီအောက်ဆီးဒင့်ဖြစ်တဲ့ ဗီတာ မင်စီက ရောင်ရမ်းမှုကို လျှော့ချနိုင်ပြီး နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို လျှော့ချ ပေးပါတယ်။ ဗီတာမင်စီကို လိမ္မော်သီး၊ မာလကာသီး၊ သံပရာသီး စတဲ့ အချဉ် အရသာရှိတဲ့ အသီးတွေကနေ ရရှိနိုင် ပါတယ်။ ဗီတာမင်စီက ကိုလာဂျင်ထုတ် လုပ်မှုကို ကူညီပေးပြီး အရေပြား၊ အရွတ်၊ အရွတ်ဖုံးနဲ့ သွေးကြောတွေ ထိခိုက်ပျက်စီးပြီး ရောဂါဖြစ်နိုင်ခြေကို လည်း လျှော့ချပေး ပါတယ်။

ဗီတာမင် ဒီ
ဗီတာမင်ဒီက ကယ်လ်စီယမ်လိုပဲ ရောင်ရမ်းမှုကို လျှော့ချပေးပြီး အရိုးတွေ ကို သန်မာစေပါတယ်။ ငါး၊ အသည်း၊ အမဲသား၊ ဥအနှစ်၊ ဗီတာမင်ဖြည့်စွက်အ စားအစာတွေကနေ ဗီတာမင်ဒီကို ရရှိနိုင် သလို အရေပြားနဲ့ နေရောင်ခြည်ထိတွေ့ ရင် ဗီတာမင်ဒီကို ခန္ဓာကိုယ်က ထုတ် လုပ်ပေးပါတယ်။ ဗီတာမင် ဒီက အရိုး အဆစ်၊ အရေပြား၊ အစာအိမ်နဲ့ အူလမ်း ကြောင်း စတာတွေမှာ ရောင်ရမ်းပြီး ရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ လေ့လာမှုတွေအရ ခန္ဓာကိုယ်မှာ ဗီတာ မင်ဒီပြည့်ဝနေပါက အူမကြီးကင်ဆာဖြစ် ပွားနိုင်ခြေကို ၄၀ ရာခိုင်နှုန်းအထိ လျှော့ ချနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။

ဗီတာမင် အီး
ဗီတာမင်အီးက ရောင်ရမ်းမှုလျှော့ ချပေးနိုင်တဲ့အာနိသင်ရှိတဲ့ အင်တီ အောက်ဆီးဒင့်တစ်မျိုးပါ။ အစေ့အဆန်၊ အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်တွေ ကနေ ဗီတာမင်အီးကို ရရှိနိုင်ပါတယ်။ ဗီတာမင် အီးက နှလုံးကို ပျက်စီးစေတဲ့ ရောင်ရမ်းမှု ဖြစ်စေတဲ့ဓာတ်တွေ ထုတ် လုပ်မှုကို နည်းစေပါတယ်။

ဗီတာမင် ကေ
ဗီတာမင်ကေက ခန္ဓာကိုယ်တွင်း အင်္ဂါတွေကို ရောင်ရမ်းမှုလျှော့ချပေးပြီး ရောဂါဖြစ်ပွားမှုကို ဟန့်တားပေးနိုင်ပါ တယ်။ ကညွတ်၊ ပန်းဂေါ်ဖီစိမ်း၊ ကိုက် လန်၊ ဟင်းနုနယ်တွေကနေ ဗီတာမင် ကေကို များစွာရရှိနိုင်ပါတယ်။ ဗီတာမင်ကေက သွေးကြောတွေ အတွင်းမှာ သွေးခဲတာ မဖြစ် အောင် ကာကွယ်ပေးပါ တယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal