ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ဖယ်ရှားနိုင်သောဖျော်ရည်

အခုဖော်ပြပေးမယ့် ဖျော်ရည်ကတော့ အူထဲမှာရှိတဲ့ အဆိပ်အတောက်၊ အညစ် အကြေးတွေကို သဘာဝနည်းလမ်းအတိုင်း ဖယ်ရှားပေးနိုင်တဲ့အတွက် ခန္ဓာကိုယ်ထဲမှာ ပြည့်လျှံနေတဲ့အဆိပ်အတောက်တွေလည်း သန့်စင်သွားနိုင်ပါတယ်။

လိုအပ်သောပစ္စည်း

– သခွားသီး တစ်လုံးရဲ့ တစ်ဝက်
– ပန်းသီး တစ်လုံး
– နာနတ်သီး တစ်ဝက်
– ရှားစောင်းလက်ပပ်တစ်ရွက်ရဲ့ တစ်ဝက်
– ရှောက်ချိုသီး တစ်လုံး
– ရေတစ်ဖန်ခွက်

ပြုလုပ်နည်း

– သခွားသီးတစ်လုံးကို တစ်ဝက်ပိုင်းပြီး ရေဆေးပါ။ ပြီးရင် အတုံးသေးသေးတုံး ပါ။ သခွားသီးမှာ ဗီတာမင် စီ တွေ ပေါကြယ်ဝစွာ ပါဝင်ပြီး အဆီဖယ်ရှားဖို့ ကူညီနိုင်ပါ တယ်။

– ပန်းသီးတစ်လုံးကို ယူပါ။ အနီရောင် ဒါမှမဟုတ် အစိမ်းရောင်ပန်းသီး ကြိုက်နှစ် သက်ရာ အသုံးပြုနိုင်ပါတယ်။ ပန်းသီးကို အခွံနွှာပြီး လေးစိတ်စိတ်ပါ။ အထဲက အူ တိုင်ကို ဖယ်ရှားပါ။ ပန်းသီးမှာ ပက်ပ်တင်တွေ များစွာပါဝင်ပါတယ်။ ပက်ပ်တင်ဟာ အူလှုပ်ရှားမှုကို ကောင်းမွန်နိုင်ပြီး အဆိပ်အတောက်တွေကို စုပ်ယူကာ ခန္ဓာကိုယ်ထဲ ကနေ စွန့်ထုတ်ဖို့ ကူညီပေးပါတယ်။ သူက အစာဆာလောင်မှုကိုလည်း လျော့နည်း နိုင်တဲ့အတွက် ကိုယ်အလေးချိန်ကျဆင်းဖို့ ကူညီနိုင်ပါတယ်။

– နာနတ်သီးကို အခွံခွာပြီး မျက်စိတွေကို ဖယ်ရှားပါ။ တစ်ဝက်ကို ယူပြီး အတုံး ငယ်လေးတွေ တုံးထားပါ။ နာနတ်သီးမှာ အမျှင်ဓာတ်တွေ များစွာပါဝင်တဲ့အတွက် အူမကြီးသန့်စင်ဖို့ အလွန်သင့်တော်ပါတယ်။

– ရှားစောင်းလက်ပပ်အရွက်တစ်ဝက်ကို ယူပြီး အခွံနွှာကာ အထဲက အနှစ်တွေကို ထုတ်ယူပါ။ ရှားစောင်းလက်ပပ်အနှစ်က ရောင်ရမ်းမှုကို လျော့ကျအောင် ကူညီနိုင် ပြီး ဝမ်းပျော့စေနိုင်တဲ့ ဂုဏ်သတ္တိရှိကာ ခန္ဓာကိုယ်အတွင်းက ကိုလက်စထရောတွေကို ဖယ်ရှားပေးပါတယ်။

– သခွားသီး၊ ပန်းသီး၊ နာနတ်သီးနဲ့ ရှားစောင်းလက်ပပ်အနှစ်ကို ကြိတ်စက်ထဲ ထည့်ပါ။ ပြီးရင် ရှောက်ချိုသီးတစ်လုံးကို အရည်ညှစ်ထည့်ပါ။ ရိုးရိုးရေ ၂၀၀ မီလီ လီတာ (ရေတစ်ခွက်စာ)ထည့်ပြီး အားလုံးသမအောင် မွှေလိုက်ပါ။

– အားလုံးပြီးရင် ဖန်ခွက်ထဲထည့်ကာ သုံးဆောင်နိုင်ပါပြီ။

– ဒီအူမကြီးသန့်စင်ရည်ကို သောက်သုံးနေစဉ်အတွင်း တစ်နေ့ကို ရေရှစ်ဖန်ခွက် လောက်သောက်ဖို့ မမေ့ပါနဲ့။ တစ်ပတ်အကြာမှာ ခန္ဓာကိုယ်အတွင်း အဆိပ်အတောက် တွေ သန့်စင်သွားတာကို အံ့ဩဖွယ်ရာတွေ့မြင်ရပါလိမ့်မယ်။
ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal