ခန္ဓာကိုယ်သေးသွယ် ပုညှက်သူများ ရှောင်ရှားသင့်သော ဖက်ရှင်အမှားများ

မိမိရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ လိုက်လျောညီထွေတဲ့အဝတ်အစားကို ဝတ်မှသာလျှင် လူအမြင်မှာ လှပတင့် တယ်နေမှာပါ။ မိမိနဲ့မလိုက်ဖက်တဲ့အ ဝတ်အစားကို ဝတ်ဆင်ခဲ့ရင် ကိုယ်ခန္ဓာ အချိုးအစားက ပိုလို့တောင် ကြည့်ရဆိုး နိုင်ပါတယ်။ အောက်ပါတို့ဟာ သေးသွယ် ပုညှက်သူတွေ ရှောင်ရှားသင့်တဲ့ ဖက်ရှင် တွေပါ။

အလွန်ပွရောင်းနေသော အနွေးထည်ကို ဝတ်ခြင်း

မိမိနဲ့ အဆမတန်ကြီးမားနေတဲ့ အနွေးထည်၊ တီရှပ် ဒါမှမဟုတ် ခေါင်း စွပ်အင်္ကျီတွေ ဝတ်ဆင်တာက သင့်ကို ရှိသင့်တဲ့အရွယ်ထက် ပိုမိုသေးငယ်သလို ဖြစ်စေပါတယ်။ သင်က အဝတ်အထည် ပွပွကို ကြိုက်နှစ်သက်သူဆိုရင် သင်နဲ့ အနည်းငယ်သာ ပွရောင်းတဲ့အနွေး ထည်ကို ရွေးချယ်ပြီး ခါးမှာ ခါးပတ်ပတ် ဝတ်ပါ။

ပွရောင်းနေသော ဘောင်းဘီကို ဝတ်ခြင်း

ခန္ဓာကိုယ်သေးသွယ်ပုညှက်နေသူ တွေအနေနဲ့ ဂျင်းဘောင်းဘီပွပွတွေ ဒါ မှမဟုတ် Bell ဘောင်းဘီတွေက မိမိရဲ့ ဗီဒိုအတွင်းမှာတောင် မရှိသင့်ပါဘူး။ သူ တို့က သင်ရဲ့ ပေါင်၊ ခြေထောက်တွေကို ဖုံးကွယ်ထားနိုင်တာကြောင့်ပါ။ ကိုယ်နဲ့ အနေတော်ဖြစ်တဲ့ ဘောင်းဘီ ဒါမှမ ဟုတ် အောက်ပိုင်းကျပ်တဲ့ဘောင်းဘီ မျိုးဝတ်ဆင်ပါ။ ဘောင်းဘီပွပွဝတ်ချင် ရင် ဒေါက်မြင့်ဖိနပ်စီးပါ။

အလွန်ကြီးမားသော အိတ်ကို ကိုင်ခြင်း

မိမိနဲ့ အလွန်ပွတဲ့အင်္ကျီ၊ ဘောင်းဘီ တွေ ဝတ်သလိုမျိုးပဲ အလွန်ကြီးမားတဲ့ အိတ်ကို ကိုင်ထားတာက သင့်ကို ပိုပြီး ပုသယောင်ထင်ရပါတယ်။

ဒူးခေါင်းအောက်အထိ ရှည်သော စကတ် သို့မဟုတ် ဂါဝန်ဝတ်ခြင်း

ဒီလောက်အရှည်ရှိတဲ့ စကတ် ဒါမှ မဟုတ် ဂါဝန်ဝတ်တာက သင့်ခြေထောက် ကို ဖုံးကွယ်ထားသလိုဖြစ်ပြီး သင့်ကို ပို ပြီး အရပ်ပုသယောင် ထင်ရစေပါတယ်။ ဂါဝန်၊ စကတ်ဝတ်မယ်ဆိုရင် အရှည်က ဒူးခေါင်းအပေါ်မှာ ရှိရပါမယ်။

လည်ရှည်ဘွတ်ဖိနပ်စီးခြင်း

လည်ရှည်ဘွတ်ဖိနပ်တွေကလည်း သင့်ကို ပိုပုပြီး ပိုသေးသယောင် ထင်ရ စေပါတယ်။ ခြေချင်းဝတ်အမြင့်လောက် သာ ရှိသော ဘွတ်ဖိနပ်ကို စီးပါ။

လည်ပင်းကော်လာပါသော အင်္ကျီဝတ်ခြင်း

ဒီလိုမျိုးအင်္ကျီတွေက သင့်လည် ပင်းကို ဖုံးကွယ်ထားတဲ့အတွက် သင့်ကို ပိုပြီး ပုသယောင် ထင်ရစေပါတယ်။ ဠျ့စေန လိုမျိုး လည်ပင်းကျယ်ကျယ် အင်္ကျီတွေ ဝတ်ဆင်ပါ။

အမွေးပွကုတ်အနွေးထည် ဝတ်ဆင်ခြင်း

ဆောင်းရာသီမှာ ချမ်းလွန်းတာ ကြောင့် အနွေးထည်ဝတ်ဆင်မယ်ဆိုရင် လည်း အမွေးပွပွအင်္ကျီတွေကို ရှောင် ရှားသင့်ပါတယ်။ ဒီအင်္ကျီတွေက အမြင် မှာ စမတ်ကျလှပပေမယ့် ပုညှက်တဲ့သူ တွေနဲ့ မသင့်တော်လှပါဘူး။ ပိုပြီး သေး သွားသယောင် ထင်ရနိုင်ပါတယ်။

ထိပ်ဝိုင်းရှူးဖိနပ်စီးခြင်း

ပုညှက်သေးသွယ်သူတွေက များ သောအားဖြင့် ခြေထောက်ကလည်း သေးသေးသွယ်သွယ်လေး ဖြစ်နေတတ် ပါတယ်။ ထိပ်ဝိုင်းရှူးဖိနပ်စီးတာက သင့် ကို ပိုသေးသယောင်ထင်ရတဲ့အတွက် ထိပ်ချွန်ဒေါက်မြင့်ဖိနပ်ကိုသာ စီးသင့်ပါ တယ်။

ဆံပင်အရှည်ထားခြင်း

အရပ်မြင့်သယောင် အထင်ခံချင် ရင် ဆံပင်တိုထားတာ အကောင်းဆုံးပါ။ ဆံပင်ရှည်ထားချင်တယ်ဆိုရင် ဆံပင် စည်းထားတာ ဒါမှမဟုတ် ဆံထုံးထုံးတာ လိုမျိုးတွေ ပြုလုပ်သင့်ပါတယ်။

နေကာမျက်မှန်ကြီးကြီး တပ်ဆင်ခြင်း

နေကာမျက်မှန်ဝတ်ဆင်ရာမှာ သင့် မျက်နှာ၊ သင့်ခန္ဓာကိုယ်အချိုးအစားနဲ့ လိုက်ဖက်ညီမှုရှိတဲ့ အရွယ်အစားမျိုးကို သာ ရွေးချယ်သင့်ပါတယ်။

ကန့်လန့်ဖြတ်အစင်းကြောင်းပါ အင်္ကျီဝတ်ဆင်ခြင်း

နဂိုကတည်းက ပိန်ပိန်ပါးပါးဖြစ်နေ တဲ့အမျိုးသမီးတွေအနေနဲ့ သူတို့ကို ပိုပြီး ပိန်တဲ့အမြင်မျိုးကို အဖြစ်ခံချင်ကြမှာ မဟုတ်ပါဘူး။ ကန့်လန့်စင်းတွေပါဝင်တဲ့ အင်္ကျီတွေက လူကို ပိုပြီး ပုညှက်သေး ငယ်သွားစေပါတယ်။ ဒေါင်လိုက်အစင်း ပါဝင်တဲ့အင်္ကျီကို ဝတ်ဆင်ထားတာက အရပ်ပိုရှည်သယောင် ထင်ရစေပါ တယ်။

ဦးထုပ်ကြီးကြီးဆောင်းခြင်း

သင်နဲ့ အဆမတန်ကြီးမားလွန်းတဲ့ အဝတ်အစားအသုံးအဆောင်တွေက သင်ရဲ့ ဗီဒိုထဲမှာ မရှိသင့်ပါဘူး။ ကြီး မားတဲ့ ဦးထုပ်ဆောင်းတာကလည်း သင့် မျက်နှာကို ဖုံးကွယ်ထားသလိုဖြစ်တဲ့အ တွက် ရှိသင့်တာထက် ပိုပြီးသေးညှက် သွားသလိုဖြစ်သွားနိုင်ပါတယ်။ သေးငယ် တဲ့ ဦးထုပ်နဲ့ Sခမေ် ပဝါတွေသာ သုံး စွဲပါ။

ခါးပတ်ကြီးကြီးပတ်ခြင်း

ခါးပတ်ကြီးကြီးတွေက ခါးကို ဖုံး ကွယ်ထားနိုင်တဲ့အတွက် တင်မရှိသလို ဖြစ်သွားပြီး အရပ်ပိုပုသယောင် ထင်ရ စေပါတယ်။

အပွင့်အဆင်ကြီးကြီးများ ဝတ်ဆင်ခြင်း

အပွင့်အဆင်ကြီးတွေကို ဝတ်ဆင် ထားတာက လူတွေရဲ့ အကြည့်မှာ သင့် မျက်နှာဆီမရောက်ဘဲ အဝတ်အစားကို သာ အာရုံစိုက်မိနေတတ်ပါတယ်။ ဒါ ကြောင့် အဆင်သေးသေးလေးတွေကို သာ ဝတ်ဆင်သင့်ပါတယ်။

 ဒေါက်တာခင်မိုးမိုး 

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *