အသက်ကြီးလာတာတောင် ကြွေရုပ်မျက်နှာလေးတွေကို ပိုင်ဆိုင်ထားတဲ့ ဂျပန်မ လေးတွေရဲ့ အလှအပကို အားကျနေပါသလား။ အခုဖော်ပြပေးမယ့် Mask ပြုလုပ်ပြီး အသုံးပြုကြည့်ပါ။ နှစ်ပတ်အတွင်း အရေးကြောင်းတွေပါးလျပြီး ကြွေသားမျက်နှာလေးကို ပိုင်ဆိုင်ပါလိမ့်မယ်တဲ့။
လိုအပ်သော ပစ္စည်းများ
– ဆန် ထမင်းစားဇွန်း သုံးဇွန်းစာ
– အုန်းဆီ လက်ဖက်ရည်ဇွန်း နှစ်ဇွန်းစာ
– နွားနို့ ထမင်းစားဇွန်း တစ်ဇွန်းစာ
– ပျားရည် ထမင်းစားဇွန်းတစ်ဇွန်းစာ
ဆန်မှာ Squalene နဲ့ Linoleic acid တွေလို အင်တီအောက် ဆီးဒင့်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ Linoleic acid က ကော်လာဂျင် ထုတ်လုပ်ပေးနိုင်ပြီး အရေးကြောင်းတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ Squalene ကတော့ နေရောင်ခြည်ရဲ့ ခရမ်းလွန်ရောင်ခြည်ဖျက်ဆီး မှုကနေ ကာကွယ်ပေးနိုင်ပါတယ်။
အုန်းဆီကတော့ အသားအရေမှာကပ်ငြိနေတဲ့ ကြေးတွေ၊ အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်ကာ ပျားရည်က သဘာဝအစို ဓာတ်ထိန်းခရင်မ်အဖြစ် အသုံးဝင်ပါတယ်။ နွားနို့ကတော့ အသားအရေ ကို အာဟာရဓာတ်ပြည့်ဝစေပြီး လင်းလက်တောက်ပ စိုပြည်မှုကို ပေးစွမ်းပါလိမ့်မယ်။
နောက်ဆုံးမှာ မျက်နှာသန့်စင်ဖို့အတွက် အသုံးပြုရတဲ့ ဆန်ဆေး ရည်ကတော့ အသားအရေအတွက် ကောင်းကျိုးတွေ အများကြီးပါ။ သူက သွေးလှည့်ပတ်မှုကို ကောင်းမွန်စေတာ၊ အစိုဓာတ်ထိန်းပေးတာ၊ အရေးကြောင်းတွေကို လျော့ပါးစေတာလိုမျိုး အစွမ်းရှိပြီး အရေပြား ရောင်အမ်းတာကိုပါ သက်သာစေနိုင်စွမ်းရှိပါတယ်။
ပြုလုပ်နည်း
– ဆန်ကို ရေဆေးပြီး ဆန်ဆေးရည်တွေကို ဖယ်ထားပါ။
– ဒယ်အိုးတစ်ခုထဲမှာ ဆေးပြီးသား ဆန်ကို ၁၀-၁၅ မိနစ်ခန့် ပြုတ်ပါ။
– ပြီးရင် ရေစစ်ပြီး ကြိတ်ခြေပါ။ (ရေအနည်းငယ်ထည့်နိုင်ပါတယ်)
– ကြိတ်ပြီးသား အနှစ်တွေထဲကို ပျားရည်နဲ့ အုန်းဆီ ပါဝင်အချိုးအဆအတိုင်း ပေါင်းထည့်ကာ မွှေပါ။
– ကျိုထားတဲ့ နွားနို့ပူပူ ထမင်းစားဇွန်းတစ်ဇွန်းစာကို အဲဒီထဲ ပေါင်းထည့်ကာ အားလုံးသမအောင် သေချာမွှေပေးပါ။
– အားလုံးပြီးသွားရင် ရလာတဲ့ Mask ကို လေလုံဖန်ပုလင်းတစ်ခုထဲ ထည့်လိုက်ပါ။
အသုံးပြုနည်း
– ခုနကပြုလုပ်ထားတဲ့ Mask ကို မျက်နှာအနှံ့လိမ်းကာ ၁၅ မိနစ်ခန့် ဒါမှမဟုတ် ခြောက်သွေ့အောင်ထားပါ။
– ပြီးရင် ဆန်ဆေးရည်နဲ့ မျက်နှာသစ်လိုက်ပါ။
– နှစ်ပတ်အတွင်း အရေးကြောင်းကင်းစင်ပြီး ကြွေရုပ်မျက်နှာလေးကို ပိုင်ဆိုင် လာပါလိမ့်မယ်။