ခန္ဓာကိုယ်ရဲ့သတိပေးလက္ခဏာတွေကို ဘယ်လိုသိနိုင်မလဲ

ခန္ဓာကိုယ်က လိုအပ်ချက်တစ်ခုခုရှိလာတဲ့အခါ ပြောင်းလဲမှုတစ်စုံတစ်ရာကို ပြပြီး သတိပေးလေ့ရှိပါတယ်။ အဲဒီသတိပေးလက္ခဏာတွေကို ကျွန်မတို့တွေ သတိ မထားမိတာကြောင့် မသိလိုက်တဲ့အခါမျိုးမှာ ရောဂါကို စောစောစီးစီးကုသမှုခံယူပြီး ပျောက်ကင်းနိုင်တဲ့ အခြေအနေမျိုးကို ကျော်လွန်သွားတတ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ရဲ့သတိပေးလက္ခဏာတွေကို သိရှိစေဖို့ ရေးသားလိုက်ပါတယ်။

အရေပြား သို့မဟုတ် နှုတ်ခမ်း ခြောက်ခြင်း
သတိပေးလက္ခဏာ – ရေဓာတ်ခန်း ခြောက်တာ ဖြစ်နိုင်ပါတယ်
ဒီလိုဖြစ်တာက ချွေးဂလင်းတွေရဲ့ လုပ်ငန်းဆောင်တာကို ထိခိုက်စေတဲ့ သိုင်းရွိုက်ဟော်မုန်းချို့တဲ့တာနဲ့ ဆီးချို သွေးချိုရောဂါတွေရဲ့ လက္ခဏာတစ်ရပ် လည်း ဖြစ်နိုင်ပါတယ်။ သိုင်းရွိုက်ဟော် မုန်းချို့တဲ့ တဲ့အခါ တခြားတွဲဖက်ခံစား ရတတ်တဲ့ လက္ခဏာတွေက ချမ်းနေ တတ်တာ၊ ကိုယ်အလေးချိန် မြင့်တက် တာနဲ့ နုံးချည့်ညောင်းညာတာတို့ ဖြစ် တတ်ပါတယ်။ ဆီး ချိုရောဂါဖြစ်တဲ့အခါ နောက်ထပ်ခံစားရနိုင်တာတွေက ရေ ဆာလွန်းတာ၊ ဆီးမကြာခဏ သွားတာနဲ့ အမြင်ဝေဝါးတာတို့ ဖြစ်ပါတယ်။

မျက်နှာအမွေးများ ထူထဲခြင်း
သတိပေးလက္ခဏာ – POS လက္ခဏာ ဖြစ်နိုင်ပါတယ်
POS ဆိုတာ အမျိုးသမီးတွေမှာ သားဥအိမ်ကနေ သားဥမကြွေနိုင်ဘဲ ရေ အိတ်ငယ်လေးတွေ ဖြစ်တည်လာတဲ့ ဟော်မုန်းဆိုင်ရာ ရောဂါစုဖြစ်ပြီး မေးရိုး၊ ပါးနဲ့အပေါ်နှုတ်ခမ်းတစ်လျှောက်မှာ မလို လားအပ်တဲ့ အမွေးတွေ ပေါက်တတ်ပါ တယ်။

မျက်အိတ်ဖောင်းခြင်းနှင့် မျက် အိတ်တွဲကျခြင်း
သတိပေးလက္ခဏာ – နာတာရှည် ဓာတ် မတည့်ရောဂါခံစားနေရတာဖြစ်နိုင်ပါတယ်
မျက်လုံးတွေ ပင်ပန်းနွမ်းနယ်ကာ နီမြန်းနေတာက ဓာတ်မတည့်တဲ့အခါ ဖြစ်တတ်တဲ့လက္ခဏာပါ။ မျက်လုံးတစ် ဝိုက်မှာရှိတဲ့ အရေပြားက ထိလွယ်ရှ လွယ်တာကြောင့် မျက်အိတ်ဖောင်းအစ် တာနဲ့ မျက်အိတ်တွဲကျတာတွေပါ ဖြစ် ပေါ်တတ်ပါတယ်။

မျက်ခွံပေါ်ကအဝါရောင်အစက်များ
သတိပေးလက္ခဏာ – ကိုလက်စထရော မြင့်တက်နေတာ ဖြစ်နိုင်ပါတယ်
မျက်ခွံပေါ်မှာ ကိုလက်စထရောတွေ ပြည့်နေတဲ့ အလုံးလေးတွေကို Xanthe­las­mata လို့ခေါ်ပြီး နှလုံးရောဂါ ဖြစ်နိုင် ခြေမြင့်မားတဲ့ အခြေအနေမျိုးလည်း ဖြစ်ပါတယ်။ လူနာပေါင်းတစ်သောင်း ကျော်ကို လေ့လာခဲ့ရာမှာ ၄ ရာခိုင်နှုန်း က မျက်ခွံပေါ်အဝါရောင် အစက်လုံး တွေတွေ့ရ ပြီး သူတို့ရဲ့ ၇၀ ရာခိုင်နှုန်းမှာ သွေးကြောတွေပိုမိုမာကျောနေပြီး နောင် နှစ်အနည်းငယ်အတွင်းမှာ နှလုံးရောဂါ ဖြစ်နိုင်ခြေ ၅၀ရာခိုင်နှုန်း ပိုများတာတွေ့ ရပါတယ်။

မျက်နှာ ဘယ်၊ ညာ မညီခြင်း
သတိပေးလက္ခဏာ – လေဖြတ်တာရဲ့ ပထမဆုံးလက္ခဏာ ဖြစ်နိုင်ပါတယ်
လူနာတွေရဲ့ မျက်နှာ တစ်ခြမ်းနဲ့ တစ်ခြမ်းမတူညီဘဲ တစ်ခြမ်းက ထုံတာ၊ အပြည့်အဝ မပြုံးနိုင်တာ၊ စကားပြောရ ခက်ခဲတာ စတာတွေ ဖြစ်နေရင် လေ ဖြတ်တာရဲ့ ဦးဆုံးလက္ခဏာရပ်တစ်ခု ဖြစ်နေနိုင်ပါတယ်။

အရေပြားအရောင်မညီခြင်း
သတိပေးလက္ခဏာ – ပြဿနာ တစ်ခုခု ရှိတာ ဖြစ်နိုင်တယ်
အရေပြားအရောင်က မသိသာတဲ့ ပြောင်းလဲမှုတွေ ရှိနေရင်တောင် ပြဿ နာတစ်ခုခုရှိနေပြီလို့ ဆိုနိုင်ပါတယ်။ အရေပြားအရောင် ဖျော့တော့နေရင် သွေးအားနည်းရောဂါရဲ့ လက္ခဏာဖြစ် နိုင်ပြီး အဝါရောင်သန်းနေပါကအသည်း ရောဂါကြောင့် ဖြစ်နိုင်ခြေရှိပါတယ်။ နှုတ်ခမ်းနဲ့ လက်သည်းတွေ အပြာရောင် သမ်းနေရင်တော့ နှလုံးနဲ့အဆုတ်မှာ ပြ ဿနာတစ်ခုခုရှိနေတာကို ဖော်ပြနေတဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။

အနီကွက်များ
သတိပေးလက္ခဏာ – ခုခံအားစနစ်ဆိုင် ရာ ပြဿနာဖြစ်နိုင်ပါတယ်
အရေပြားမှာ ယားယံတဲ့ အနီစက် တွေ၊ အကွက်တွေ၊ အဖုလေးတွေ အစု လိုက်ပေါ်လာတာက ခန္ဓာကိုယ်ခုခံအား စနစ်က ပြန်တိုက်တဲ့လက္ခဏာရပ်ပါ။ မျက်နှာပေါ်မှာလိပ်ပြာပုံစံ အနီကွက် တွေပေါ်လာတာက Lကစကျ လို့ခေါ်တဲ့ ခန္ဓာကိုယ်ခုခံအားစနစ်က ပြန်တိုက်တဲ့ ရောဂါကြောင့်ပါ။ ဓာတ်မတည့်တာ၊ နှင်း ခူနဲ့ ကူးစက်ပိုးဝင်တာတွေကြောင့်လည်း မျက်နှာမှာ အနီစက်တွေ ထွက်အောင် လှုံ့ဆော်တတ်ပါသေးတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *