စက်ဘီးစက်ဖြင့် စက်ဘီးစီးလေ့ကျင့်ခြင်းက ပါကင်ဆန်ရောဂါကို သက်သာစေ

နယ်သာလန်နိုင်ငံ Radboud တက္ကသိုလ်ဆေးရုံရဲ့လေ့လာမှုအရ စက် ဘီးစီးစက်နဲ့ စက်ဘီးစီးလေ့ကျင့်ပေးတာ က ပါကင်ဆန်ရောဂါကို သက်သာစေ တယ်လို့ ဆိုပါတယ်။ ပါကင်ဆန်ရောဂါခံ စားနေရသူတွေကို အုပ်စုနှစ်စုခွဲပြီး တစ် စုကို စက်ဘီးစက်တွေနဲ့ စက်ဘီးစီးလေ့ ကျင့်စေကာ ကျန်တစ်စုကို အကြော လျှော့လေ့ကျင့်ခန်းတွေပြုလုပ်စေကာ ခြောက်လကြာစစ်ဆေးလေ့လာမှုပြုလုပ် ခဲ့ကြတာပါ။ လေ့လာမှုအချိန်ကာလပြီး ဆုံးချိန်မှာ စက်ဘီးစက်နဲ့လေ့ကျင့်ခဲ့သူ တွေက အကြောလျှော့လေ့ကျင့်ခန်းတွေ ပြုလုပ်သူတွေထက် ပါကင်ဆန်ရောဂါ လက္ခဏာတွေ သိသိသာသာပိုပြီး လျော့ ပါးလာတာကို လေ့လာတွေ့ရှိခဲ့ကြတာ ပါလို့ သုတေသနဦးဆောင်သူဘက်စ်ဘ လိုရမ်က ဆိုပါတယ်။ ဆေးအကူအညီ လိုအပ်မှု နည်းပါးလာနိုင်ပြီး ပါကင်ဆန် ရောဂါခံစားရသူတွေဆီမှာ အဆုတ်နဲ့ နှလုံးရောဂါတွေဖြစ်ပွားလာနိုင်ခြေကို လည်း လျော့နည်းသက်သာစေတာကို တွေ့ရှိခဲ့တယ်လို့ သုတေသီဘက်စ်ဘ လိုရမ်က ဆိုပါတယ်။ စက်ဘီးစက်နဲ့လေ့ ကျင့်မှုတွေက ပါကင်ဆန်ရောဂါခံစားရ သူတွေအတွက် အကျိုးတရားတွေရှိလာ စေတာကို သိရှိရထားပြီးဖြစ်ကာ အ သေးစိတ်လေ့လာမှုတွေဆက်လက်လုပ် ဆောင်ကြဦးမယ်လို့ ဘလိုရမ်က ပြော ကြားခဲ့ပါတယ်။

(DN, 19.9.19) သံသာ

Post Author: Good Health Journal