ခန္ဓာကိုယ်အတွက်ဘာတွေဖြည့်စွက်ပေးဖို့လိုလဲ

ခန္ဓာကိုယ်မှာ လိုအပ်တဲ့အာဟာရတွေ ပြည့်စုံလုံလောက်အောင် မရရှိနိုင်တဲ့အခါ ပြင်ပကနေ ဖြည့်စွက်ပေးဖို့လိုအပ်ပါတယ်။ ဘယ်လို အရာတွေကို ဖြည့်စွက်ပေးဖို့လိုနေပြီလဲ . . .

ဆီလီနီယမ်
ခန္ဓာကိုယ်က ဆီလီနီယမ်ဓာတ်ကို အနည်းငယ်လိုအပ်ပါတယ်။ ဆီလီနီယမ် ကို အသား၊ ပင်လယ်စာ၊ ကြက်ဥနဲ့ ပေါင် မုန့်တွေကနေ ရရှိနိုင်ပါတယ်။ ဆီလီနီ ယမ်တစ်နေ့ကို ၂၀၀ မိုက်ခရိုဂရမ်မှီဝဲပါ က အမျိုးသားတွေမှာ ဆီးကျိတ်ကင်ဆာ၊ အဆုတ်ကင်ဆာနဲ့ အူမကြီးကင်ဆာဖြစ် ပွားနိုင်ခြေတွေကို လျော့နည်းစေတယ်လို့ သုတေသနတချို့မှာ တွေ့ရှိခဲ့ပါတယ်။

Tip
အမျိုးသားတွေမှာ ဖြစ်တဲ့ ဆီးကျိတ် ကင်ဆာရောဂါ ကာကွယ်နိုင် တယ်ဆိုတာ သုတေသနတွေအရ အတိ အကျမသိနိုင်သေးပေမယ့် နေ့စဉ်လိုအပ် တဲ့ ဆီလီနီယမ်ပမာဏကို ပြည့်ဝအောင် စားသုံးသင့်ပါတယ်။

ပိုတက်စီယမ်
ပိုတက်စီယမ်က သွေးဖိအားကို လျော့နည်းစေပြီး နှလုံးခုန်မမှန်တာနဲ့ သွေးတွင်း ဆိုဒီယမ်ဓာတ်များတာတွေကို လျော့နည်းသွားစေပါတယ်။ ငှက်ပျော သီး၊ ဆီးသီးခြောက်၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်၊ လိမ္မော်သီးနဲ့ နို့တွေ ကနေ ပိုတက်စီယမ်ကိုရရှိနိုင်ပါတယ်။

Tip
ပိုတက်စီယမ် ဖြည့်စွက်သောက် သုံးဖို့ဆိုတာကတော့ ဆရာဝန်ရဲ့ညွှန်ကြား ချက်မရှိဘဲ သောက်သုံးဖို့မသင့်ပါဘူး။ ခန္ဓာကိုယ်ထဲမှာ ပိုတက်စီယမ်တွေများပါက အသက်ကြီးသူတွေနဲ့ ကျောက်ကပ်ရောဂါ ရှိသူတွေမှာ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

ဗီတာမင် C
အချဉ်ဓာတ်ရှိတဲ့ သစ်သီးတွေ၊ ဘယ်ရီသီး၊ ပန်းဂေါ်ဖီစိမ်း၊ ငရုတ်သီးစိမ်း စတာတွေကနေ ဗီတာမင်C ကို ရရှိနိုင်ပါ တယ်။ ဗီတာမင် ဃ စားသုံးပါက အအေး မိနှာစေးဖြစ်တာတွေကနေ ကာကွယ်နိုင် ပါတယ်။ သုတေသနတစ်ခုမှာတော့ ဗီတာမင်စီက အအေးမိနှာ စေးဝေဒနာ တွေ ဖြစ်ပွားတဲ့ရက် တိုစေတယ်လို့တွေ့ရှိ ခဲ့ပါတယ်။

Tip
ဗီတာမင် C ကို သက်တမ်း တစ်လျှောက်လုံးမှာ နေ့စဉ်လုံလောက်စွာ စားသုံးဖို့လိုပါတယ်။ အထူးသဖြင့် ဆေး လိပ်သောက်သူ၊ ဆေးလိပ်မသောက်ရင် တောင် ဆေးလိပ်ငွေ့ကို တစ်ဆင့်ခံရှူ ရှိုက်ရတာကြောင့် ဗီတာမင် ဃ ကို သောက်သုံးဖို့ လိုအပ်ပါတယ်။

ဗီတာမင် D
ဗီတာမင် D က အရိုးတွေကို သန် မာစေတဲ့ ကယ်လ်စီယမ်စုပ်ယူမှုကိုကူညီ ပေးပါတယ်။ ဗီတာမင် D ကို နေရောင် ခြည်ကနေရရှိနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ ဗီတာမင် D ချို့တဲ့ပါက လူကြီးတွေမှာ အရိုးပါးရောဂါနဲ့ ကလေးတွေမှာ အရိုး ပျော့ရောဂါ ဖြစ်ပွားနိုင်ခြေများပါတယ်။ တချို့လေ့လာမှုတွေမှာ ဗီ တာမင် D က အမျိုးအစား ၁ နဲ့ ၂ ဆီးချိုသွေးချိုရော ဂါဖြစ်ပွားနိုင်ခြေကိုလည်း လျော့နည်းစေ တယ်လို့ တွေ့ရှိခဲ့ပါတယ်။

Tip
မနက်ခင်း နေခြည်နုနုကိုခံယူ ပြီး ဗီတာမင် D ကို ရရှိနိုင်ပါတယ်။ ဗီ တာမင် D ဖြည့်စွက်ထားတဲ့ တချို့ အစားအစာတွေကနေလည်း ရရှိနိုင်ပါ တယ်။ သင်က နေရောင်ခြည်နဲ့ ထိတွေ့ မှုမရှိတာ၊ အသက် ၅၀ ကျော် အရွယ်တွေ နဲ့ အသားအရောင်ရင့်သူတွေ အနေနဲ့ ဗီတာမင် D ဖြည့်စွက်ဆေးကိုသောက်သုံးသင့်ပါတယ်။

ဗီတာမင် E  
ဗီတာမင် E က အင်တီအောက်ဆီး ဒင့်ဖြစ်ပြီး နှလုံးရောဂါဖြစ်ပွားမှုမှ ကာ ကွယ်ပေးပါတယ်။ ဗီတာမင် E က အ သားအရေကို တင်းရင်းစေတဲ့ ကိုလာဂျင် ထုတ်လုပ်မှုကို အားပေးတာကြောင့် အ ရေးကြောင်းတွေ ဖြစ်ပေါ်မှုမှလည်း ကာ ကွယ်ပေးပါတယ်။

Tip
ဗီတာမင် E ကို ဖြည့်စွက်မ သောက်သုံးချင်ပါက အစားအစာတွေ ကနေ ရရှိအောင် စားသုံးပါ။ နေကြာစေ့၊ မြေပဲ၊ ကြက်ဥ၊ ဗီတာမင် န ဖြည့်စွက် ထားတဲ့ အစားအစာ၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင် E ပေါများစွာပါဝင်ပါတယ်။ အဲဒီအစား အစာတွေကို ချက်ပြုတ်ကြော်လှော်လိုက် တဲ့အခါ ဗီတာမင် အီးရရှိမှု ပမာဏလျော့ နည်းသွားတတ်တာကိုတော့ သတိပြုဖို့ လိုပါတယ်။

ဖောလစ်အက်စစ်
ကိုယ်ဝန်ဆောင်တွေမှာ ဖောလစ် အက်စစ်ချို့တဲ့ပါက မွေးလာတဲ့ကလေး မှာ အာရုံကြောဆိုင်ရာ ချို့ယွင်းမှုကို ဖြစ် စေပါတယ်။ဖောလစ်အက်စစ်ဖြည့်စွက် ထားတဲ့ ကွေကာ၊ အစိမ်းရင့်ရောင် ဟင်း သီးဟင်းရွက်၊ ပဲအမျိုးမျိုး၊ အချဉ်အရ သာရှိတဲ့ သစ်သီး၊ ပေါင်မုန့် စတာတွေ ကနေ ရရှိနိုင်ပါတယ်။

Tip
ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက် ကျွေး ချိန်တွေမှာ ဖောလိတ်အက်စစ်ကို ပိုမိုလိုအပ်ပါတယ်။

သံဓာတ်
သံဓာတ်ကို အသည်းစတဲ့ ကလီစာ၊ အဆီထုတ်ထားတဲ့အသား၊ အစေ့အဆန်၊ ပင်လယ်စာ စတာတွေကနေ ရရှိနိုင်ပါ တယ်။ သံဓာတ်က သွေးနီဥ ဖြစ်ပေါ်မှုအ တွက်လိုအပ်ပြီး သံဓာတ်ချို့တဲ့ သွေးအား နည်းရောဂါမဖြစ်အောင် ကာကွယ်ပေးပါ တယ်။

Tip

သွေးအားနည်းနေတဲ့ အနေ အထားမှာတော့ ဖြည့်စွက် သောက်သုံးဖို့ လိုအပ်ပါတယ်။ သံဓာတ်က ကိုယ်ဝန် ဆောင် အမျိုးသမီးတွေနဲ့ အပျိုဖော်ဝင်စ ကနေ သွေးမဆုံးခင် အမျိုးသမီးတွေမှာ အဓိက လိုအပ်ပါတယ်။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal