ခန္ဓာကိုယ်ထိခိုက်စေနိုင်သည့် ဖိနပ်ပုံစံ (၆) မျိုး

လူတစ်ယောက်ဟာ ပျမ်းမျှအားဖြင့် တစ်နှစ်ကို ၂၄၅-၂၉၂ ကီလိုမီတာလောက် လမ်းလျှောက်တယ်လို့ သိရပါတယ်။ ဒါကြောင့် ခြေထောက်ကို ထိခိုက်မှုမဖြစ်နိုင်တဲ့ အကောင်းဆုံးဖိနပ်တစ်ရန်တော့ ရှိထားဖို့ လိုအပ်ပါတယ်။ ဖက်ရှင်ကျတာက ကြည့် လို့ကောင်းပေမယ့် ကျန်းမာတာက သင့်အတွက် ပိုပြီးတော့ ကောင်းမွန်ပါလိမ့်မယ်။ ဒါကြောင့် ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်မယ့် ဖိနပ်ပုံစံ ခြောက်မျိုးကို မရွေးချယ်မိအောင် ဖော်ပြပေးလိုက်ပါတယ်။

၁။ ကျပ်လွန်းသည့် ထိပ်ချွန်ဖိနပ်


ဒီဖိနပ်အမျိုးအစားကို ခြေဖဝါးကျယ်သူတွေ မစီးသင့်ပါဘူး။ ထိပ်ကျပ်နေတဲ့အ တွက် ခြေချောင်းတွေပေါ်မှာဖိအားပေးနိုင်တာကြောင့်ပါ။ ခြေချောင်းတွေ ဖိအား ပေးခံရတဲ့အတွက် အာရုံကြောနာကျင်မှုဖြစ်ပြီး အရည်ကြည်ဖုတွေ ထွက်လာနိုင်ပါ တယ်။

၂။ ခြေညှပ်ဖိနပ်ပါး


ခြေညှပ်ဖိနပ်ကို စီးတာက ခြေချင်းဝတ်ပျက်စီးနိုင်ပါတယ်။ ဒါ့အပြင် ခြေချောင်း မှာ ပွတ်တိုက်မှုတွေဖြစ်ပြီး အရေပြားပွန်းပဲ့နိုင်ပါတယ်။ ဒီဖိနပ်ကို စီးတာကြောင့် သင့် ခြေထောက်ကို ကောင်းမွန်စွာ ထောက်ပံ့မှုမပေးနိုင်တဲ့အတွက် ခြေချင်းဝတ်နဲ့ ဒူး ခေါင်းဟန်ချက် လွဲချော်နိုင်ပါတယ်။ ဒါ့အပြင် သင့်ခြေထောက်က ခဏလေးလမ်း လျှောက်ရတာနဲ့တင် ပင်ပန်းနွမ်းနယ်နိုင်ပါတယ်။ ပြေးဖို့ဆိုရင် ဒီဖိနပ်မျိုးတွေနဲ့ အဆင်မပြေနိုင်ပါဘူး။

၃။ မြင့်လွန်းသည့်ဒေါက်ဖိနပ်


မြင့်လွန်းတဲ့ဒေါက်ဖိနပ်တွေက အာရုံကြောပျက်စီးနိုင်ပါတယ်။ အမျိုးသမီး တွေက ဒေါက်မြင့်ဖိနပ်ကို စီးတာကြောင့် မိမိကိုယ်မိမိ ဆွဲဆောင်မှုပိုမိုရှိသွားတယ် ထင်လို့ နှစ်သက်ကြပေမယ့် ဒီဖိနပ်စီးတာက သင်ထင်ထားတာထက်ပိုပြီး သင့်ကို ဒုက္ခပေးနိုင်ပါတယ်။ ဒီဖိနပ်စီးတာကြောင့် ခြေစွယ်ငုပ်တာ၊ အာရုံကြောပျက်စီးတာ၊ ကြွက်သားဒဏ်ရာရတာနဲ့ ခါးနောက်ကျောနာကျင်တဲ့ဝေဒနာတွေ ခံစားရနိုင်ပါတယ်။
ဒါကြောင့် သင့်အနေနဲ့ နေ့စဉ် စီးမယ့်ဒေါက်ဖိနပ်တွေကို သုံးလက်မအမြင့်ထက် မပိုပါစေနဲ့။ ဒါ့အပြင် ရုံးရောက်တဲ့အခါမှာ စီးဖို့ ဒေါက်နိမ့်ဖိနပ်လေးတွေကို ဆောင် ထားပါ။

၎။ ရှူးဖိနပ်အပါး


ရှူးဖိနပ်အပါးတွေကလည်း သင့်ခြေထောက်ကို ပျက်စီးစေနိုင်ပါတယ်။ ဘာ ကြောင့်လဲဆိုတော့ သူတို့က ခြေဖဝါးအောက်က အခုံးကို ထောက်ပံ့မှု ပေးမထားတဲ့အ တွက် ခြေဖဝါးအရွတ်တွေပေါ်မှာ ဖိအားသက်ရောက်နိုင်တာကြောင့်ပါ။ ဒီဖိနပ်မျိုး ရှိတာကြောင့် ဒူးခေါင်းနဲ့ ခါးနောက်ကျောနာကျင်နိုင်ပါတယ်။

၅။ ပေါ့ပါးလွန်းပြီး ပျော့ပျောင်း သည့် လမ်းလျှောက်ဖိနပ်


လမ်းလျှောက်တဲ့အခါ၊ ပြေးတဲ့အ ခါမှာ လမ်းလျှောက်ဖိနပ်လိုမျိုးကို စီး ကြရပါတယ်။ ဒါပေမဲ့ ဒီဖိနပ်တွေကို နေ့ စဉ်စီးတဲ့အခါမှာ သင့်အနေနဲ့ ပေါ့ပေါ့ပါး ပါးနဲ့ သက်သောင့်သက်သာရှိနိုင်ပေမယ့် သူတို့က ပျော့ပျောင်းလွန်းပြီး ကွေးနိုင် ဆန့်နိုင်အားကောင်းတာကြောင့် ခြေ ထောက်ထိခိုက်ပျက်စီးနိုင်ပါတယ်။ လမ်း လျှောက်ဖိနပ်စီးတဲ့အခါမှာ အောက်ခြေ မာကျောတဲ့ဖိနပ်မျိုးကို ရွေးချယ်သင့်ပါ တယ်။
၆။ ခုံမြင့်ဖိနပ်


ခုံမြင့်ဖိနပ်တွေက ကွေးညွတ်နိုင် စွမ်းမရှိဘဲ တောင့်တင်းလွန်းတာကြောင့် နေ့စဉ်စီးဖို့ မသင့်တော်ပါဘူး။ ကျွန်မတို့ ခြေဖဝါးတွေက လမ်းလျှောက်တဲ့အ ခါမှာ ကွေးနိုင်ဖို့ လိုအပ်တာကြောင့်ပါ။ ဖိနပ်ဆိုတာက ခြေထောက်ရဲ့ ရွေ့လျားမှု ကို အလိုက်သင့် ပြုလုပ်ပေးရတာဖြစ်ပြီး ဒီခုံမြင့်ဖိနပ်တွေကတော့ ဒီဖြစ်စဉ်နဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ ဒါ့အပြင် ဒီ ဖိနပ်မျိုးစီးတာကြောင့် လမ်းလျှောက်တဲ့ mနခ့ညေငျာ ကို ပျက်စီးနိုင်ပါတယ်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal