ခန္ဓာကိုယ်အတွက် စားကိုစားသင့်သော စူပါအစားအစာများ

မကြိုက်လို့ မစားတာ၊ ကောင်းကျိုး တွေ မသိလို့ မစားတာ ဆိုတဲ့ဆင်ခြေတွေ နဲ့ အာဟာရပြည့်ဝတဲ့အစာတွေ စားဖို့ ရှောင်လွှဲမနေပါနဲ့တော့။

ဆာဒင်းငါး
ဆာဒင်းငါးမှာ အိုမီဂါ-၃ အဆီ၊ ပရို တင်းနဲ့ ကယ်လ်စီယမ်တွေ များစွာပါဝင် လို့ နေ့လယ်စာ၊ ဒါမှမဟုတ် ညစာမှာ ထည့်စားပေးပါ။

ဥအမျိုးမျိုး
ဥအမျိုးမျိုးမှာ ဗီတာမင် D, A, B12 နဲ့ ဗီတာမင် B အုပ်စုတွေ များစွာပါဝင်တဲ့အပြင် ပရိုတင်းကိုလည်း များစွာ ရရှိနိုင်ပါတယ်။

ဗီတာမင် C
ဗီတာမင် C မှာ အနာကျက်စေတဲ့ အာနိသင်ရှိပြီး အရေပြားပျက်စီးမှုမှ ကာ ကွယ်ပေးပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ခုခံ စွမ်းအားကိုလည်း မြင့်မားစေပါတယ်။

ပဲအမျိုးမျိုး
ပဲအမျိုးမျိုးကနေ အမျှင်ဓာတ်၊ ပရို တင်းတွေ များစွာရရှိစေပြီး သွေးတွင်း သကြားဓာတ်ကို မြင့်မားစေပါတယ်။

သကာရည်
သကြားချက်ရာမှာ ဘေးထွက် ပစ္စည်းတစ်ခုဖြစ်ပြီး ကယ်လ်စီယမ်၊ သံ ဓာတ်၊ မဂ်္ဂနီဆီယမ်၊ မဂ္ဂနိစ်၊ ဆီလီနီယမ် တွေ များစွာပါဝင်ပါတယ်။ သကာရည်က ဆံသားနဲ့ လက်သည်း၊ ခြေသည်းတွေကို တောက်ပြောင်လှပစေပါတယ်။

ကြက်သွန်ဖြူ
ကြက်သွန်ဖြူမှာ ပိုးသတ်အာနိသင် ရှိလို့ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားနဲ့ မှိုပိုး တွေကို သေစေပါတယ်။ ဒါ့အပြင် နှာ ခေါင်း၊ လေပြွန်နဲ့ အဆုတ်ထဲက ချွဲတွေ ကို ရှင်းလင်းပေးပါတယ်။

ပျားရည်
ပျားရည်မှာ ပိုးသတ်အာနိသင်ရှိပြီး လည်ချောင်းနဲ့ အဆုတ်ထဲကို ပိုးမွှားတွေ ၀င်ရောက်မှုမရှိအောင် ကာကွယ်ပေးပါ တယ်။ ပျားရည်ကို အပူပေးပြီး သံပရာ ရည်အနည်းငယ်ထည့်ကာ သောက်ပေး ပါ။

စိမ်းပြာရေညှိ
စိမ်းပြာရေညှိက ခန္ဓာကိုယ်အတွက် ကောင်းကျိုးတွေ များစွာပေးနိုင်လို့ စူပါ အစားအစာလို့တောင် တင်စားခေါ်ဝေါ် နိုင်ပါတယ်။ ဇီဇမ်သင်၊ ဘီတာကယ်ရို တင်းနဲ့ ခရိုမီယမ်တွေ ပါဝင်ပါတယ်။

ချင်း(ဂျင်း)
ချင်း(ဂျင်း)က ကိုယ်ဝန်ဆောင်ချိန် မှာ ဖြစ်တတ်တဲ့ ပျို့အန်တာ၊ ခရီးသွားရင် ဖြစ်တတ်တဲ့ ပျို့အန်တာတွေကို သက် သာစေပါတယ်။ ရောင်ရမ်းမှုတွေကို လျော့နည်းစေပြီး သွေးလှည့်ပတ်မှု ကောင်း စေလို့ အအေးမိတုပ်ကွေးဖြစ်တာကို လည်း သက်သာစေပါတယ်။

◘ နန်းသီရိ (ဆေးဝါး)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *