ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုစီတိုင်း ကျန်းမာအောင် ဘယ်လိုစားသောက်မလဲ

ခန္ဓာကိုယ်မှာ အစိတ်အပိုင်းတချို့ က ကျန်းမာပြီး တချို့အစိတ်အပိုင်းတွေ က မကျန်းမာဘူးဆိုတာမျိုး မရှိစေဘဲ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း တစ်ခုစီတိုင်း ကျန်းမာနေဖို့အတွက် အောက်ပါအချက် တိုင်းကို လိုက်နာဆောင်ရွက်ဖို့ လိုပါ တယ်။

မျက်စိအတွက် – ဟင်းသီးဟင်းရွက် အရောင် စုံအောင်စားပါ
အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက် တွေဖြစ်တဲ့ ဟင်းနုနယ်၊ မုန်ညင်း၊ ကိုက် လန်၊ အရောင်စုံတဲ့ ဟင်းသီးဟင်းရွက် တွေဖြစ်တဲ့ ကန်စွန်းဥ၊ မုန်လာဥ၊ ရွှေဖရုံ သီး စတာတွေ စားပေးပါက သံဓာတ်၊ ဘီ တာကယ်ရိုတင်း၊ ဖောလိတ်၊ ကယ်လ်စီ ယမ် စတဲ့ဓာတ်တွေ ရရှိစေပါတယ်။ ဒါ့အ ပြင် လူတင်ဓာတ်ကိုလည်း ရရှိစေလို့ အသက်ကြီးတာနဲ့ ဆက်စပ်နေတဲ့ အမြင် ခံလွှာက မက်ကူလာပျက်စီးပြီး မျက်စိအ တွင်းတိမ်ရောဂါမဖြစ်အောင် ကာကွယ် နိုင်ပါတယ်။

နှလုံးအတွက် – ငါးစားပါ
ဆယ်လ်မွန်ငါး၊ မက်ကရယ်ငါးလို အိုမီဂါ-၃ အဆီကြွယ်ဝတဲ့ ငါးတွေ စားသုံးတာက နှလုံးကျန်းမာစေပြီး ရော ဂါတွေမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ကိုယ်တွင်းရောင်ရမ်းမှုတွေကို လျှော့ချ ပေးပြီး နှလုံးရဲ့စွမ်းဆောင်ရည်ကို ပိုမို ကောင်းမွန်စေပါတယ်။ ငါးမကြိုက်လို့ မစားဖြစ်ရင် အခွံမာတဲ့ အစေ့အဆန်တွေ ကိုလည်း စားပေးနိုင်ပါတယ်။

သွေးကြောအတွက် – သလဲသီး စားပါ
သလဲသီးဖျော်ရည်က ခန္ဓာကိုယ်ထဲ မှာ ရောင်ရမ်းမှုတွေကို လျော့နည်းစေလို့ သွေးကြောရောဂါတွေ မဖြစ်ပွားအောင် ကာကွယ်တားဆီးပေးပါတယ်။ သလဲသီး ဖျော်ရည်ကို သောက်သုံးတာကြောင့် သွေးကြောတွေ ကျန်းမာစေတဲ့အပြင် သက်ကြီးအရေးကြောင်းတွေ မဖြစ် အောင်လည်း ကာကွယ်နိုင်ပါတယ်။

ဦးနှောက်အတွက် – ဘယ်ရီသီးစားပါ
သဘာဝအတိုင်း ချိုမြိန်တဲ့ ဘယ်ရီ သီးတွေမှာ အင်တီအောက်ဆီးဒင့်ဖြစ် တဲ့ ဗီတာမင်စီတွေ များစွာပါဝင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ထဲ ရောဂါပိုးမွှားတွေ မဝင်အောင် တိုက်ထုတ်နိုင်တဲ့အပြင် ဦး နှောက်ကျန်းမာရေးကိုလည်း တိုးတက် ကောင်းမွန်စေပါတယ်။

စိတ်ကျန်းမာရေးအတွက် – အညိုရောင် ချောကလက်စားပါ
အညိုရောင်ချောကလက်မှာ ကို ကိုး ၇၅ ရာခိုင်နှုန်းနဲ့အထက် ပါဝင်တာ ကြောင့် နေ့စဉ်အနည်းငယ်စီ စားသုံးပါ က သွေးတွင်းမကောင်းတဲ့ ကိုလက်စထ ရောအဆီတွေ လျော့နည်းသွားစေလို့ သွေးကြောပိတ်ဆို့မှုမရှိအောင် ကာ ကွယ်နိုင်ပါတယ်။ ဒါ့အပြင် စိတ်ခံစားမှု ကောင်းစေတဲ့ ဟော်မုန်းထွက်ရှိတာ ကြောင့် စိတ်ဖိစီးမှုတွေ လျော့နည်းပြီး စိတ်ရောဂါတွေကနေ ကင်းဝေးစေပါ တယ်။

ကိုယ်တွင်းစနစ်သန့်စင်ဖို့အတွက် – ပဲအမျိုး မျိုး စားသုံးပါ
ပဲအမျိုးမျိုးဟာ ကျန်းမာရေးနဲ့ ညီ ညွတ်တဲ့ ပရိုတင်းဓာတ်တွေ ပါဝင်တဲ့ အပြင် နှလုံးကျန်းမာစေတဲ့ အမျှင်ဓာတ် တွေလည်း များစွာပါဝင်လို့ ကိုယ်တွင်းစ နစ်တွေရဲ့ လုပ်ဆောင်ချက်ကို ကောင်း မွန်အောင် လုပ်ဆောင်နိုင်ဖို့ ကူညီပေးပါ တယ်။ ပဲအမျိုးမျိုးကနေ ဗီတာမင် ဘီ အုပ်စုကို အများအပြားရရှိနိုင်တာကြောင့် နှလုံးရောဂါတွေမဖြစ်အောင် ကာကွယ် နိုင်ပြီး စိတ်ဖိစီးမှုတွေကိုလည်း လျော့ နည်းစေပါတယ်။

ကင်ဆာရောဂါကာကွယ်ဖို့အတွက် – ခရမ်း ချဉ်သီးစားပါ
ရဲရဲနီတဲ့ အနီရောင် ခရမ်းချဉ်သီးမှာ လိုင်ကိုပင်းဓာတ်တွေ များစွာပါဝင်လို့ ကင်ဆာရောဂါအမျိုးမျိုးရဲ့ ဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချပေးပါတယ်။ လေ့ လာမှုတွေအရ ခရမ်းချဉ်သီးကို ချက်ပြီး စားတာက အစိမ်းစားတာထက် လိုင်ကို ပင်းဓာတ်ကို ပိုမိုရရှိစေပါတယ်။ လိုင်ကို ပင်းက ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုတွေ ကို လျှော့ချပေးလို့ ကင်ဆာရောဂါဖြစ်နိုင် ခြေကို လျော့နည်းစေတာ ဖြစ်ပါတယ်။

အူမကြီးအတွက် – ကြက်သွန်ဖြူ စားပါ
အိမ်တိုင်းမှာ ဟင်းလျာတွေ ချက် ပြုတ်တဲ့အခါ ကြက်သွန်ဖြူ ထည့်ချက် တတ်ပါတယ်။ ကြက်သွန်ဖြူမှာ အင်တီ အောက်ဆီးဒင့်တွေ များစွာပါဝင်လို့ စား သုံးရာမှာ အနံ့အရသာ ပြည့်စုံရုံတင်မက ဘဲ အူမကြီးမှာ အကျိတ်ဖြစ်နိုင်ခြေကို လည်း လျော့နည်းစေပါတယ်။ ကြက် သွန်ဖြူကို အစိမ်းအတိုင်းစားသုံးဖို့ ဖြစ် စေ၊ ဟင်းလျာထဲမှာ ထည့်ချက်တာဖြစ်စေ မသုံးစွဲခင်မှာ အခွံနွှာ၊ ကြိတ်ခြေပြီး ခဏ လောက် လေသလပ်ခံပါ။ လေထဲက အောက်ဆီဂျင်နဲ့ ဓာတ်ပြုပြီးမှ စားသုံးမယ် ဆိုရင် အာနိသင်ပိုမိုရရှိတာကြောင့်ပါ။

ဆီးအိတ်အတွက် – ပန်းဂေါ်ဖီစိမ်း စားပါ
တချို့တွေက အစိမ်းရင့်ရောင်ဟင်း သီးဟင်းရွက်စားတယ်ဆိုပေမယ့် ပန်း ဂေါ်ဖီစိမ်းစားသုံးဖို့ မကြိုက်နှစ်သက်သူ တွေလည်း ရှိတတ်ကြပါတယ်။ တကယ် တော့ ပန်းဂေါ်ဖီစိမ်း စားသုံးတာက ခန္ဓာကိုယ် ကျန်းမာစေဖို့ အထောက်အကူ အများကြီး ဖြစ်စေပါတယ်။ ပန်းဂေါ်ဖီစိမ်း ကို အသုပ်သုပ်စားတာဖြစ်စေ၊ ချက်ပြုတ် ကြော်လှော်ပြီးဖြစ်စေ၊ စွတ်ပြုတ်ထဲ ထည့်သောက်တာဖြစ်စေ ကြိုက်နှစ်သက် သလို ပြုလုပ်ပြီး စားသုံးနိုင်ပါတယ်။ ပန်း ဂေါ်ဖီစိမ်းကို မကြာခဏ စားသုံးတာ ကြောင့် ဆီးအိမ်ကင်ဆာမဖြစ်အောင် ကာကွယ်နိုင်စွမ်း ရှိပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *